အသကျ ၁၆ နှစျ မှ ၂၄ နှစျအတှငျး မိနျးကလေးမြားသာ ဖတျရနျ

120

ညီမလေးရေ

လှပတဲ့မျက်နှာတစ်ခုက တစ်ချိန်ကျရင် အိုမင်းသွားလိမ့်မယ်

စွဲမက်စရာခန္ဓာကိုယ်ကောက်ကြောင်းတွေကလည်း တစ်ချိန်ကျရင် ပြောင်းလဲသွားပါလိမ့်မယ်နော်

ဒါပေမယ့်

မိန်းမကောင်းတစ်ယောက်ကတော့ တစ်ချိန်ကျရင်လည်း မိန်းမကောင်းပါပဲ ။ ဘယ်အချိန်ပဲရောက်ရောက် မိန်းမကောင်းပါပဲ။

ညီမလေးရေ ဇွဲမလျော့နဲ့ လူတွေကတော့ ညီမလေးပြုံးနေတာထက်

ညီမလေး ရှုံးနေတာမြင်ချင်တဲ့သူက ပိုများနေတတ်တယ် ။

အသက် ၁၆ နှစ် မှ ၂၄ နှစ်အတွင်း မိန်းကလေးများ ဖတ်ဖို့

ညီမလေးရေ …ရည်မှန်းချက်ထား

ဒေါ်အောင်ဆန်းစုကြည် ၁၂ အရွယ်ကလေးဘဝက သူရေးခဲ့တာလေးတစ်ခု ရှိတယ် ။

မျက်စေ့မမြင်သော မိန်းကလေးသည် ကြားနိုင်သေး၏။ နားမကြားသော မိန်းကလေးသည် မြင်နိုင်သေး၏။

အဝတ်မပါသော မိန်းကလေးသည် အေးမြမှုကို ခံစားနိုင်သေး၏

သို့သော်

ရည်မှန်းချက်မရှိသော မိန်းကလေးသည် အရူးပမာသာတည်းတဲ့

ညီမလေးရေ…

ဘဝကို စိတ်မပျက်နဲ့ သည်းခံခြင်းတွေရဲ့နောက်မှာ အောင်မြင်ခြင်းတွေရှိကိုရှိတယ်

ပေးဆပ်ခြင်းတွေရဲ့နောက်မှာ ရယူခြင်းတွေလဲရှိတယ် ။

ရှုံးနိမ့်ခြင်းတွေရဲ့နောက်မှာလဲ သင်ခန်းစာတွေရှိတယ် ။

အရေးကြီးတာက မဆုတ်မနစ်ကြိုးစားနေဖို့ပဲလိုတာပါ။

ညီမလေးရေ မြဲမြဲမှတ်ထား

လိပ်ပြာမလုံတဲ့သူက မူမမှန်ဘူး ။ သိက္ခာမလုံတဲ့သူက လူမဆန်ဘူး

ညီမလေးရေ…

ကိုယ့်ဘဝကို တန်ဖိုးထား ရခဲလှတဲ့လူ့ဘဝကို ရောက်တုန်းလေး

ကောင်းသောအမူအကျင့်နဲ့ ကောင်းသော စာရိတ္တကို ကျင့်သုံး။

ကောင်းသော အသက်မွေးဝမ်းကျောင်းမှုနဲ့ ကောင်းသောဘဝကို တည်ဆောက်ပါ ။

ပတ်ဝန်းကျင်က မကောင်းပြောကြပါစေ အချိန်တန်ရင် ပါးစပ်ပိတ်သွားလိမ့်မယ် ။

credit-မယ်ဖွေး