ပေါင်(၁၀၅)သန်းတန် ထီပေါက်ခဲ့ပေမယ့်၊ ကတိအတိုင်း အလုပ်ခွင်ပြန်ဝင်ခဲ့သူ

107

ဆောက်လုပ်ရေးလုပ်သားအဖြစ် အသက်မွေးဝမ်းကြောင်းပြုသူတစ်ဦးဟာ မကြာသေးခင်က ဗြိတိန်စံချိန်တင် ထီဆုကြီးကို ဆွတ်ခူးခဲ့ပေမယ့်၊ ယခုနှစ်ကုန်အထိ အပြီးသတ်ဖို့ကျန်နေသေးတဲ့ အလုပ်တွေ ရှိနေလို့ အလုပ်ကနေ လက်တလော ထွက်မှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။

အခုတော့ သူဟာ ကတိအတိုင်း အလုပ်ခွင် ပြန်ဝင်ခဲ့ပါတယ်။ ကြည့်ရတာကတော့ ဒီဒီဇင်ဘာလဟာ အလုပ်ခွင်မှာ နောက်ဆုံးလဖြစ်နိုင်ပါတယ်။ သန်းကြွယ်သူဌေး အသစ်စက်စက်ရဲ့အမည်ကတော့ Steve Thomson ဟာ Self-employed ဖြစ်တာကြောင့်-

သူ့အနေနဲ့ အလုပ်က ထွက်မယ်ဆိုလည်း ဘယ်သူ့မှ ခွင့်တင်စရာမ လိုပါဘူး။ သို့သော်လည်း သူဟာ ထီမပေါက်ခင်ကတည်းက အလုပ်တွေ တော်တော်များများ ချိတ်ဆက်ထားတဲ့အတွက် သူ့အနေနဲ့ ကတိအတိုင်း အဲဒါတွေလုပ်ပေးဖို့ ဝတ္တရားရှိတယ်လို့ ဆိုပါတယ်။

Steve ဟာ ကလေးသုံးယောက်ဖခင် ဖြစ်ပြီး Selsey, West Sussex မှာ နေထိုင်ပါတယ်။ သူဟာ ထောင်လွှားတဲ့ မာနလည်း မရှိတဲ့အတွက် မြို့ခံတွေက သူ့ကို ချစ်ခင်သဘောကျကြပါတယ်။ သူ့ကို သာမန်ကြည့်လိုက်ရင် သန်းကြွယ်သူဌေးလို့ မထင်ရစေဘူးလို့ ဆိုကြပါတယ်။

ယခင်ကတည်းက အလုပ်အပေါ်မှာ သစ္စာရှိခဲ့တဲ့အတွက် မိသားစုကို ကောင်းမွန်စွာထောက်ပံ့နိုင်တဲ့အထိ ဆောက်လုပ်ရေးအလုပ်က အကျိုးပေးခဲ့တာပါ။ ဒါကြောင့်လည်း သူဟာ အနားမယူခင်မှာ သူရဲ့ Client တွေကို ပေးထားတဲ့ကတိအတိုင်း အလုပ်ခွင် ပြန်ဝင်တာလို့ ဆိုပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)