နှစ်သစ်အလှူအဖြစ် တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို (၁၅)သိန်း လှူဒါန်းခဲ့တဲ့ နေခြည်ဦး

94

ချစ်စရာကောင်းပြီး သွက်လက်ချက်ချာ ထက်မြက်လွန်းတဲ့ မိန်းမချောလေး နေခြည်ဦးက Beauty Blogger တစ်ဦးအနေနဲ့ ရပ်တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ ရုပ်ရှင်မင်းသမီးအဖြစ်ပါ အောင်မြင်လာတာ ဖြစ်ပါတယ်။ အားပေးသူ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ နေခြည်ဦးဟာ အောင်မြင်တဲ့ အနုပညာရှင်၊ Influencer တစ်ဦးဆိုလည်း မမှားပါဘူး။ မိန်းကလေးတိုင်းရဲ့ စံပြဖြစ်နေအောင် နေထိုင်တဲ့ နေခြည်ဦးရဲ့ လှုပ်ရှားမှုတိုင်းကို ပရိသတ်တိုင်းက စိတ်ဝင်တစား စောင့်ကြည့်ကြပါတယ်။

လူငယ်တစ်ယောက်ပီပီ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေထိုင်သလို ဘာသာရေးနဲ့ အလှူဒါနတေီ အမြဲမပြတ် လှူဒါန်းတဲ့ နေခြည်ဦးက ဒီနေ့မှာလည်း သူမနဲ့ သူမရဲ့ ချစ်ပရိသတ်တွေ စုပေါင်းပြီး ပြုလုပ်ခဲ့တဲ့ အလှူလေးတစ်ခုကို မျှဝေပေးထားပါတယ်။

နေခြည်ဦးက Golden Heart Animals Resuce Yagon မှာ သူမရဲ့ chillies တွေနဲ့ စုပေါင်းပြီး နှစ်သစ်အလှူအဖြစ် ငွေ (၁၅) သိန်းတိတိ လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

နေခြည်ဦးက သူမရဲ့ အနုကြေးမှရရှိတဲ့ငွေများကို အကူအညီ လိုအပ်တဲ့ နေရာ၊ ဒေသမရွေး အမြဲတစေလှူဒါန်းပြီး ကောင်းမှုတွေ ပြုလုပ်တတ်တဲ့ စိတ်ထားအလှပိုင်ရှင်လေးပဲ ဖြစ်ပါတယ်။

နေခြည်ဦးကတော့ နှစ်သစ်မရောက်ခင်ကတည်းက အလှူတွေပြုလုပ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည်ဦးနဲ့ chillies တွေရဲ့ အလှူလေးကို သာဓုခေါ်ပေးကြဦးနော်။

Rowena

Source: Nay Chi Oo’s fb