တစ်ပတ်စာရရက်သားသမီး ဟောစာတမ်း (12.12.2019 မှ 18.12.2019 အထိ)

190

တနင်္ဂနွေ (မွနျမာစာမမှနျပါက အောကျသို့ဆှဲပွီးဖတျပါ)

ဒီကာလအတွင်း အခက်အခဲပြဿ နာတွေကိုရင် ဆိုင်ဖြေရှင်းရတတ်ပါတယ်။ မိမိကြံစည်လုပ်ဆောင်သမျှ တွေဟာ မလွယ်ဘဲအကြပ်အတည်းဖြစ်ပေါ်စေပါလိမ့်မယ်။ မိသားစုစီးပွားရေးကတော့ အလွန်ကောင်းပါတယ်။လူမှုအဖွဲ့အစည်းများ ဘာသာရေး အဖွဲ့အစည်းများတွင် တာဝန်ယူဆောင်ရွက်ပေးနေရတတ်ပါတယ်။

သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကနေတဆင့် အဆက်အသွယ်ကောင်းတွေ ရလာတတ်ပါတယ်။ နိုင်ငံခြားခရီးတွေကတော့ ဒီကာလမှာအဆင်ပြေနေတတ်ပါတယ်။ အထက်လူကြီးရဲ့ အထင်အမြင်လွဲခြင်းတော့ ခံရတတ်ပါတယ်။ အလုပ် အသစ်ရှာနေသူများရဖို့ခက်ခဲနေတတ််တဲ့သဘောတွေ့ရပါတယ်။

အိမ်ကိစ္စတွေ၊ နေရာထိုင်ခင်းကိစ္စတွေမှာတော့ အဆင်မပြေဖြစ်တတ်သည်။ လက်ရှိပင်မအလုပ်တွေကနေငွေမဝင်ဘဲ မထင်မှတ်တဲ့နေရာတွေကနေငွေဝင်လာတတ်ပါတယ်။ ကျန်းမာရေးကတော့ အကောင်းဘက်ကို ရာခိုင်နှုန်းများပါတယ်။ အအေးမိတာများပြီး ခေါင်းကိုက်တာ လောက်တော့ဖြစ်တတ်ပါတယ်။

အချစ်ရေးမှာတော့ အစစအရာရာအဆင်ပြေနေနိုင်တဲ့ကာလပါပဲ။ အိမ်ထောင်ရေးမှာတော့ အိမ်ထောင်ဘက်နဲ့ သေချာနားလည်မှုယူနိုင်ဖို့လိုအပ်ပါတယ်။ ပညာရေးမှာတော့ စိတ်စုစည်းရခက်ခဲတာကြောင့် အနည်းငယ်အခက်အခဲဖြစ်ရတတ်ပါတယ်။

အကျိုးပေးဂဏန်း 5/1/3 အထူးဟော ကံအားနည်းနေမည်။ ယတြာ မိဘတွေကို အားဆေးဝယ်လှူလိုက်ပါ။

တနင်္လာ

ဒီကာလအတွင်း လူမှုရေးကိစ္စများကြောင့် ငွေကုန်ကြေးကျ များနေရတတ်ပါတယ်။ လူမျိုးခြားတွေဆီကနေ အကူအညီကောင်းတွေရလာတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ အကူအညီကြောင့် လုပ်ချင်တာတွေလုပ်ခွင့်ရ နေတတ်ပါတယ်။ ကိုယ်ကျိုးမဖက်ဘဲ အများအကျိုးကို ရည်မှန်းပြီး လုပ်သမျှတွေက အဆင်ပြေပါလိမ့်မယ်။

အခွင့် အရေးနှစ်မျိုး၊အခွင့်အလမ်းနှစ်မျိုးရလာတတ်ပါတယ်။ ရေရှည်ကောင်းတဲ့ အခွင့်အလမ်းကို ဖမ်းဆုပ်ယူတတ်ဖို့လိုပါ တယ် မိမိကိုမနာလိုသူတွေရဲ့ အနှောက်အယှက်အဖျက်အစီးကို ခံရတတ်ပါတယ်။ ရပ်ဝေးသွားပြီးစီးပွားရှာရခြင်းတွေ အွန်လိုင်းကနေစီးပွားရှာရခြင်းမျိုးတွေ စတင်ကြုံရတတ်ပါတယ်။

