တစ်ယောက်ကို မြန်မာငွေ “သိန်းခုနှစ်ရာ” ကျော်စီ မုန့်ဖိုးရခဲ့လို့ အံ့ဩတုန်လှုပ်ခဲ့ရတဲ့ ဝန်ထမ်းတွေရဲ့ အဖြစ်

194

ကမ္ဘာပေါ်မှာ အောင်မြင်နေကြတဲ့ ကုမ္ပဏီပိုင်ရှင် စီးပွားရေးသမား သူဌေးကြီးတွေ အများကြီးရှိပါတယ်.. တချို့ သူဌေးတွေက တော့ မိမိကိုယ်ကျိုးသာကြည့်ပြီး ဝန်ထမ်းတွေကို ပြန်မကြည့်ကြပါဘူး…တချို့သူဌေးတွေကတော့ ဒီလိုမဟုတ်ဘဲ မိမိအကျိုးစီးပွားအောင်မြင်ရင် အောင်မြင်သလောက် ဝန်ထမ်းတွေကို အပိုဆုကြေးပေးတာတွေ နှစ်ကုန်ရင်လည်း အပိုဆုကြေးတွေ ထပ်ဆောင်းပေးတာတွေ လုပ်လေ့ရှိပါတယ်

အခုလည်းပဲ အမေရိကန် မေရီလန်း၊ ဘလက်တီမိုးမှာ တည်ရှိတဲ့ အိမ်ခြံမြေလုပ်ငန်းနဲ့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီးတစ်ဦးက သူ့ရဲ့ ဝန်ထမ်းတွေကို ဆုကြေးငွေ အမြောက်အများပေးခဲ့ပါတယ်….သူဌေးကြီးနာမည်ကတော့ Edward St John လို့ ခေါ်ပါတယ်..သူဟာ ဝန်ထမ်းတွေအားလုံးပါဝင်တဲ့ ညစာစားပွဲတစ်ခုမှာ သူ့ရဲ့ ဝန်ထမ်းတွေကို ဆုကြေး ဒေါ်လာ ၁၀ သန်း ပေးမယ်လို့ ဆိုခဲ့ပါတယ်

အဆိုပါဆုကြေးကို ခွဲတမ်းချလိုက်မယ်ဆိုရင် ဝန်ထမ်းတစ်ဦးကို ဆုကြေး ဒေါ်လာ ၅ သောင်းစီ ရရှိတယ်လို့ ဆိုပါတယ်…ဝန်ထမ်းတွေဟာ သူတို့လက်ထဲရောက်လာတဲ့ စာအိတ်ထဲက ချက်လက်မှတ်မှာ အဲလောက်များတဲ့ ဆုကြေးငွေ ပမာဏကိုတွေ့လိုက်ရတဲ့အခါမှာတော့ အံ့အားသင့်ဝမ်းသာပျော်ရွှင်ခဲ့ကြပါတယ်…တချို့ဆို ငိုကြတာတွေ တစ်ယောက်နဲ့ တစ်ယောက် ပွေ့ဖက်ကခုန်ကြတာတွေ လုပ်ခဲ့ကြပါတယ်

ဒါတင်မကသေးပါဘူး သူဌေးကြီးက နှစ်ကုန်ရင် ဆုကြေးငွေတွေ ထပ်ချီးမြှင့်ပေးအုံးမယ်လို့ သိရပါတယ်….. တစ်ယောက်နဲ့ တစ်ယောက် သူ့အကျိုးကိုယ့်အကျိုးကြည့်ပြီး ခုလို ဝန်ထမ်းတွေအပေါ် ပြန်လည်ကျေးဇူးဆပ်တာဟာ မင်္ဂလာတစ်ပါးပါပဲ

သူဌေးကြီးရဲ့ ဝန်ထမ်းတွေအပေါ် ဆုကြေးချီးမြှင့်တဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်…ပရိသတ်ကြီးတို့ရော သူဌေးက ခုလို ဆုကြေးပေးဖူးကြလားဗျ..

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ


Credit