အင္းယားကန္ေဘာင္တြင္ ေတြ႔ရွိေသာလက္ပစ္ဗံုးအား စစ္ေဆးရာလက္ပစ္ဗံုးပံုစံ မီးျခစ္ျဖစ္ေနဟုဆို

0
135

အင္းယားကန္ေဘာင္တြင္ ေတြ႔ရွိေသာလက္ပစ္ဗံုးအား စစ္ေဆးရာလက္ပစ္ဗံုးပံုစံ မီးျခစ္ျဖစ္ေနဟုဆို

ရန္ကုန္ၿမိဳ႕ ကမာရြတ္ၿမိဳ႕နယ္၊ (၉)ရပ္ကြက္ အင္းယားကန္ေဘာင္တြင္ ယေန႔ ေန႔လည္ ၂နာရီ ၅မိနစ္အခ်ိန္က လက္ပစ္ဗံုးပံုစံအရာ ၀တၳဳတစ္ခုအား ေတြ႔ရွိသျဖင့္ စစ္ေဆးခဲ့ရာ လက္ပစ္ဗံုးပံုစံ မီးျခစ္ျဖစ္ေနသည္ကို ေတြ႔ရေၾကာင္း ကမာရြတ္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွဴး ရဲမွဴး သိန္းဟန္က ဆင္ဟြာသို႔ေျပာၾကားသည္။

“ စေတြ႔ေတာ့ ဗံုးလို႔ သံသယရွိၿပီး စစ္ေဆးလိုက္တဲ့အခါမွာ မီးျခစ္ျဖစ္ေနပါတယ္” ၎က အတည္ျပဳေျပာၾကားခဲ့သည္။

အင္းယားကန္ေဘာင္ ျမက္ခင္းျပင္ေလွခါးအဆင္းတြင္ လက္ပစ္ဗံုးဟု ယူဆရေသာ ဗံုးတစ္လံုးအား စည္ပင္၀န္ထမ္းတစ္ဦး စတင္ေတြ႔ရွိခဲ့ေၾကာင္း၊ ယင္း လက္ပစ္ဗံုးအား အမွတ္(၉၀၅) စစ္ေျမျပင္ အင္ဂ်င္နီယာတပ္ရင္း(BE)မွ ေန႔လည္ ၂နာရီ ၂၀မိနစ္အခ်ိန္တြင္ စစ္ေဆး သယ္ေဆာင္သြားေၾကာင္း သိရသည္။

လက္ရွိ အင္းယားကန္ေဘာင္တစ္ေလွ်ာက္ အမ်ားျပည္သူ ထိတ္လန္႕မႈမရွိေစရန္ မိုင္းရွင္းလင္းေရးမ်ား ေဆာင္ရြက္ေနေၾကာင္း သိရသည္။(Xinhua)

ပံုစာ-အင္းယားကန္ေဘာင္တြင္ ေတြ႔ရွိေသာ လက္ပစ္ဗံုးဟု ယူဆေသာ ဗံုးအား ရွင္းလင္းေနစဥ္(ရဲတပ္ဖြဲ႔)

အင်းယားကန်ဘောင်တွင် တွေ့ရှိသောလက်ပစ်ဗုံးအား စစ်ဆေးရာလက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေဟုဆို

ရန်ကုန်မြို့ ကမာရွတ်မြို့နယ်၊ (၉)ရပ်ကွက် အင်းယားကန်ဘောင်တွင် ယနေ့ နေ့လည် ၂နာရီ ၅မိနစ်အချိန်က လက်ပစ်ဗုံးပုံစံအရာ ဝတ္ထုတစ်ခုအား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ လက်ပစ်ဗုံးပုံစံ မီးခြစ်ဖြစ်နေသည်ကို တွေ့ရကြောင်း ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဟန်က ဆင်ဟွာသို့ပြောကြားသည်။

“ စတွေ့တော့ ဗုံးလို့ သံသယရှိပြီး စစ်ဆေးလိုက်တဲ့အခါမှာ မီးခြစ်ဖြစ်နေပါတယ်” ၎င်းက အတည်ပြုပြောကြားခဲ့သည်။

အင်းယားကန်ဘောင် မြက်ခင်းပြင်လှေခါးအဆင်းတွင် လက်ပစ်ဗုံးဟု ယူဆရသော ဗုံးတစ်လုံးအား စည်ပင်ဝန်ထမ်းတစ်ဦး စတင်တွေ့ရှိခဲ့ကြောင်း၊ ယင်း လက်ပစ်ဗုံးအား အမှတ်(၉၀၅) စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း(BE)မှ နေ့လည် ၂နာရီ ၂ဝမိနစ်အချိန်တွင် စစ်ဆေး သယ်ဆောင်သွားကြောင်း သိရသည်။

လက်ရှိ အင်းယားကန်ဘောင်တစ်လျှောက် အများပြည်သူ ထိတ်လန့်မှုမရှိစေရန် မိုင်းရှင်းလင်းရေးများ ဆောင်ရွက်နေကြောင်း သိရသည်။(Xinhua)

ပုံစာ-အင်းယားကန်ဘောင်တွင် တွေ့ရှိသော လက်ပစ်ဗုံးဟု ယူဆသော ဗုံးအား ရှင်းလင်းနေစဉ်(ရဲတပ်ဖွဲ့)