ပူးလေးတွေလိုချစ်ဖို့ကောင်းတဲ့ သောကြာသားသမီးလေးတွေအတွက် ၂၀၂ဝခုနစ်တစ်နှစ်စာဟောစာတမ်း

218

သောကြာသားသမီးတို့သည် ယခုနှစ်တွင်စွန့်စွန့်စားစားလုပ်ကိုင်ရမည်။မိမိကိုယ်ယုံကြည်မှုအပြည့်အဝထားရှိသူသူဖြစ်ပါကဘဝအတွက်အောင်မြင်ခြင်းပန်းတိုင်ကလက်ကမ်းကြို းဆိုလျက်ရှိနေပါသည်။ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်နေသူဆိုလျှင်ရင်းနှီးမြှင်နှံမှုအစုစုကိုရဲရဲဝံ့ဝံ့ပြု လုပ်နိုင်ပါသည်။

ယခုနှစ်တွင်(၁၅-၁-၂၀၂၀)မှစ၍(၁၅-၃-၂၀၂၀)အထိစီးပွားရေးများသတိနှင့်ဆောင်ရွက်ရမည်။ ရည်ရွယ်ချက်ထားတိုင်းအတိုက်အခံများနှင့်ကြုံ တွေ့ရမည်။ ကတိပေးမှားတာ၊ စာချုပ်မှားတာတွေ ဖြစ်တတ်ပါတယ်။အမွေအနှစ်ကိစ္စအတွက်ဆွေမျို းများနှင့်အငြင်းပွားပြီးဥပဒေနှင့်ရင်ဆိုင်ရတတ်သည်။

(၁၆-၄-၂၀၂၀)မှစ၍(၁၅-၇-၂၀၂၀)အထိ ဇိမ်ခံပစ္စည်းများဝင်မည်။နေရာသစ်၊ဝန်းကျင်သစ်များသို့ပြောင်းရွှေ့လုပ်ကိုင်ရတတ်သည်။လူသစ်၊မိတ်သစ်များနှင့်ပူးတွဲလုပ်ခြင်းများအကျို းပေးမည်။စီးပွားရေး..အိမ်၊ခြံ၊မြေရောင်းဝယ်ခြင်းပုလဲ၊ငါးမွေးမြူ ရေးလုပ်ငန်းစားသောက်ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှဝင်ငွေရရှိနိုင်သည်။မိမိရင်းနှီးမြှပ်နှံမှုရှိသလောက်အကျို းအမြတ်ဖြစ်ထွန်းနိုင်သောနှစ်ဖြစ်သည်။

လူမှုရေရာ..မမျှော်လင့်ဘဲဘာသာရေးကိစ္စ၊အလှူ အတန်းကိစ္စများထူးခြားစွာအောင်မြင်လာလိမ့်မည်။အဖွဲ့အစည်းသက်ဆိုင်သူသောကြာနေ့ဖွားအပေါင်းတို့သည်လည်းမိမိသဇြာအာဏာလွှမ်းမိုးနိုင်ရန်အဖက်ဖက်မှရုန်းကန်လှုပ်ရှားရန်ကြိုတင်အသိပေးအပ်သည်။စက်ပစ္စည်းနှင့်ထိခိုက်ဒဏ်ရာရတတ်သည်။လုပ်ငန်းကိစ္စများအတွက်စနေနှင့်တနင်္လာသားသမီးများတွဲဖက်ဆောင်ရွက်ခြင်းများဂရုစိုက်ပေးပါ။

ပညာရေး..စာပေသင်ကြားနေသူများမိမိတို့၏ဆုံးဖြတ်ချက်ခိုင်မာစွာထားရှိရန်လိုအပ်ပါသည်။နိင်ငံတကာအဆင့်မြင့်ပညာရေးအတွက်မျှော်လင့်ချက်ထားရှိသူများအလိုဆန္ဒပြည့်ဝပါမည်။

