၂၂ နှစ်နဲ့တရားသူကြီးဖြစ်နေတဲ့ဆိုတဲ့ ဓာတ်ပုံထဲကမိန်းကလေးရဲ့ နောက်ကွယ်ကအကြောင်းရင်း

153

အသက် ၂၀ စွန်းရုံလေးနဲ့ တရားသူကြီးမင်းအဖြစ် မိန်းမငယ်လေးတစ်ယောက်ကို မြင်ရမယ်ဆိုရင် သင်လည်း အံ့သြမိမှာအမှန်ပါပဲ။ အံ့သြခြင်းရဲ့နောက်မှာ သူဘယ်လိုများလုပ်လိုက်လို့ ၂၂ နှစ်နဲ့ တရားသူကြီးဖြစ်သွားလဲမသိဘူးဆိုပြီး သိချင်စိတ်လည်း ဖြစ်ပေါ်မိကြမှာပါနော်။

နုနယ်တဲ့မျက်နှာလေးနဲ့ ချစ်စရာအမျိုးသမီးလေးတစ်ယောက်ဟာ တရားသူကြီးတွေဝတ်တဲ့ ခြုံထည်ကြီးကိုဝတ်၊ တရားသူကြီးထိုင်ခုံမှာ မိန့်မိန့်ကြီးထိုင်ပြီး အမှုကို အာရုံစိုက်နားထောင်နေတဲ့ဓာတ်ပုံတွေ Twitter မှာ ပျံ့နှံ့ခဲ့ပါတယ်။Matthew Tanoe ဆိုသူရဲ့ tweet ဟာ ဇူလိုင်လ ၁၃ ရက်နေ့မှာ တင်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံထဲက အမျိုးသမီးလေးဟာ အသက် ၂၂ နှစ်သာ ရှိသေးပြီး အင်ဒိုနီးရှား၊ Yogyakarta က Gadjah Mada တက္ကသိုလ်မှာ ဥပဒေပညာရပ်ကိုသင်ကြားနေသူဖြစ်တယ်ဆိုပြီး Good Times မီဒီယာကတစ်ဆင့် သိခဲ့ရပါတယ်။ နာမည်ကတော့ Leanna Leonardo လို့ သိထားရပြီး အဲဒီဓာတ်ပုံတွေဟာ သူမကျောင်းတက်နေတုန်းက အစမ်းလေ့ကျင့်ခန်းလုပ်တုန်းက ပုံတွေဖြစ်ပါတယ်တဲ့။

Leanna ရဲ့ဓာတ်ပုံတွေ Twitter မှာ ပျံ့သွားခဲ့အပြီးမှာတော့ ဖြူဖြူဥဥနဲ့ ချစ်ဖို့ကောင်းတဲ့ ဥပဒေကျောင်းသူလေး Leanna ကို crush နေပြီဆိုတဲ့လူတွေ များသွားပါတော့တယ်။ ဒါပေမယ့် Leanna မှာတောာ့ ချစ်သူရှိတယ်ဆိုတာ သူမရဲ့ Instagram မှာ တရားဝင်ကို တင်ထားခဲ့တာပါနော်။

Penny