ယနေ့ ဒီဇင်ဘာ ၁၃ ည နဲ့ ၁၄ ရက်နေ့ ညတွေမှာ ကြယ်မိုး ရွာခြင်းဖြစ်စဉ်ကို မြင်တွေ့ရပါမယ်

130

ကြယ်မိုးအများဆုံး ရွာမယ့် ဒီဇင်ဘာည

ယနေ့ ဒီဇင်ဘာ ၁၃ ည နဲ့ ၁၄ ရက်နေ့ညတွေ မှာတော့ ကြယ်မိုး ရွာခြင်း ဖြစ်စဉ်တွေ ထဲ က အများဆုံး မြင်ရတဲ့ Geminids Meteor Shower ကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ဒီ ကြယ်မိုး က တော့ 3200 Phaethon လို့ အမည်ရတဲ့ ဥက္ကာပျံ က နေ ကျန်ရစ်ခဲ့ တဲ့ အပိုင်းအစ လေးတွေ ကြောင့် ဖြစ်ပေါ်တာပဲဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် နဲ့ ၁၄ ရက် ည သန်းခေါင် က နေ မနက် အာရုံမတက်ခင် ထိ အများဆုံး မြင်ရမှာဖြစ်ပြီး တစ်နာရီ ကို ၁၀၀ လောက်ထိ မြင်ရမှာဖြစ်ပါတယ်။

ဒါပေမယ့် ၁၃ ရက် နဲ့ ၁၄ ရက် တို့ဟာ လပြည့်ကျော် ၂ ရက် နေ့ နဲ့ ၃ ရက်နေ့ တွေ ဖြစ်နေတာကြောင့် လ ရဲ့ အလင်းရောင် ဟာ ကြယ်မိုး ကြည့်ရှုတာကို များစွာ အနှောက်အယှက် ပေးနိုင်ပါတယ်။

Geminids Meteor Shower ကို ကြည့် ရှုမယ်ဆိုပါ က အလင်းရောင် နည်းပါးတဲ့ နေရာ ကနေ အရှေ့ဖက် ကောင်း ကင် ကို စောင့်ကြည့်နိုင်ပါတယ်။

ဆောင်းရာသီ ဖြစ်တာကြောင့် နွေးနွေးထွေးထွေး ဝတ်ပြီး ကြည့်ဖို့လဲ အကြံပြုလိုပါတယ်။

ခရက်ဒစ် MASES/MZM