ငွေကြေးနဲ့ပက်သက်ပြီး ကြံစည်လုပ်ကိုင်သမျှတွေ က ထင်တိုင်းမပေါက်ဖြစ်ရတတ်ပါတယ်။လူချစ်လူခင်များပြားတာ၊ ကူညီမဲ့သူပေါတာမျိုးလဲ အထူးကြုံရတတ်ပါ တယ်။ သံယောဇဉ်တွယ်တာမှုတွေကြောင့် အခွင့်အရေးတွေဆုံးရှုံးရတတ်ပါတယ်။ မိမိစီးနင်းသွားတဲ့စက်ကား တွေက ပျက်လွယ်ပါတယ်။

ဒါကြောင့် လိုရာခရီးကိုမှန်းထားသည်ထက် နောက်ကျမှရောက်သွားနိုင်ပါတယ်။ ကျန်းမာရေးကတော့ အထူးညံ့နေတာတော့မရှိဘူး။ ကိုယ်လက်လှုပ်ရှားမှု တော့လုပ်ပေးစေချင်တယ်။အချစ်ရေး ညံ့နေမည်။ အိမ်ထောင်ဘက်နဲ့ ကိစ္စတစ်ခုခုကြောင့်ခွဲခွွာနေရတတ်ပါတယ်။ ပညာရေးအတွက်အာရုံစိုက် လုပ် ဆောင်လို့ အကောင်းဆုံးနေ့ရက်ပါပဲ။

အကျိုးပေးဂဏန်း 2/8/6 အထူးဟော ကံအရမ်းညံ့နေတာမျိုးမတွေ့ရပါဘူး။ ယတြာ အိမ်ကဘုရားဆောင်ကိုသန့်ရှင်းရေးလုပ်ပါ။ပန်းအသစ်လဲပါ။

အင်္ဂါ

မိမိအတွေးအကြံများအား လုပ်ငန်းတွင် အသုံးချလိုက်ခြင်းဖြင့် အောင်မြင်တိုးတတ်မှုတွေကိုဖြစ်ပေါ်စေပါ လိမ့်မယ်။ မိသားစုအတွင်း အလှူဒါနတွေ ပြုခွင့်ရနေတတ်ပါတယ်။ စီးပွားရေးတွင် ရာထူးကြီးသူများ၏ အကူအညီတွေ ရလာတတ်ပါတယ်။ အလုပ်ခရီးတွေကနေ သိသာထင်ရှားတဲ့ အောင််မြင်မှုတွေကို ရလာတတ်ပါတယ်။ လုပ်ငန်း အတွက်လိုအပ်တဲ့ အဆက်အသွယ်တွေ၊ သတင်းအချက်အလက်တွေ ရလာတတ်ပါတယ်။ သူများသောကပြဿ နာ တွေကိုဖြေရှင်းပေးခြင်းဖြင့် မိမိပြဿနာတွေလဲ ပြေလည်ခွင့်တွေ ရလာတတ်ပါတယ်။ စျေးဆိုင်များ ဖောက်သည် သစ်တွေတိုးမည်။

မိမိကိုကောင်းကျိုးပြုမဲ့ မိတ်ဆွေသစ်တွေ တိုးပွားတတ်ပါတယ်။ တပည့်သားသမီး၊အောက်လက် ငယ်သားတွေရဲ့အခက်အခဲကို မိမိကဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ စီးပွားရေးနဲ့ပက်သက်ပြီးဆိုင်ခွဲဖွင့်ချင်တာမျိုးတွေ ရှိရင်ဒီကာလမှာပဲအထူးစလိုက်စေချင်ပါတယ်။ ကျန်းမာရေးနဲ့ပက်သက်ပြီးတော့လဲ အနည်းငယ်အားနည်းချက်ရှိပါ တယ်။ အာရုံကြောအားနည်းတတ်ပါတယ်။အရိုးအကြောနဲ့ပက်သက်ပြီးအားနည်းတတ်ပါတယ်။အချစ်ရေး ကံ ကောင်းပါလိမ့်မယ်။ ချစ်ရသူတွေဆီက တန်ဖိုးထားစရာပစ္စည်းတွေရလာတတ်ပါတယ်။ အိမ်ထောင်ရေးကတော့ မိမိအတွက်စိတ်ညစ်စိတ်ရှုပ်စရာတွေများနေပါလိမ့်မယ်။ပညာရေးကတော့အခက်အခဲမရှိအဆင်ပြေတတ်ပါတယ်။

