ပြထားတဲ့ကားကို ကလေးက ကျောက်ခဲနဲ့ခြစ်လို့၊ ဒေါ်လာ(၃)သောင်း လျှော်ရမယ့်မိဘများ

92

တရုတ်နိုင်ငံ၊ Guilin မှာနေထိုင်တဲ့ မိသားစုတစ်စုကတော့ သူတို့ရဲ့ (၃)နှစ်အရွယ် ကလေးရဲ့လုပ်ရပ်ကြောင့် မထင်မှတ်ဘဲ ဒေါ်လာ(၃)သောင်းနီးပါး ပေးလျှော်ရတော့မယ့်အဖြစ်ကို ရင်ဆိုင်နေရပါတယ်။ ကလေးက Showroom မှာ ပြထားတဲ့ကားကို ကျောက်ခဲနဲ့ခြစ်ခဲ့တာပါ။

ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားပြီး၊ AlinnMyay ကနေ ဘာသာပြန်လိုက်တာပါ။ ကလေးမလေးဟာ Audi ကားပြခန်းမှာ ပြသထားတဲ့ကားကို ကျောက်ခဲနဲ့ ခြစ်ခဲ့တာဖြစ်ပါတယ်။ နိုဝင်ဘာ(၂၄)ရက်က ဖြစ်ခဲ့တဲ့ ဒီအဖြစ်အပျက်မှာ မိတွေ ဂရုမပြုနိုင်ချိန် လုပ်လိုက်တာ ဖြစ်ပါတယ်။

သတင်းမှာ ဖော်ပြထားချက်အရ ကလေးမလေးဟာ ကား(၁ဝ)စီးထက်မနည်း ကျောက်ခဲတွေနဲ့ လိုက်ခြစ်ခဲ့တာကြောင့် Showroom ပိုင်ရှင်က သူမရဲ့မိဘတွေကို လျှော်ကြေးယွမ်(၂)သိန်း တောင်းခဲ့တာပါ။ အမေရိကန် ဒေါ်လာအားဖြင့်ဆိုလျှင် (၂၈၆၀၀)ခန့် ဖြစ်ပါတယ်။

ဒါပေမယ့် ကလေးမလေး မိဘတွေက ပေးဖို့ သဘောမတူတာကြောင့် တရားရုံးမှာ တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။ ဒီဇင်ဘာလ(၃)ရက်မှာ တရားရုံးရဲ့ညှိနှိုင်းပေးမှုကြောင့် ဒေါ်လာ (၇)သောင်းပေးဖို့ သဘောတူညီမှုရခဲ့ပါတယ်။ ဒါပေမယ့် မိဘတွေအနေနဲ့ ကလေးကို ဒီထက်ပိုပြီး ကြပ်မက်ဖို့ လိုကြောင်း တရားရုံးက သတိပေးခဲ့ပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)