ညီနန္ဒကို မိမိကိုယ်တိုင်သိန်းထောင်ချီ ဝင်ပြီးအဆင်ပြေနေတဲ့နည်းလမ်းကို ဝေမျှပေးခဲ့တဲ့ ဆုပန်ထွာ

111

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ ဟာဆိုရင် သူမရဲ့ ကျော့ရှင်းတဲ့အလှ ၊ လိုက်ဖက်တဲ့ဇာတ်ရုပ်တွေကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူတစ်ဦးဖြစ်တာကြောင့် ယနေ့တိုင် ပရိသတ်ရဲ့ အားပေးမှုကို ရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။

သူမဟာဆိုရင်ဇာတ်ကားပေါင်းများစွာကို ပါဝင်သရုပ်ဆောင်ခဲ့သလို ၊ ပရိသတ်ကိုလည်း သူမတတ်မြောက်တဲ့ အနုပညာနဲ့ ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ချစ်ခင်ရတဲ့ မိသားစုကို ပိုင်ဆိုင်ထားနိုင်ပြီး သာယာဖွယ် အိမ်ထောင်ရေးကိုလည်း ရရှိထားသူတစ်ဦးဖြစ်ပါတယ်။

သူမ အနေနဲ့ အခက်ခဲပေါင်းများစွာကို ရုန်းကန်ရပ်တည်ခဲ့ရပေမယ့် ဘုရားတရားကိုတော့ အမြဲအာရုံပြုဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိအခြေအနေတစ်ခုကို ပိုင်ဆိုင်နိုင်တာဟာလည်း ဘုရားတရားရဲ့ ဂုဏ်ကျေးဇူးတော်ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

သူမဟာ နေ့စဉ် မေတ္တာသုတ် နဲ့ မဟာသမယသုတ်ကို အနည်းဆုံး တစ်ခေါက်တော့ရွတ်ဖတ်ပူဇော်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း လက်ရှိမှာ ထိုက်သင့်တဲ့ အနေအထား တစ်ခုကို ရရှိလာတာလို့လည်း သူမယုံကြည်နေပါတယ်။

သူမ အနေနဲ့ အနုပညာမောင်နှမဖြစ်တဲ့ သရုပ်ဆောင် ညီနန္ဒကိုလည်း ယခုကဲ့သို့ နည်းလမ်းကောင်းများ ပေးခဲ့ဖူးတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သရုပ်ဆောင် ညီနန္ဒလည်း တစ်နေ့ကို ၄ ခေါက် ပင် ရွတ်တာကြောင့် သူမထက် ပိုတော်တဲ့သူအဖြစ်လည်းသူမက ချီးမွမ်းပြောဆိုပါတယ်။

ဒါ့အပြင် ညီနန္ဒက ပိုမိုနုပျိုနေတာကလည်း ဘုရားတရားကျေးဇူးကြောင့်လို့ သူမက ယုံကြည်နေပါတယ်။

သူမ အနေနဲ့ သိန်းထောင်ချီနဲ့ ငွေကြေးကို မပေးနိုင်ပေမယ့် အခုလိုလေး အသိမိတ်ဆွေတွေကို မျှဝေပေးနိုင်တာပဲ ကျေနပ်မိတယ်လို့ ဆိုပါတယ်။ ပရိသတ်ကြီးတွေ အနေနဲ့လည်း ယုံယုံကြည်ကြည်ရွတ်ဖတ် ပူဇော်နိုင်ကြစေဖို့လည်း သူမက တိုက်တွန်းထားပါတယ်။

Source-SM