အကျိုးပေးဂဏန်း 3/5/0 အထူးဟော လုပ်ငန်းစီးပွားသိသာစွာတိုးတတ်မှုတွေကိုကြုံရတတ်ပါတယ်။ ယတြာ သစ္စာပန်းဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း အထိုင်လုပ်ကိုင်ရတဲ့အလုပ်တွေတောင်မှ အငြိမ်မနေရတဲ့အကြောင်းတရားတွေပေါ်လာတတ်ပါတယ်။ ပူပူလောင်လောင်နဲ့စီးပွားရှာရတတ်တဲ့ အချိန်ကာလဆိုလဲမမှားပါဘူး။ မိဘတွေရဲ့ပိတ်ပင်တားဆီးမှု တွေကြောင့် လူငယ်များလုပ်ချင်တာ လုပ်ခွင့်မရတဲ့ အနေအထားမျိုးလဲ ကြုံရတတ်ပါတယ်။ အလှူအတန်းကိစ္စတွေ မှာရက်ရွှေ့ရတတ်ပါတယ်။ အိုးအိမ်နေရာထိုင်ခင်းနဲ့ပက်သက်ပြီး မိသားစုဝင်တွေနဲ့ စကားများရတတ်ပါတယ်။ အလုပ်ပိုတွေ ကိစ္စပိုတွေကြောင့်ပဲ ကိုယ်လုပ်ကိုင်ရမဲ့အလုပ်တွေက နှောင့်နှေးရတတ်ပါတယ်။

လူအများနဲ့ချိတ် ဆက်လုပ်ကိုင်ရခြင်းထက် တစ်ဦးတစ်ယောက်ထဲကြံစည်လုပ်ကိုင်ခြင်းတွေက အောင်မြင်မှုတွေကိုပိုမိုရရှိတတ်ပါ တယ်။ ရွှေထွက်တတ်ပါတယ်။ လုပ်ငန်းခွင်အတွင်း အထက်လူကြီးကမအားလပ်တာကြောင့့် မိမိကိုတာဝန်တွေခွဲ ပေးနေတတ်ပါတယ်။ ကျန်းမာရေးကတော့ အည့့ံများနေတတ်ပါတယ်။ ရောဂါနဲ့ပက်သက်ပြီး တော့မဖြစ်ဘဲ ချောလဲတာ၊ ထိခိုက်ရှနာဖြစ်တာတွေအတွက် ဂရုစိုက်ရပါလိမ့်မယ်။ အချစ်ရေးကတော့ အလွန်မှအဆင်ပြေတတ်ပါ တယ်။ အဆင်မပြေသေးတာက အိမ်ထောင်ရေးပါပဲ။ အိမ်ထောင်ရေးသောကများတတ်ပါတယ်။ ပညာရေးကတော့ မိမိ ကြိုးစားသလောက် ထွနး်ပေါက်အောင်မြင်မှုတွေကို အထင်အရှားတွေ့့ရမှာပါ။

အကျိုးပေးဂဏန်း 1/4/6 အထူးဟော အမှုကိစ္စများ အလုပ်များနေရတတ်ပါတယ်။ ယတြာ ဒီကာလအတွင်း ဘုရားမှာရွှေဆိုင်းရွှေသင်္ကန်းကပ်လှူပါ။

