မိမိခြံဝင်းထဲ လူတဦးမှာ မမျှော်လင့်ဘဲ မြေမျိုခြင်း ခံလိုက်ရတဲ့ရုပ်သံ

490

မြေမျိုတယ်ဆိုတာ ကျွန်မတို့ မြန်မာဗုဒ္ဓဘာသာဝင်တွေနဲ့ မစိမ်းတဲ့စကားရပ်တစ်ခုပါပဲ။ မိဘကိုစော်ကားပစ်မှားသူတွေ ရတနာသုံးပါးကို ပစ်မှားသူတွေ မြေမျိုခံရတဲ့ အကြောင်းကို ငယ်စဉ်ကတည်းက ဇာတ်နိပါတ်တွေထဲမှာ လေ့လာမှတ်သားရဖူးကြမှာပါ။

ဒါ့အပြင် ပြင်ပက အဖြစ်အပျက်တချို့ကိုလည်း ကြားဖူးနားဝရှိကြမယ်ထင်ပါတယ်။ အခုတင်ဆက်ပေးထားတဲ့ ဗွီဒီယိုလေးထဲမှာ မြင်တွေ့ရမှာကတော့ တကယ့်ကိုအထူးအဆန်းပါပဲ။ကူဝိတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ မိမိခြံဝန်းအတွင်းမှာနေရင်း ရုတ်တရက်မြေမျိုသွားခဲ့တာဖြစ်ပါတယ်။

ဒီအဖြစ်အပျက်ကို တွေ့မြင်ရသူတိုင်း ဘာလို့လဲ ဘာကြောင့်လဲလို့ အံ့သြထူးဆန်းနေကြသလို Facebook နဲ့ Youtube တစ်ခွင်မှာလည်း သို့လော သို့လော ဖြစ်နေကြတာပါ။

ပရိသတ်ကြီးခည်း ဒီထူးဆန်းတဲ့ဖြစ်ရပ်ဟာ ဘာကြောင့်ဖြစ်ပျက်သွားတာလဲဆိုတာ သိချင်ရင်တော့ဖြင့် ဒီဗွီဒီယိုလေးကို ဖွင့်ကြည့်ကြဖို့ ညွှန်းဆိုချင်ပါတယ်။

Writer -LLA ( Shwe Yaung Lan )


Source-Salman Kham