မယုံနိုင်လောက်စရာ ပရိတ်သတ်တွေ အများကြီး ကြိုဆိုခဲ့ကြတဲ့ မြန်မာအိုင်ဒေါက ယောကီးရဲ့ အိမ်အပြန် ပုံရိပ်များ

131

မြန်မာအိုင်ဒေါပြိုင်ပွဲဝင် ယောကီးကတော့ ဒီတပတ်မှာ Voting Result နည်းသွားခဲ့လို့ ပြိုင်ပွဲကထွက်ခွာခဲ့ရတာပါ။သူ့အနေနဲ့ အကောင်းဆုံးယှဉ်ပြိုင်ခဲ့ပြီး Top 5 အဆင့်ထိ ရောက်ရှိခဲ့တာလည်းဖြစ်ပါတယ်။

ယောကီးရဲ့ထွက်ခွာမှုအပေါ် ပရိသတ်ကြီးကလည်း နှမြောတသဖြစ်နေခဲ့ကြတာဖြစ်ပြီး wild card နဲ့ပြန်လာနိုင်မလားလို့လည်း မျှောင်လင့်နေကြတာပါ။

ခုလက်ရှိမှာတော့ယောကီးဟာမွေးဇာတိချင်းပြည်နယ်မင်းတပ်မြို့ကိုပြန်ခဲ့တာဖြစ်ပြီးလူပေါင်းများစွာရဲ့ကြိုဆိုခြင်းကိုခံခဲ့ရတယ်လို့သိရပါတယ်ယောကီးတစ်ယောက် မင်းတပ်ကို မရောက်သေးခင် ကျောက်ထုမြို့ အဝင်ကတည်းက ပရိသတ်တွေက ကြိုဆိုတာ ကိုခံခဲ့ရတာပါ ။

ဒီလိုကြိုဆိုခဲ့ကြသူတွေထဲမှာ ကျောင်းသားကျောင်းသူတွေနဲ့ ဒေသခံအများအပြားပါဝင်ခဲ့တယ်လို့လည်းသိရပါတယ်ပရိသတ်ကြီးကိုယောကီးအတွက်ကြိုဆိုနေကြတဲ့ လူအုပ်ကြီးရဲ့ ပုံရိပ်တွေကို ထပ်တူဝမ်းသာနိုင်စေရန် မျှဝေပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe yaung lan)