ကျန်းမာရေးကြောင့်ပညာရေးတွင်အနှောင့်အယှက်အနည်းငယ်ရှိနိုင်သည်။

ပျို ရွယ်သူများအချစ်ကိုဖွင့်ပြောရန်ဝတ်လေးပြီးနှုတ်ခမ်းနှေးခြင်းကြောင့်တစ်ပါးသူလက်သို့ချစ်သူပါးသွားတတ်သည်။အချစ်ရေးသမားအတွက်မိမိတို့ရရှိလာသောအခွင့်အရေးများကိုပိုင်နိုင်စွာမသုံးချတတ်မှသာလျှင်ပန်းပန်နိုင်သူဖြစ်ပါမည်။

အိမ်ထောင်ရှင်များအတွက်အိမ်ထောင်ရေးသာယာဝပြောပြီးစည်းစိမ်ဥစ္စာတိုးပွားသောနှစ်ဖြစ်သည်။သို့သော်တစ်ဦးနှင့်တစ်ဦးယုံကြည်မှုကောင်းစွာရရှိသူများအတွက်အကျို းပေးကောင်းမွန်ပါမည်။အိမ်ထောင်ရှင်များရံဖန်ရံခါစကားငြင်းဆိုမှုများပတ်ဝန်းကျင်ကြောင့်ပေါ်လာမည်။မိသားစုအတွင်းပြင်ပပြဿ နာများဝင်လာပြီးအပြောအဆိုခံရတတ်သည်။စိတ်အနှောက်အယှက်ဖြစ်နေမည်။အသက်အရွယ်ကြီးသူများရှိပါကကျန်းမာရေးဂရုစိုက်ရမည်။

ကျန်းမာရေးအတွက်သောကြာနေ့ဖွားဂရုစိုက်ရပါမည်။ကျန်းမာရေးတွင်ဖျားနားခြင်း၊အစားအသောက်မှားခြင်း၊သွေးအားနည်းခြင်း၊ဗိုက်အောင့်၊လေနာရောဂါများဂရုစိုက်ရမည်။အနာရောဂါရှိသူများဖြစ်ပါကဆေးဝါးကုသခံယူခြင်းဖြင့်၎င်း၊တရားဓမ္မနည်း၊ယောဂကျင့်စဉ်နည်းတို့ဖြင့်ကုသသောနည်းများပါကျင့်သုံးရန်သင့်တော်ပါသည်။

ထီးထိုးရန်-အကျိူ းပေးအက္ခရာနှင့်ဂဏန်း-{လ၊ယ၊စ၊ဆ}

၆ အစ, ဝ အဆုံး ထီးထိုးပေးပါ။

အထူးသဖြင့် ဤနှစ် သားသမီများတို့သည် လုပ်ငန်းကိစ္စရပ်များအတွက်တော့ “စနေ,တနလာင်္” ထိုနေနံသားသမီးများနှင့် ဆောင်ရွက်ခြင်းများ၊ ခရီးသွားရာတွင် အထူးသတိထားသင့်သည်။

အကျိူ းပေးအက္ခရာ -{လ၊ယ၊စ၊ဆ}

အကျိူ းပေးဂဏန်း-{၆၊၈၊၂၊ဝ}

အကျိူ းမပေးနေနံ-{“စနေ,တနလာင်္”}

အကျိူ းပေးအရောင်- အဖြူ ၊အစိမ်း၊ရွှေရောင်

အကျိူ းမပေးအရောင်- အမဲ့ရောင်၊ခရမ်းရောင်

ဆောင်ရန်- စိန်ရတနာ

ယတြာ – ယတြာ-မိမိမွေးနေ့တွင်အဖြူ ရောင်သစ္စာပန်း၊အဖြူရောင်နှင်းဆီပန်း၊သဇင်ပန်း၊ဇီညွန့်(၁၁)ညွှန့်ဘုရားတွင်လှူပေးပါ။အနောက်မြောက်အရပ်မှာတန်ဆောင်ပြု လုပ်လှူ ဒါန်းခြင်း၊လှေကားပြု ပြင်လှူ ဒါန်းခြင်းပြု လုပ်ပါ

credit-0rginal uploader