ကျားဖောင်ပေါ်က ကလေးနှစ်ဦး အိမ်ပြန်ခွင့် ရရေး အလှူခံပါရစေခင်ဗျာ

324

ဒီဇင်ဘာ(၁၀)AlinnMyay(အလင်းမြေ)

ကျားဖောင်ပေါ် ရောင်းစားခံထားရသည့် မောင်ထက်ကို (၁၈) နှစ် နှင့် မောင်ရဲရင့်အောင် ၂၀ နှစ်တို့ကို ပြန်လည်ရွေးယူရန် အခက်အခဲ ဖြစ်နေသော မန္တလေးမြို့က ဈေးစည်ပင်သန့်ရှင်းရေးအလုပ်သမား မိသားစုတို့အား တတ်အားသ၍ ထည့်ဝင်ကူညီ လှူဒါန်းကြပါဦး ခင်ဗျာ~~~~~

ပွဲစားထုတ်ယူသွားသော ငွေနှင့် အပြန်လမ်းစားရိတ် နှစ်ဦးတို့ အတွက် ငွေကြိုလွှဲပေးရမည်ဖြစ်ကြောင်း အကြောင်းကြားလာသောကြောင့် (၅၀၀) တန်သည် (၁၀၀၀) တန်သည် ကုသိုလ်ပြု ပေးလှူ ကူညီပေးကြစေချင်ပါသည်။

လူသားချင်းစာနာသော မြင့်မြတ်စိတ်ထားဖြင့် တတ်နိုင်သူများမှ ကူညီလှူဒါန်းပေးကြပါဦးခင်ဗျာ။ လှူဖို့ အဆင်သင့် မဖြစ်သေးတဲ့ မိတ်ဆွေများက လှူနိုင်သူများ သိအောင် ဒီပို့လေးကို မျှဝေပေးခဲ့ကြပါလို့ AlinnMyay(အလင်းမြေ) မီဒီယာမှ အကူအညီ တောင်းဆိုပါရစေ။

မန္တလေးမြို့၊ အောင်မြေသာဇံမြို့နယ်၊ သီရိမာလာစျေး၊ စည်ပင်လိုင်းခန်းတွင်နေထိုင်ကြသော လူငယ် သူငယ်ချင်း သုံးဦး ၂၀၁၉ နိုဝင်ဘာလ (၁၉) ရက်နေ့မှာ သူငယ်ချင်း သုံးဦးအနက်မှ တစ်ဦးနဲ့ ဆက်စပ်ကာ လူတစ်ဦးမှ အလုပ်ရမည်ပြော၍ ခေါ်ဆောင်သွားကာ ရေးမြို့ အဆင်ရပ်ကွက် မှ တစ်ဆင့် ပင်လယ်ထဲ ကျားဖောင်ပေါ်သို့ ရောက်ရှိခဲ့ပြီး ညှင်းပမ်းနှိပ်စက်မှုဒဏ်နှင့် အလုပ်ကြမ်းများဒဏ်ကို မခံနိုင်ဖြစ်ကာ အတူသွားသူ သုံးဦးအနက်မှ လူငယ်တစ်ဦး ကျန်းမာရေးမကောင်းသဖြင့် ကျားဖောင်ပေါ်မှ ဖုန်းကို ယူလွှတ်လိုက်ပြီး ပြန်လွှတ်၍ အိမ်ပြန်ရောက်ရှိလာခဲ့ပါသည်။

အတူသွားသူ သုံးဦးမှာ မောင်ထက်ကို (၁၈) နှစ် အဖအမည် ဦးသန်းထွန်း၊ မောင်ရဲရင့်အောင် (၂၀) နှစ် အဖ အမည် ဦးချမ်းသာ နှင့် မောင်မျိုးလှိုင်ဝင်း (၂၀)နှစ် အဖအမည် ဦးမြမောင် တို့ဖြစ်ပြီး ယခုအိမ်ပြန်ရောက်လာသူမှာ မောင်မျိုးလှိုင်ဝင်း ဖြစ်ပါတယ်။

အဆိုပါ အိမ်ပြန်ရောက်လာသူ မောင်မျိုးလှိုင်ဝင်းမှ ကြုံတွေ့ခံစားခဲ့ရတဲ့ အဖြစ်အပျက်များအား ပြောပြ၍ ကျန်ခဲ့သူ မောင်ထက်ကို ရဲ့ မိခင်ဖြစ်သူ ဒေါ်ခိုင် နှင့် မိသားစု၊ ကျန်ခဲ့သူ မောင်ရဲရင့်အောင် ရဲ့ မိသားစု နှင့် ဇနီးဖြစ်သူတို့မှ အလွန်စိတ်ပူသောက ရောက်နေကြပါတယ်။

သို့သော်လည်း ကျားဖောင်ပေါ်မှာ ကျန်ခဲ့တဲ့ ဒီကလေးနှစ်ဦး ပြန်လာနိုင်ဖို့ အတွက် ငွေနဲ့ ရွေးယူရမှာဖြစ်ကြောင်း အဆက်အသွယ်လုပ်လာကြောင်း မိသားစုဝင်များမှ ပြောပြ၍ သိရှိရပါသည်။ ဒီကလေးနှစ်ဦး ခေါ်ယူခဲ့တုန်းက ကုန်ကျ စရိတ်များ ပြန်ပို့ဖို့အတွက် ကုန်ကျစရိတ်များ နှင့် ပွဲစားက ငွေကြိုထုတ်ယူသွားတဲ့ ငွေ များကို ပြန်လွှဲပေးနိုင်မှ ဒီကလေး နှစ်ဦးကို ပြန်လွတ်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိမိသားစုများမှာ ဈေးစည်ပင်သန့်ရှင်းရေးအလုပ်သမား မိသားစုများ ဖြစ်ပြီး စားဖို့တောင် အနိုင်နိုင် ဒီငွေ သိန်းနဲ့ချီပြီး လွှဲပေးဖို့ ဘယ်လိုနည်းနဲ့မှ မတတ်နိုင်တဲ့အဆုံး AlinnMyay (အလင်းမြေ) မီဒီယာမှ တဆင့် ကူညီကယ်တင်ပေးလို၍ အခုလို အလှူခံခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိ လှူဒါန်းထားပြီး ရရှိထားသော အလှူငွေမှာ…

မန္တလေးမြို့မှ “ကောင်းမြတ်စံ” သံနှင့် ဘိလပ်မြေ ရောင်းဝယ်ရေးမှ ထောက်ပံ့ အလှူငွေ (၅၀၀၀၀) ငါးသောင်းကျပ် ပထမဆုံးလှူဒါန်းသွားပါတယ်ခင်ဗျာ..။ ဆက်လက်လှူဒါန်းပေးကြပါဦးနော်။

အလှူရှင်များပေါ်ပေါက်လာပါက လည်း ဒီပို့မှာပဲ Edit လုပ်ပြီး ထည့်သွင်း ရေးသားဖော်ပြပေးသွားမည်ဖြစ်ပါသည်။

လှူဒါန်းလိုသူများ ဆက်သွယ်ရန်>>>

ကိုကျော်စွာ (ဦးဆောင်ကူညီသူ) ဖုန်း – 09 777462227 ၊ 09 444012227 သို့ ဆက်သွယ်လှူဒါန်းပေးနိုင်ပါသည်။


#AlinnMyay (အလင်းမြေ) #အလှူခံ #ကျားဖောင်