မုန့်ချိုအိတ်ကင်ဆာ ဖြစ်ပွားတော့မယ့် လက္ခဏာ ၇ ခု အကြောင်း

191

မုန့်ချိုအိတ်ကင်ဆာ ဖြစ်ပွားတော့မယ့် လက္ခဏာ ၇ ခု အကြောင်း(လူတိုင်းဖတ်သင့်ပါတယ်)

ကင်ဆာရောဂါများထဲက မုန့်ချိုအိတ်ကင်ဆာဟာ အစောပိုင်းအခြေအနေမှာ ရောဂါလက္ခဏာပြခဲလှတဲ့အတွက် အသံတိတ်လူသတ်သမားလို့တောင် သတ်မှတ်ခြင်းခံထားရတဲ့ ကင်ဆာရောဂါဖြစ်ပါတယ်။

သုတေသီတွေရဲ့ လေ့လာချက်အရ မုန့်ချိုအိတ်ကင်ဆာဖြစ်ပွားသူ 100မှာ 91% ရာခိုင်နှုန်းသော လူနာတွေဟာ အသက်ဆုံးရှုံးနိုင်ပြီး 9%သာ အသက်ရှင်သန်နိုင်တယ်လို့ သိရပါတယ်။

အစောပိုင်းမှာ နာကျင်မှုမရှိဘူးဆိုပေမယ့် ကင်ဆာဖြစ်နေပြီလို့ သံသယဝင်နိုင်တဲ့အချက်တွေရှိပါတယ်။ ပထမဆုံးအချက်ကတော့ အသားဝါရောဂါရဲ့ လက္ခဏာတစ်ခုဖြစ်တဲ့ အသားအရေဝါခြင်းပဲဖြစ်ပါတယ်။အသားဝါရောဂါဖြစ်လာပြီဆို အသားအရည်သာမက မျက်လုံးတွေပါ ဝါလာတတ်ပါတယ်။

အသည်းဟာ သည်းခြေရည်ကို ထုတ်ပေးပါတယ်။တကယ်လို့ ကင်ဆာစဖြစ်တဲ့အချိန်မှာ သည်းခြေရည်ပြွန်ဟာ အန္တရာယ်ရှိပြီး အနားကအရာတွေကိုလည်း ပျံ့နှ့ပြီး အန္တရာယ်များနိုင်ပါတယ်။ ထိုအချိန်မျိုးမှာ ဆီးအရောင်လည်း ပြောင်းနေနိုင်ပါတယ်။

နောက်ထပ် သိသာထင်ရှားစေတဲ့အချက်ကတော့ အကြောင်းအရင်းမရှိဘဲ ခန္ဓာကိုယ်အလေးချိန် ကျဆင်းသွားခြင်းပဲဖြစ်ပါတယ်။

မုန့်ချိုအိတ်ကင်ဆာရောဂါဖြစ်လာချိန်မှာ အစာအိမ်ကို ဖိထားသလိုဖြစ်တဲ့ အကျိတ်လေးတွေဖြစ်လာခြင်းကြောင့် ကိုယ်အလေးချိန်ကျဆင်းခြင်းဖြစ်ပါတယ်။ မုန့်ချိုအိတ်ကလည်း အစာခြေရည်ထုတ်ပေးနိုင်မှုအား မလုံလောက်တာကြောင့်လည်း ထိုသို့သက်ရောက်မှုဖြစ်ခြင်းဖြစ်တယ် လို့ဖော်ပြထားပါတယ်။

ဒီလိုအခြေအနေမျိုးဟာ ဝိတ်ကျခြင်းကိုသာမက ပျို့အန်ခြင်းကိုလည်း ဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ တဖြည်းဖြည်းနဲ့ အစားစားပြီးချိန်တိုင်း ပျို့အန်ချင်သလိုဖြစ်ပြီး မအီမသာခံစားရပြီဆိုရင်တော့ သတိထားဖို့လိုလာပါပြီ။

နောက်ထပ်တစ်ချက်ကတော့ ကင်ဆာရောဂါကြောင့် ဖြစ်ပေါ်လာတဲ့ အကျိတ်တွေကြောင့် အစာခြေစနစ်ကို ရေတွေပိုရောက်တဲ့အတွက် ဝမ်းလျောခြင်းကိုလည်းခံစားရနိုင်ပါတယ်။

ရာသီလာခြင်းနဲ့ အခြားသောအခြေအနေတွေကြောင့် ဝမ်းဗိုက်နဲ့နောက်ကျောနာကျင်ခြင်းတွေဖြစ်တတ်ပါတယ်။ ကင်ဆာဖြစ်ချိန်မှာတော့ အကျိတ်တွေဟာ ကြီးထွားလာပြီး သင့်ရဲ့ဝမ်းဗိုက်ကိုဖိတဲ့အတွက် ဆိုးရွားတဲ့နာကျင်မှုကို ခံစားရတတ်ပါတယ်။

သွေးခဲခြင်းကလည်း သတိပြုသင့်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သွေးကြောကြီးတွေထဲမှာ သွေးခဲတာအပြင် အဆုတ်မှာ သွေးခဲတာတွေဖြစ်လာတဲ့အခါ အသက်ရှူရခက်တဲ့ အခြေအနေတွေ ဖြစ်ပေါ်စေပါတယ်။

နောက်ဆုံးအချက်ကတော့ သင့်ခန္ဓာကိုယ်ထဲက သကြားဓာတ်မြင့်တတ်လာခြင်းပဲဖြစ်ပါတယ်။ သွေးထဲမှာရှိတဲ့ သကြားဓာတ်မြင့်တတ်လာခြင်းကြောင့် ဆီးချိုရောဂါခံစားရရုံသာမက သင့်ကို ခဏခဏ ရေဆာခြင်း ဗိုက်ဆာခြင်း ဖြစ်ပေါ်လာစေမယ်လို့ သိရပါတယ်။

Writer -LLA ( Shwe Yaung Lan )

Source-DAILY Shared