ဝမ်းဗိုက်မှာစုနေတဲ့ချရခက်တဲ့ အဆီပြင်တွေကို တစ်လအတွင်းချပ်ရပ်သွားစေမယ့် လေ့ကျင့်ခန်း

236

ပျိုမေတို့ရဲ့ ဝမ်းဗိုက်မှာစုလာတဲ့ အဆီတွေက အချိန်ကြာလာရင် အဆီပြင်တွေဖြစ်သွားပြီး တော်ရုံပြန်ချဖို့ မလွယ်တော့ပါဘူး။ အဲ့ဒီတော့ ၀ိတ်ကျဖို့မလွယ်ဘူး၊ လေ့ကျင့်ခန်းလုပ်ပေမယ့် အဆီတွေမကျဘူး ဆိုတဲ့ ပြဿနာတွေဖြစ်လာတော့တာပေါ့။ ဒါဆို အဲ့ဒီအဆီပြင်တွေကို ချလို့မရတော့ဘူးလားလို့ တွေးပြီး စိတ်ဓာတ်မကျပါနဲ့နော်။ အခုဖော်ပြမယ့် လေ့ကျင့်ခန်းလေးတွေက ဝမ်းဗိုက်မှာ စုနေတဲ့ချရခက်တဲ့ အဆီပြင်တွေကို ချေဖျက်ပေးနိုင်တာကြောင့် လိုက်လုပ်ဖို့မမေ့နဲ့နော်။

(၁) ပထမဆုံးကြမ်းပြင်ပေါ်မှာ လှဲအိပ်လိုက်ပြီး လက်နှစ်ဖက်ကို ဘေးဘက်အနည်းငယ်ဖြန့်ကားထားလိုက်ပါ။ ဘယ်လက်နဲ့ညာဘက်ဒူးကို ကိုင်ပြီး အတွင်းဘက်ကွေးလိုက်တဲ့ပုံစံလုပ်ပြီး ခါးကိုတတ်နိုင်သလောက်လိမ်ပေးပါ။ အဲ့ဒီအနေအထားမှာ ဆယ်စက္ကန့်လောက်နေပေးပြီး အဲ့ဒီပုံစံကို တစ်ဖက်ကို ဆယ်ခေါက်စီ လုပ်ပေးပါ။

(၂) ပက်လက်လှန်အနေအထားနဲ့ လက်နှစ်ဖက်ကိုုကြမ်းပေါ်ထောက်ထားပြီး ခြေထောက်တွေကိုတော့ ဖနောင့်ကိုအားပြုပြီးထောက်ထားပါ။ ပြီးရင် ခြေထောက်တစ်ဖက်ကိုအပေါ်ဘက်မြှောက်နိုင်သလောက်မြှောက်လိုက်ပြီး နဂိုအနေအထားအတိုင်းပြန်နေပါ။ ခြေထောက်တစ်ဖက်ကို ၁၅ ခေါက်စီလုပ်ပေးပါ။

(၃) ကြမ်းပေါ်မှာပက်လက်လှန်အိပ်ပါ။ ပြီးရင် ခြေထောက်တွေကို ဆန့်ထားတဲ့အတိုင်း အပေါ်ကိုမြှောက်ထားပေးပါ။ ပြီးရင် လက်နှစ်ဖက်ကို ဂုတ်နေရာမှာကိုင်ထားပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုလည်းကြမ်းပြင်ကနေအနည်းငယ်ကြွပေးပါ။ ဘယ်ဘက်ဒူးကိုကွေးလိုက်ပြီး ညာဘက်တံတောင်နဲ့ထိပါ၊ ညာဘက်ဒူးကိုကွေးပြီး ဘယ်ဘက်တံတောင်နဲ့ထိပါ။ အဲ့ဒီလိုအပြန်အလှန်ထိတာကို ၁၅ ခေါက်လုပ်ပေးပါ။

(၄) ဒိုက်ထိုးတဲ့ပုံစံအတိုင်းနေပါ။ ပြီးရင် ညာဘက်ခြေထောက်ကို ဘယ်ဘက်တံတောင်ဆစ်နားကိုကွေးလိုက်ပြီး ဆယ်စက္ကန့်ကြာမှ နဂိုအနေအထားရောက်အောင်ပြန်ဆန့်လိုက်ပါ၊ ဘယ်ဘက်ခြေထောက်ကို ညာဘက်တံတောင်ဆစ်နားကိုကွေးလိုက်ပြီး ဆယ်စက္ကန့်ကြာမှ နဂိုအနေအထားမှာပြန်နေပါ။ တစ်ဖက်ကို ၁၀ ခေါက်စီလုပ်ပေးပါ။

MAY THAZINHTOO