(၁၆)နှစ်အရွယ်သားက ချစ်သူနဲ့ကလေးရလို့၊ မထင်မှတ်ဘဲ အဖိုးအဖွားဘဝ ရောက်ခဲ့ရတဲ့မိဘ

138

လက်ရှိအချိန်မှာ အသက်(၃၈)နှစ်နဲ့ အသက်(၄၂)နှစ်အရွယ်ကို ရောက်နေပြီဖြစ်တဲ့ မိဘနှစ်ပါးဟာ သူတို့ရဲ့ ဆယ်ကျော်သက်အရွယ် လူမမယ်သားလေးက ချစ်သူနဲ့ ကလေးရယူနိုင်ခဲ့လို့ ထင်မှတ်မထားဘဲ အဖိုးအဖွားရာထူးတွေ ရခဲ့ကြပါတယ်။

ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။ သားဖြစ်သူဟာ အသက်(၁၆)နှစ်သာ ရှိသေးပြီး၊ သမီးရည်းစားဘဝ ကောင်မလေးနဲ့ မထင်မှတ်ဘဲ ခြေလွန်လက်လွန် ဖြစ်ခဲ့ရပါတယ်။ ဒီလိုနဲ့ ကလေးတွေပီပီ ပေါ့တီးပေါ့ဆ နေလာခဲ့ရာက ကိုယ်ဝန်က ဖုံးမရတဲ့အချိန်ကျမှ ပေါ်လာခဲ့တာပါ။

ဒီအဖြစ်အပျက်ဟာ ထိုင်ဝမ်မှာ ဖြစ်ခဲ့တာပါ။ အဖွားအသစ်စက်စက် ဖြစ်ခွင့်ရခဲ့တဲ့အသက်(၃၈)နှစ်အရွယ် ကောင်လေးရဲ့မိခင်က သူမရဲ့မြေးလေးကို သူမရဲ့ သားအရင်းလိုပဲ စောင့်ရှောက်မှာဖြစ်ကြောင်း၊ မြေးက သားငယ်ငယ်ကနဲ့ တူတယ်လို့ ပြောပါတယ်။

အသက်(၁၆)နှစ်သာ ရှိသေးတဲ့ သားဖြစ်သူကတော့ ဇနီးနဲ့ လက်ထပ်လိုက်ပြီ ဖြစ်ပြီး သူတို့က ပိုက်ဆံရှာရမှာမို့ သူတို့သားလေးကို စောင့်ရှောက်ပေးဖို့ အဖိုးအဖွားတွေဆီ လာအပ်ထားတာပါ။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျခဲ့သူများဖြစ်လို့၊ သူတို့အနေနဲ့ ဘဝအခက်ခဲကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

သူတို့ကလေးနဲ့ သူတို့ အချိန်ဖြုန်းဖို့ များများ အချိန်တွေရမှာ မဟုတ်ပါဘူး။ အဖွားအသစ်စက်စက်ကတော့ ပျော်နေပြီး သူမရဲ့မြေးဦးကို စောင့်ရှောက်ဖို့ အလုပ်ကနေတောင် ထွက်လိုက်တယ်လို့ သိရပါတယ်။ အဖွားဖြစ်သူရဲ့အဆိုအရတော့ သားဖြစ်သူရဲ့ ဇနီးဟာ ကိုယ်ဝန်(၃၇)ပတ်မှ ကလေးရှိတယ်ဆိုတာ သိခဲ့ရတာပါတဲ့။

နတ်သူကြီး-AlinnMyay(အလင်းမြေ)