ခင်ပွန်းကြီး ၁၀ ပါးကို ဝန်ချကန်တော့ပြီး ဘဝမှာ မိမိဖြစ်ချင်တဲ့ အောင်မြင်မှုတွေရယူနည်း

365

လူတွေဟာ စားဝတ်နေရေးအတွက် နေ့စဉ်အလုပ်တွေလုပ် ရုန်းကန်လှုပ်ရှားနေကြရပါတယ် တချို့ကတော့ အဆင်ပြေကြပေမယ့် တချို့ကြတော့ ငွေကြေး စီးပွားရေး ပညာရေး အလုပ်အကိုင် စတာတွေဟာ ပြေလည်မလိုလိုနဲ့ အခက်အခဲလေးတွေကြောင့် မပြေမလည် ဖြစ်နေရတာတွေ ရှိကြပါတယ်

အဲတာတွေအကုန်လုံး အဆင်ပြေစေနိုင်မယ့် နည်းလေးကို အောက်မှာ ဖော်ပြပေးထားပါတယ်

ခင်ပွန်းကြီး(၁၀)ပါးအား ဝန်ချကန်တော့ပြီး အောင်မြင်မှုကိုရယူပါ (အကျဉ်း) (နေ့စဉ်ရွတ်သင့်သည်)

(၁) သဗ္ဗညုတ ဘုရားရှင်များတို့၏ အပေါ်၌လည်းကောင်း

(၂) ပစ္စေကဗုဒ္ဓါ အရှင်မြတ်များတို့၏အပေါ်၌လည်းကောင်း

(၃) အဂ္ဂသာဝက အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း

(၄) ရဟန္တာ အရှင်မြတ်များတို့၏ အပေါ်၌လည်းကောင်း

(၅) ပစ္စုပ္ပန်၌ တော်စပ်သော မိခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော မိခင်များတို့၏ အပေါ်၌လည်းကောင်း

(၆) ပစ္စုပ္ပန်၌ တော်စပ်သော ဖခင်ကြီးနှင့် သံသရာ၌ တော်စပ်ခဲ့သော ဖခင်များတို့၏ အပေါ်၌လည်းကောင်း

(၇) တရားအသိထူးရအောင် ဟောပြောပေးကြသော လောကုတ္တရာ ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း

(၈) သီလဝန္တ သူတော်စင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း

(၉) လောကီပညာများကို သင်ပေးကြကုန်သော ဆရာသမားများတို့၏ အပေါ်၌လည်းကောင်း

(၁ဝ) မိမိတို့ အခက်အခဲရှိစဉ်က စားဝတ်နေရေး စောင့်ရှောက်ပေးဖူးကုန်ကြသော ကျေးဇူးရှင်အပေါင်းတို့၏ အပေါ်၌လည်းကောင်း

ဤခင်ပွန်းကြီးဆယ်ပါးတို့အပေါ်၌ ဘုရားတပည့်တော်သည် ပစ္စုပ္ပန်ဘဝ၌လည်းကောင်း၊ သံသရာဘဝ၌လည်းကောင်း သိ၍ဖြစ်စေ၊ မသိ၍ဖြစ်စေ ကာယကံ၊ ဝစီကံ၊ မနောကံ တို့တွင် တစ်ပါးပါးသော ကံတို့ဖြင့် ပြစ်မှား၊ ကျူးလွန်၊ ကြံစည်၊ ပြုလုပ်မိခြင်းကို သိရှိနားလည်စွာဖြင့် ဝန်ခံပါ၏။ ဝန်ချပါ၏။ တောင်းပန်ပါ၏။ ကန်တော့ပါ၏

ဤကုသိုလ်စေတနာတို့ကြောင့် ဆိုးကျိုးပေးဆဲ၊ ဆိုးကျိုးပေးလတ္တံ့သော အကုသိုလ်မှန်သမျှအနန္တတို့သည် ပိန်းကြာဖက်တွင်ရေမတင် လျှောကျဘိသကဲ့သို့ ကင်းစင်လွင့်ပျောက် မထိရောက်တော့ဘဲ ကောင်းကျိုး အနန္တဖြစ်ထွန်းရပါလို၏

မြတ်စွာဘုရား ကောင်းကျိုးအနန္တဖြစ်ထွန်းရ၍ အားထုတ်ဆဲ၊ အားထုတ်လတ္တံ့သော ဒါန၊ သီလ၊ စေတနာကံနှင့်တကွ ဝိပဿနာဉာဏ်သည် မဂ်ဉာဏ်သို့ ကျေးဇူးပြု၍ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏ မြတ်စွာဘုရား။

အားလုံးပဲ လိုအင်ဆန္ဒတွေ ပြည့်စုံကြပါစေနော်..နေ့စဉ်ရွတ်ဖတ်ပူဇော်ဖို့ မမေ့ပါနဲ့နော

Writer – HW (Shwe Yaung Lan)

Source : Min Khaing Moh Moh Oo