ကြာသပတေး

ဒီကာလအတွင်း စိတ်ပင်ပန်းလူပင်ပန်းခံလုပ်နိုင်မှအဆင်ပြေပါလိမ့်မယ်။ ခပ်ပေါ့ပေါ့ခပ်ပျင်းပျင်းနေမယ် ဆိုရင်တော့ဒီကာလကအခက်အခဲများပါတယ်။ အရာရာကို စိတ်ထဲဝေဖန်ပိုင်းခြားပြီးမှ ဆောင်ရွက်စေချင်ပါတယ်။ ဝင်ဖို့ရှိတဲ့ငွေတွေကြန့်ကြာနေရတတ်ပါတယ်။ ငွေကြေးဆိုင်ရာကိစ္စ အဝဝအခက်အခဲတွေ များနေရတတ်ပါတယ်။ ဒီကာလမှာထစ်ခနဲဆို စိတ်ကဒေါသထွက်နေတတ်ပါတယ်။ ပညာရှိအမျက်အပြင်မထွက်နဲ့ဆိုသလို ဒေါသထိန်းနိုင်မှကောင်းကျိုးအဖြာဖြာရနိုင်တဲ့နေ့ရက်တွေဖြစ်လို့ပါပဲ။ မိမိရဲ့ဆရာသမားတစ်ဦးဦးရဲ့နာရေးသတင်းမျိုးတွေကြားရ တတ်ပါတယ်။

မိမိကိုးကွယ်တဲ့ ဆရာတော် နားမကျန်းတာမျိုးတွေ ဖြစ်ရတတ်ပါတယ်။ တတ်သိထားတဲ့ မိမိရဲ့ပညာတွေကို မလိုအပ်ဘဲ လူရှေ့မှာထုတ်မပြလိုက်ပါနဲ့။ အိမ်ခြံမြေ စတဲ့ ကိစ္စတွေနဲ့ပက်သက်ပြီးကြန့်ကြာမှုတွေဖြစ်တတ် ပါတယ်။ မိသားစုနဲ့ အလည်ခရီးမျိုး သွားရတတ်ပါတယ်။ အချိန်ကိုစီမံခန့်ခွဲပြီး အကျိုးရှိအောင် အသုံးချတတ်ရင် ပိုကောင်းမဲ့ကာလပါပဲ။ အချစ်ရေးမှာ ချစ်သူထံမှ လက်ဆောင်ရတတ်ပါတယ်။ ချစ်သူရဲ့အခက်အခဲတွေကိုမိမိက ပြန်လည်ကူညီပေးနိုင်ပါလိမ့်မယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဘက်ကိုနားပူနားဆာ သိပ်မလုပ်ပါနဲ့။ ပညာရေးကတော့ သင့်အနေအထားမျိုးရှိပါတယ်။ဉာဏ်ဝီရိယတွေ စိုက်ထုတ်လိုက်ပါ။

အကျိုးပေးဂဏနး် 1/2/5 အထူးဟော အလုပ်အကိုင်အခွင့်အလမ်းကောင်းမည်။ ယတြာ လက်ဖက် ကိုးပုံပုံပြီးဘုရားကပ်လှူဆုတောင်းလိုက်ပါ။

သောကြာ

ဒီကာလအတွင်း အဆင်ပြေခြင်းတွေ ကံကောင်းခြင်းတွေကို အထူးကြုံရတတ်ပါတယ်။ ကိုယ်ကျင့်သီလရှိသူ တွေကတော့ သိသာစွာအကျိုးပေးခြင်းကိုခံစားရတတ်ပါတယ်။ အလုပ်ခွင်အတွင်း ရာထူးနေရာကောင်းပေးခြင်းခံ ရတာပဲဖြစ်ဖြစ်၊လစာတိုးတာမျိုးပဲဖြစ်ဖြစ် ကြုံရတတ်ပါတယ်။ စီးပွားရေးဆိုင်ရာအဆက်အသွယ်ကောင်းများပေါ်လာ တတ်ပါတယ်။ လိုအပ်နေတဲ့ ငွေကြေးဥစ္စာဓနတွေ ရလာတတ်ပါတယ်။ ချေးငှားထားတဲ့ ငွေတွေကိုတောင်းခံလို့ ကောင်းတဲ့ကာလတစ်ခုပါပဲ။ စိတ်ထဲတောင်းတနေတာလေးတွေ ပြည့်ဝလာတတ်ပါတယ်။

