နာကျင်ခြင်း၊ ဆာလောင်ခြင်းဖြစ်ပါက သစ်ပင်တွေဟာငိုကြောင်း ပညာရှင်များဆို

121

သိပ္ပံပညာအလိုအရ သစ်ပင်တွေဟာ သက်ရှိတွေဖြစ်ကြောာင်း ဆိုပါတယ်။ သစ်ပင်တွေဟာ တစ်ခြားသက်ရှိများလိုပဲ လေထု၊ အာဟာရဓာတ်၊ ရေနဲ့၊ နေရောင်ခြည်တို့ လိုအပ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သစ်ပင်တွေ စကားပြောတယ်ဆိုတဲ့ ကိစ္စဟာ ပုံပြင်တွေထဲမှာသာ ရှိမယ်လို့ ထင်ကြမှာပါ။

အခု Tel Aviv University ရဲ့အဆိုအရ သစ်ပင်တွေဟာ ဆာလောင်ခြင်း၊ နာကျင်ခြင်း စတဲ့ခံစားချက်များကို သိရှိကြောင်း၊ ဒီလိုအခြေအနေမျိုးတွေမှာ တစ်ခြား ကမ္ဘာပေါ်က သက်ရှိတွေလိုပဲ စူးစူးဝါးဝါး အော်ခြင်း၊ ငိုခြင်း စတဲ့စိတ်အခြေအနေတွေကို ဖော်ပြကြတယ်လို့ ဆိုပါတယ်။

သူတို့အဆိုအရ သစ်ပင်တွေဟာ အသံနှုန်းမြင့်မားစွာနဲ့ စူးစူးဝါးဝါး အော်နိုင်တယ်လို့ ပြောပါတယ်။ သို့သော်လည်း ဒီသိပ္ပံပညာရှင်တွေကတော့ သစ်ပင်တိုင်းကို ဆိုလိုဟန်တော့ မရှိပါဘူး။ သူတို့က Some plants လို့သာ သုံးထားတာမို့ပါ။ သူတို့ဟာ ဆေးရွက်ကြီးပင်နဲ့၊ ခရမ်းချဉ်ပင်တွေကို စမ်းသပ်ခဲ့တာပါ။

သူတို့နဲ့ (၁၀)စင်တီမီတာ (၃.၉)လက်မအဝေးမှာ အသံဖမ်းအားကောင်းတဲ့ မိုက်ခရိုဖုန်းထားပြီး စမ်းသပ်ခဲ့ပါတယ်။ အဲဒီအပင်တွေကို ပင်စည်တွေကို ဓားနဲ့လှီးခြင်း၊ ရေအငတ်ထားခြင်းတွေ ပြုလုပ်တဲ့အခါမှာ အသံတွေ ထွက်လာပါတယ်တဲ့။ အသံတွေဟာ ကျယ်လောင်ပါတယ်။

သူတို့ပြုတဲ့အသံတွေက (၂၀)ကီလိုဟတ်ကနေ (၁၀၀)ကီလိုဟတ်အထိ ရှိပါတယ်တဲ့။ ဓားနဲ့လှီးပြီး စမ်းသပ်တဲ့အခါ ခရမ်းချဉ်ပင်တွေကတော့ သူတို့အော်တဲ့အခါ (၂၅) အာလ်ထရာဆိုးနစ် ကို ထုတ်လွှင့်ပြီး၊ ဆေးရွက်ကြီးပင်တွေကတော့ (၁၅) အာလ်ထရာဆိုးနစ်ထိ ရှိပါတယ်။

ရေအငတ်ထားပြီး စမ်းသပ်တဲ့အခါမှာတော့ ခရမ်းချဉ်ပင်တွေဟာ ပိုပြီးစိတ်ဆင်းရဲပုံရှိကြောင်း၊ ဒီအခြေအနေမှာ (၃၅) အာလ်ထရာဆိုးနစ်ကို ထုတ်လွှတ်ကြပြီး၊ ဆေးရွက်ကြီးအပင်တွေကတော့ (၁၁) အာလ်ထရာဆိုးနစ်ကို ထုတ်လွှတ်တယ်လို့ အတည်ပြုထားပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)