ဗစ်တိုးရီးယား အမှု လျှို့ဝှက်ထားသော မိသားစုအကြောင်းများအား ရဲတပ်ဖွဲ့မှ ထုတ်ဖော်မိ

214

ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်သော အချက်အလက်များနှင့် လျှို့ဝှက်ထားသော မိသားစုအကြောင်းများအား ရဲတပ်ဖွဲ့မှ ထုတ်ဖော်မိ

ဒီဇင်ဘာ(၁၉)AlinnMyay(အလင်းမြေ)

ဗစ်တိုးရီးယားအမှုနှင့် ပတ်သက်သော အချက်အလက်များပါဝင်သည့် စာရွက်စာတမ်းတချို့အား ရဲတပ်ဖွဲ့မှ လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ရဲဇာနည် ဖေ့ဘုတ်ပေ့မှ ထုတ်ပြန်ခဲ့သည်။

နေပြည်တော် Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကျောင်းသူမိန်းကလေး လိင်မတရားပြုကျင့်ခံရတဲ့ အမှုနဲ့ ပတ်သက်လို့ ကာယကံရှင် မိသားစုများရဲ့ ကိုယ်ရေးအချက်အလက်များကို အမှုဖြစ်စဉ်ကစပြီး အဆိုပါ မိသားစုရဲ့ ဂုဏ်သိက္ခာတို့အား ကာကွယ်ပေးခြင်းအနေဖြင့် အများပြည်သူများအားလုံးနှင့် မီဒီယာများအားလုံးမှ အချိန်ကြာမြင့်စွာ လျှို့ဝှက်ပေးထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ အချိန်ကြာမြင့်စွာ လျှို့ဝှက်ထားရှိခဲ့သော အချက်အလက်များအား ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက်နေ့ နေပြည်တော်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြုလုပ်ခဲ့တဲ့ ဗစ်တိုရီးယားအမှုနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် နစ်နာသူ ဗစ်တိုရီးယားလေး၏ မိသားစု နာမည်တွေပါရှိခဲ့၍ တိုက်ရိုက် Live ထုတ်လွှင့်ခဲ့ကြသော မီဒီယာများမှ ထုတ်လွှင်ထားသော တိုက်ရိုက် Live များကို ပြန်လည်ဖြုတ်ချထိမ်းသိမ်းခဲ့ရကြောင်းသိရသည်။

ထို့နောက် နာရီပိုင်းအတွင်မှာပဲ “ရဲဇာနည်” ဖေ့ဘုတ်ပေ့ စာမျက်နှာမှတဆင့် ဒီဇင်ဘာ (၁၉) ညနေ ၅ နာရီ ခွဲ အချိန်ခန့်က “Wisdom Hill မူကြိုကျောင်းတွင် ဖြစ်ပွားခဲ့သော အမှုနှင့်ပတ်သက်သည့် အထောက်အထားများ” ခေါင်းစဉ်ဖြင့် ဓာတ်ပုံအချို့ တင်ခဲ့ပြီး ယင်းထဲမှ စာမျက်နှာတချို့တွင် ဗစ်တိုရီးယားလေးနှင့် မိဘများ၏ အမည်၊ နေရပ်၊ အလုပ်အကိုင်မျာ းပါဝင်ခဲ့ကြောင်းတွေ့ရသည်။

အဆိုပါလုပ်ရပ်များမှာ မလုပ်သင့် မဖြစ်သင့်ကြောင်း လူမှုကွန်ယက် စာမျက်နှာများတွင် များစွာ ဝေဖန်မှုများဖြစ်ပေါ်လာခဲ့ပြီးနောက် “ရဲဇာနည်” ဖေ့ဘုတ်ပေ့စာမျက်နှာမှာ တင်ပြထားသော ပို့များကို ပြန်လည်ဖြုတ်ချခဲ့ကြောင်း တွေ့ရသည်။

Credit to AlinnMyay(အလင်းမြေ)