အနှစ်(၃၀)ကြာ ပျောက်ဆုံးသွားပြီးမှ မိဘအရင်းတွေနဲ့ ပြန်ဆုံခဲ့ရတဲ့ သားရဲ့အပျော်

86

တရုတ်နိုင်ငံက အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့နှစ်(၃၀) လူမမယ်အရွယ်ကတည်းက နေအိမ်မှ ပျောက်ဆုံးသွားခဲ့ရာ၊ နောက်ဆုံးမှာတော့ မိဘအရင်းတွေနဲ့ ပြန်လည်ဆုံဆည်းနိုင်ခဲ့ပြီလို့ သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz ကနေ ဖော်ပြထားတာဖြစ်ပြီး၊ AlinnMyay က ဘာသာပြန်လိုက်တာပါ။

ပျောက်ဆုံးသူရဲ့ သားအမည်ကတော့ Li Jian ဖြစ်ပြီး အခု အသက်(၃၃)နှစ်ပါ။ သူဟာ Shanxi မြို့ဇာတိဖြစ်ပြီး၊ အသက်(၃)နှစ်အရွယ်မှာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့အစ်မကြီးရဲ့အဆိုအရ (၁၉၈၉)မှာ Li ဟာ ကလေးစီးသုံးဘီးစက်ဘီးလေးကိုစီးနေတာကို နောက်ဆုံးမြင်တွေ့ခဲ့ရပါတယ်တဲ့။

Li ဟာ ထိုစဉ်က နေအိမ်ကနေ ထွက်သွားခဲ့ရာက အိမ်ကို မပြန်တတ်တော့တာပါ။ သတင်းအချက်အလက် စီးဆင်းမှု အလွန်နှောင့်နှေးတဲ့ခေတ် ဖြစ်တာနဲ့အညီ သူ့ကို လူစိမ်းတွေက တွေ့ရှိပြီး၊ ဖြောင့်မှန်စွာပဲ ရဲစခန်းကိုပို့ခဲ့ပါတယ်။ ကလေး လက်ခံထားတဲ့ ရဲစခန်းနဲ့ Li ရဲ့ မိဘတွေက ဘယ်လိုမှ အဆက်အသွယ် မရခဲ့ပါဘူး။

ဒီလိုနဲ့ Li ဟာ ရဲစခန်းမှာ သောင်တင်နေခဲ့ရာက လူလက်တန်းစား လင်မယားနှစ်ယောက်က ဥပဒေနဲ့အညီ မွေးချင်တယ်ဆိုလို့ ရဲစခန်းကလည်း မွေးစားခွင့်ပေးခဲ့ပါတယ်။ ကလေးအမည်ကိုလည်း မိဘအသစ်တွေက Chen ဆိုပြီးအမည်ပေးခဲ့တာပါ။

မိဘတွေကတော့ အခုအချိန်ထိ Li ကို ရှာတဲ့ကိစ္စကို လက်မလျှော့ပါဘူး။ Li ရဲ့ဖခင်ကတော့ သားပျောက်တာ သူ့ကြောင့်ဆိုပြီး အရက်တွေဖိသောက်ရင်း အသက်မရှည်ခဲ့ဘဲ သေဆုံးသွားခဲ့တာ အတော်ကြာနေပါပြီ။ မသေခင် ဇနီးကို သားကိုအမြန်ရှာဖို့ မှာခဲ့ပါသေးတယ်။

နောက်ဆုံးတော့ Changzhi မြို့ရဲစခန်းက Li ရဲ့ မိဘတွေကို ဆက်သွယ်ခဲ့ပြီး၊ Li နဲ့ DNA တိုက်ဆိုင်စစ်ဆေးတာတွေ ပြုလုပ်ပေးခဲ့ရာ အောင်မြင်ခဲ့ပါတယ်။ အခုတော့ Li ဟာ မွေးစားမိဘတွေကိုလည်း အဆက်အသွယ်မဖြတ်ဘဲ၊ မိခင်အရင်းကိုလည်း သူ လုပ်ကျွေးမယ်လို့ ပြောပါတယ်။

နတ်သူကြီး-AlinnMyay(အလင်းမြေ)