အရေးပေါ်လူနာအတွက် ကျောက်ကပ် အလှူရှင်လိုအပ်နေလို့ ကူညီပေးကြပါရန်

150

အရေးပေါ်လူနာအတွက် ကျောက်ကပ် အလှူရှင်လိုအပ်နေလို့ ကူညီပေးကြပါရန် တောင်းဆို

ဒီဇင်ဘာ(၁၉)AlinnMyay(အလင်းမြေ)

အရေးပေါ်လူနာအတွက် ကျောက်ကပ် အလှူရှင်လိုအပ်နေလို့ လူမှုကွန်ယက် စာမျက်နှာတွင် တင်ပြကြော်ညာပေးပါရန် ကာယကံရှင် လူနာရဲ့ မိသားစုဝင် အစ်မဖြစ်သူ ဒေါ်ယဉ်သူထွဋ် မှ AlinnMyay(အလင်းမြေ) မီဒီယာသို့ ဓာတ်ပုံများနှင့် တကွ အကူအညီတောင်းခံလာခဲ့ပါသည်။

တာချီလိတ်မြို့ ဟောင်လိတ်စက်မှုစုံမှ လေယာဉ်ကွင်းအနီးမှာ နေထိုင်သူ ကိုမင်းမင်းဦး (၄၅) သည် အရေးပေါ်ကျောက်ကပ် အလှူရှင်လိုအပ်နေပါသဖြင့် ကူညီပေးနိုင်သူ အလှူရှင်များ ကူညီလှူဒါန်းပေးကြပါရန် လူနာနှင့် လူနာရှင် မိသားစုဝင်များရဲ့ ကိုယ်စား AlinnMyay(အလင်းမြေ) မီဒီယာမှ လေးစားစွာ အကူအညီတောင်းခံပေးပါတယ်ခင်ဗျာ။ အွန်လိုင်းအသုံးပြုသူ မိဘပြည်သူများမှလည်း ကျောက်ကပ်လှူနိုင်မည့် အလှူရှင်များ တွေ့မြင်အောင် ဒီပို့လေးကို တတ်နိုင်သလောက် မျှဝေပေးပြီး ကူညီပေးကြပါရန် ထပ်ဆင့်အကူအညီ တောင်းခံပေးပါတယ်ခင်ဗျာ။

အဆိုပါ လူနာ ကိုမင်းမင်းဦးသည် လက်ရှိအချိန်တွင် ကျောက်ကပ်ပါရဂူ ဆရာကြီး ဦးခင်မောင်ကျော်နှင့် ကုသနေပြီး မန္တလေးမြို့ နန်းတော်ဆေးရုံတွင် ကျောက်ကပ်အား နှစ်ရက်လျှင် တစ်ကြိမ်ဆေးနေရပါသည်။ လူနာဖြစ်သူ ကိုမင်းမင်းဦးရဲ့ သွေးအမျိုးအစားမှာ B+ ဟု သိရပါသည်။

လူနာဖြစ်သူ ကိုမင်းမင်းဦးသည် မန္တလေးမြို့ လမ်း (၄၀)- လမ်း (၉၀)ခနွဲကုန်း(၃၉၃) ရပ်ကွက် တွင် သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်တွင် တည်းခိုပြီး ဆေးကုသနေရကြောင်း သိရပါသည်။

လူနာရှင်များနှင့် တိုက်ရိုက်မေးမြန်း ဆက်သွယ် လိုပါက ဖုန်းနံပါတ် – 09781333220 သို့ ဆက်သွယ် မေးမြန်းနိုင်ပါသည်။

အကူအညီတောင်ခံသူ – ဒေါ်ယဉ်ယဉ်ထွဋ်

Credit to AlinnMyay(အလင်းမြေ)