မိမိစားလိုတဲ့စားကောင်း သောက်ဖွယ်တွေကိုစားလာရတတ်ပါတယ်။ ရပ်ဝေးအလုပ်များ၊နယ်မှာချဲ့ထွင်ထားတဲ့အလုပ်များ ပိုမိုအောင်မြင်နေ တတ်ပါတယ်။ တစ်ပါးသူတွေရဲ့ အခက်အခဲတွေကို ကောင်းစွာကူညီဖြေရှင်းပေးနိုင်ပါလိမ့်မယ်။ ငွေကြေးစတင်စု ဆောင်းလို့အလွန်ကောင်းပါတယ်။ ကျန်းမာရေးကတော့ ဒီကာလမှာအညံ့အဆိုး အတော့်ကိုနည်းပါတယ်။ ရောဂါကင်းပြီး ကျန်းမာနေမဲ့အချိန်ကာလတစ်ခုပါ။ အချစ်ရေးမှာတော့ ငယ်ရွယ်ပြီးခေတ်ဆန်တဲ့ ချစ်သူမျိုးတွေ့ရကြုံရ တတ်ပါတယ်။ အိမ်ထောင်ရေးကတော့ အိမ်ထောင်ဘက်နဲ့နားလည်မှုရှိရှိနဲ့ ရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။ ပညာရေး ကတော့ သူငယ်ချင်း နဲ့ဝိုင်းဖွဲ့ပြီးစာကျက်တာ စာဆွေးနွေးတာမျိုးက ပိုမိုတိုးတတ်ပါလိမ့်မယ်။

အကျိုးပေးဂဏန်း 9/2/6 အထူးဟော ကံမြင့်ပြီးစိတ်ချမ်းသာမဲ့ကာလပါ။ ယတြာ သခွားမွှေးဝယ်၊ခွဲစိပ်ပြီးအိမ်နီးနားချင်းတွေကိုဝေကျွေးလိုက်ပါ။

စနေ

ဒီကာလအတွင်း မိမိအနေနဲ့ရေရှည် စိတ်ကူးဆောင်ရွက်မှုတွေက အဆင်ပြေချမ်းသာမှုတွေကို ပေးစွမ်းပါ လိမ့်မယ်။ စိတ်ရှည်တတ်သူတွေကတော့ အခွင့်အလမ်းတွေ ရလာတတ်ပါတယ်။ ထူးထူးခြားခြား ထိုးနေကျဆိုင်က မဟုတ်ဘဲဆိုင်အသစ်မှာ ထီပြောင်းပြီးထိုးတာမျိုးတွေ လုပ်ပေးသင့်ပါတယ်။ အလုပ်ပိုတွေကိုကောင်းစွာလျှော့ချနိုင် ပါလိမ့်မယ်။ ဝန်ထမ်းများ စိတ်ချမ်းသာမှုအပြည့်နဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ကုန်ပစ္စည်းလှောင်လို့ ကောင်းတဲ့ကာလတစ်ခုပဲဖြစ်ပါတယ်။ အားကစားအလုပ်များ၊ ပြေးပွဲ၊ပြိုင်ပွဲများတွင် ဆုတံဆိပ်တွေရလာ ပါလိမ့် မယ်။

ကျနး်မာရေးကတော့မဆိုးပါဘူး။ အစာစားချင်စိတ်တော့ နည်းနေတတ်ပါတယ်။ အအေးမိပြီးအစားအသောက် ပျက်ရတတ်ပါတယ်။ လုပ်လက်စများ အပြီးသတ်လုပ်နိုင်ပါလိမ့်မယ်။ စက်ပြင်အလုပ်များ အထူးတိုးတတ်ပါ လိမ့်မယ်။ လူချစ်လူခင်လဲ များနေမဲ့နေ့ရက်တွေပါပဲ။ လက်ရှိအနေအထားအရတော့ အချစ်ရေးကံကအတော်လေး ကောင်းနေပါတယ်။ အဆင်မပြေတဲ့ချစ်သူတွေပြန်လည်ပြီးနားလည်မှုယူနိုင်ပါလိမ့်မယ်။ အိမ်ထောင်ရေးသာယာ ချမ်းမြေ့ပါလိမ့်မယ်။ ပညာရေးမှာတော့ မိမိလိုချင်တဲ့ပညာတွေonlineကနေရတတ်ပါတယ်။

အကျိုးပေးဂဏန်း 1/9/3 အထူးဟော စန်းပွင့်နေမည်။ ယတြာ နွားနို့(သို့)ထိုးမုန့်ဘုရားကပ်လှူလိုက်ပါ။

ရရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695/ 09 44 5555 695