မီးပူ မီးအားပြင်းလို့ ကပ်ကျန်ခဲ့တာတွေကို ဖယ်ရှားပေးမယ့် အကောင်းဆုံး နည်းလမ်းများ

168

မီးပူတိုက်တဲ့အခါမှာ မီးအား မတော်တဆများသွားလို့ အကျီ င်္တွေ ကျွမ်းသွားတဲ့အခါမှာ အဲဒါတွေဟာ ခွာမရပဲ ကပ်ကျန်နေနေတတ်ပါတယ်။ ဒါတွေဟာ တော်တော့်ကို ဆိုးဝါးပြီးတော့ ခွာမရပဲ မီးပူထပ်တိုက်မိတဲ့အခါမှာ အလွယ်တကူပဲ တစ်ခြားသောအကျႌတွေကို လောင်ကျွမ်းစေနိုင်ပါတယ်နော်။ ဒီလိုပြသနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးကိဝေမျှပေးချင်ပါတယ််။

မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါကို ရေအနည်းငယ်နဲ့ စေးပျစ်အောင် ဖျော်ပေးရမှာ ဖြစ်ပါတယ်။ အကျႌစတွေ ကပ်ကျန်ခဲ့တဲ့ မီးပူအောက်ခြေမှာ အဲဒီ့ ပြုလုပ်ထားတဲ့ အရောအနှောကို နူးညံတဲ့ brush လေးနဲ့ ယူပြီး ပွတ်တိုက်ပေးရမှာဖြစ်ပါတယ်။ ပြီးသွားရင်တော့ မုန့်ဖုတ်ဆိုဒါတွေကို ဖယ်ရှားပေးဖို့ ရေစိုဝတ်လေးကို သုံးပေးရမှာပါ။ သတိထားရမှာက မီးပူကို အသုံးမပြုခင်မှာ သေချာခြောက်အောင် သုတ်ပေးဖို့ကို မမေ့ပါနဲ့။ ဒီနည်းလမ်းက မီးပူမှာ ကပ်ကျန်နေတဲ့ အရာတွေကို လွယ်ကူစွာ ဖယ်ရှားပေးနိုင်ပါတယ်။

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါ

ရှာလကာရည်နဲ့ မုန့်ဖုတ်ဆိုဒါကို အရည်ရအောင် ရောနှောပေးရမှာ ဖြစ်ပါတယ်။ အရည်ရဖို့အတွက်ဆို ရှာလကာရည်ကို မုန့်ဖုတ်ဆိုဒါထက် များများထည့်ဖို့ လိုအပ်ပါတယ်။ ပြီးရင်တော့ အဝတ်စတစ်ခုကို အဲဒီ့ဖျော်ထားတဲ့ အရည်ထဲမှာ နှစ််လိုက်ပါ။ ပြီးသွားရင်တော့ အဲဒီ့အဝတ်စကို မီးပူနဲ့ မီးပူတိုက်သလို တိုက်ပေးရမှာ ဖြစ်ပါတယ်။ မီးပလပ်ထိုးထားစရာမလိုပါဘူးနော်။

သွားတိုက်ဆေး

သွားတိုက်ဆေးဆိုတာ အိမ်တွေရဲ့ လွယ်ကူရိုးရှင်းတဲ့ အစွန်းချွတ်ဆေးတစ်ခုဖြစ်ပါတယ််။ အကျႌတွေမှာ စွန်းပေသွားတဲ့ အစွန်းအထင်းတွေကို သွားတိုက်ဆေးလူူး တစ်ညထားပြီး ပြန်လျှော်လိုက်ရင် အစွန်းတွေဖယ်ရှားနိုင်သလိုပဲ မီးပူမှာ ကပ်နေတဲ့အရာတွေကို သွားတိုက််ဆေးနဲ့ လွယ်ကူစွာ ဖယ်ရှားနိုင်ပါတယ်။ မီးပူအောက်ခြေမှာ သွားတိုက်ဆေးအနည်းငယ်ကို ရေအနည်းငယ်စိုနေတဲ့ အဝတ်စနဲ့ ပွတ်တိုက်ခြင်းက မီးပူရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင််ပါတယ်။

ဆား

ဒီနည်းလမ်းလေးပြုလုပ်ဖို့အတွက် မီးပူကို မီးဖွင့်ထားဖို့ လိုအပ်ပါတယ်။ စာရွက်တစ်ရွက်ပေါ်ကို ဆားတော်တော်များများ လောင်းချလိုက်ပြီး အပေါ်ကနေ မီးပူနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။ အကြိမ်ရေ အနည်းငယ်လောက် ပွတ်တိုက်ပြီးရင်တော့ မီးပူကို ပလပ်ဖြုတ်ပြီး အအေးခံထားလိုက်ပါ။ အေးသွားတဲ့အခါမှာ မီးပူမှာ ကပ်ကျန်ခဲ့တဲ့ ဆားတွေကို ခြောက်သွေ့တဲ့ အဝတ်စနဲ့ ဖယ်ရှားပေးရမှာ ဖြစ်ပြီး မီးပူမှာ ကပ်ကျန်နေတဲ့ ဂျီးတွေပြောင်သွားတာကို တွေ့ရမှာ ဖြစ််ပါတယ်။

မသိသေးတဲ့ အိမ်ရှင်မလောင်းလေးတွေအတွက် မျှဝေပေးပါဦးနော်

Khin

Credit to Aunty May