အမေစုနဲ့တွေ့ဆုံရချိန်လေးမှာ ရိုရိုသေသေနဲ့လက်ဆယ်ဖြာထိပ်မှာမိုးပြီးရှိခိုးကန်တော့ခဲ့ကြတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံ

106

စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ဟာဆိုရင်ပရိသတ်တွေအများအပြားလေးစားအားကျရတဲ့ဇနီးမောင်နှံတွေဖြစ်ပြီးအလှူအတန်းဆိုလည်းတတ်နိုင်သလောက်လှူဒါန်းကြသလိုနိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းကနေအားဖြည့်ပေးတာဖြစ်ပါတယ်မကြာသေးခင်အတွင်းကနယ်သာလန်နိုင်ငံသို့သွားရောက်ပြီးအမှုဖြေရှင်းရတဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆောင်ဆန်းစုကြည်ကို ဝန်းရံဖို့အတွက် စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံး နယ်သာလန်နိုင်ငံကိုသွားခဲ့ကြတာဖြစ်ပါတယ်။

ပြန်ရောက်တဲ့အချိန်မှာတော့စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်ကသမီးလေးတွေကိုခေါပြီးကိုရီးယားကိုအလည်အပတ်ခရီးထွက်သွားကြတာဖြစ်ပါတယ်စမိုင်းလ်ကတော့ပျော်ရွှင်စရာမိသားစုဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတာဖြစ်လို့ စမိုင်းလ်ရဲ့ချစ်စရာမိသားစုလေးကို ပရိသတ်တွေကလည်းအရမ်းချစ်ကြတာကြောင့် အမြဲစောင့်ကြည့်ပြီးအားပေးနေကြတာဖြစ်ပါတယ်။

အခုဆိုရင်တော့ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်က အလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့သွားရောက်တွေ့ဆုံရလို့အပျော်လွန်ခဲ့ကြတာဖြစ်ပါတယ်။အမေစုနဲ့ တွေ့ခိုက်လေးမှာ စမိုင်းလ်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက အမေ့ကိုလက်ဆယ်ဖြာထိပ်မှာမိုးပြီး ရှိခိုးကန်တော့ခဲ့ကြတာပါ။

From YomaLan