အင်တာနက်မှာ လူကြည့် အရမ်းများနေတဲ့ ဆရာလေး ရဲ့ဗီဒီယိုဖိုင်

264

ဗုဒ္ဒဘာသာ နိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံမှာဆိုရင် ဗုဒ္ဓမြတ်စွာဘုရားရဲ့ တရားတော်တွေ ၊ ဝတ်နည်းတွေကို လိုက်နာဖြည့်ဆည်းရင်း သာသနာ့အကျိုးဆောင်နေတဲ့ သူတွေအများကြီးရှိပါတယ်။ လူပုဂ္ဂိုလ်ရဟန်းတွေ ရှိသလို ၊ အမျိုးသမီး ဘိက္ခုနီတွေလည်းရှိပါတယ်။ လက်ရှိအချိန်မှာတော့ သီလရှင်ပေါ့နော်။ သူတို့ဟာ ဘုန်းကြီးရဟန်းတွေလောက် လဘ်လာဘ မပေါများပေမယ့် သူတို့နိုင်တဲ့ သာသနာ့ဝန်ကိုတော့ နိုင်သည့်ဘက်မှ ထမ်းနေကြတဲ့သူတွေပဲဖြစ်ပါတယ်။

သူတို့ဟာ တစ်နေ့တာ ဆွမ်းအတွက် အမြဲတမ်း အလှူခံထွက်ကြရပါတယ်။ ပြန်လာတော့လည်း သီလရှင်အငယ်က စာအံ ၊ သီလရှင် ဝါကြီးသူက စာချနဲ့ မအားလပ်ရသူတွေပါ။ ဒီနေ့မှာတော့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာ သီလရှင်သေးသေးတစ်ပါးကအလွန်ကို လူကြည့်များနေပါတယ်။

ဘာကြောင့်လဲဆိုတော့ အရွယ်နဲ့မမျှအောင် လိမ်မာယဉ်ကျေးပြီးတော့ စကားတတ်ပြီးလည်တာကြောင့်ပါ။ သူဟာ ဆုတွေကိုလည်း သီလရှင်ကြီးတွေလို ပေးတတ်သူပါ။ ပြီးတော့ အတော်လေးလည်းချစ်စရာကောင်းတာကြောင့်ဖြစ်ပါတယ်။ ဒီသီလရှင်လေးမြင်တော့ ငယ်ငယ်က ကျေးညီနောင် ပုံပြင်ကို သတိရမိပါတယ်။ ငယ်ငယ်ကတည်းက ဓမ္မအရိပ်မှာနေတော့ အတော်လေး ဉာဏ်ပြေးပြီး ချစ်စရာကောင်းလွန်းတာကြောင့် အားလုံး သိအောင် မျှဝေပေးလိုက်ပါတယ်နော်။

ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ


Writer – SMT( Shwe Yaung Lan)