71 နှစ်အရွယ်ဇနီးကို သူများလုသွားမှာစိုးလို့ အိမ်တွင်းပုန်းခိုင်းတဲ့ 16 နှစ်အရွယ်ခင်ပွန်း

180

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ဆူမားတြားပြည်နယ်မှာ၊ ဖြစ်ပေါ်ခဲ့တဲ့ အသက ်16 နှစ်အရွယ် သတို့သားနဲ့ 71 နှစ်အရွယ် သတို့သမီးတို့ရဲ့ မင်္ဂလာပွဲဟာ လူမှုကွန်ယက်မှာ ပလူပျံခဲ့ပါတယ်။ အသက် 16 နှစ်အရွယ် Selamat Riayadi နဲ့ သူရဲ့ ဇနီး Rohaya တို့ဟာ အချင်းချင်း ချစ်ကျွမ်းဝင်ပြီးနောက် ဆွေမျိုးသားချင်းတွေက သဘောမတူကြပါဘူး။

အဓိကကတော့ Selamat နဲ့ Rohaya တို့ ရဲ့ အသက်ကွာခြားမှုကြောင့် ဆွေမျိုးတွေက သဘောမကျ ကြတာပါ။ းါပေမယ့် နှစ်ဦးစလုံးက သူတို့ချစ်ခြင်းကို အရှင်အတိုင်းတော့ ခွဲလို့မရဘူး၊ အသေအတိုင်းသာ ခွဲလို့ရမယ်လို့ ခြိမ်းခြောက်ခဲ့ကြလို့ နောက်ဆုံး ဆွေမျိုးတွေက မင်္ဂလာပွဲ စီစဉ်ပေးခဲ့ပါတယ်။

ဒီမှာတင် သူတို့သတင်းက လူစိတ်ဝင်စားမှု ရပ်တန့်သွားတယ်လို့ ထင်စရာ ရှိပါတယ်။ ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးပါဘူး။ အကြင်လင်မယားနှစ်ယောက်ဟာ ညားပြီးကတည်းက အိမ်ထဲက အိမ်ပြင် သိပ်ထွက်လေ့ မရှိတော့ဘဲ၊ ကျေးရွာ ဘာသာရေးဆိုင်ရာ လူကြီးတွေက ဗလီလာမတက်လို့ စာပို့သတိပေးရသည်အထိ ဖြစ်ခဲ့ပါတယ်။

ညားကာစ တစ်လလောက်မို့ ဒီလို အိမ်တွင်းအောင်းတာလို့ တစ်ချို့က ယူဆခဲ့ပေမယ့်၊ နှစ်လ သုံးလ တန်သည်အထိ သူတို့က ဒီပုံစံပါဘဲ။ တစ်ခါတလေ Selamat ဟာ မဖြစ်မနေ ကိစ္စရပ်ပေါ်လာလို့ ရှားတောင့်ရှားခဲ အပြင်ကို ထွက်ရတဲ့ အခါမျိုးမှာ အိမ်ကို သော့တွေနဲ့ သေချာကျကျနနပိတ်ပြီး၊ ဇနီးသည် Rohaya ကို အိမ်ထဲမှာ တစ်ဦးတည်း ထားရစ်ခဲ့တာကို ပတ်ဝန်းကျင်က သတိထားမိခဲ့ကြပါတယ်။

ဒါနဲ့ နီးစပ်ရာက Selamat ကို ဘာလို့ အပြင်သွားတိုင်း အိမ်ပေါက်စေ့ သော့တွေ လိုက်ခတ်ရတာလဲကွာ-လို့ ချော့မော့ မေးမြန်းတော့ Selamat က ” ကျုပ်မိန်းမကို တစ်ခြားယောက်ျားက ကြောင်တောင်ဝင်နှိုက်မှာစိုးလို့ပေါ့ဗျ “ဆိုပြီးခပ်ဆက်ဆက် ဖြေပါတယ်တဲ့။ ဒီတော့မှ ရွာသားတွေလည်း Selamat ရဲ့ အဖြစ်သည်းပုံကို ရယ်ရအခက်၊ ငိုရအခက် ဖြစ်စေခဲ့ပါတယ်။

Selamat နဲ့ Rohaya တို့ ဇနီးမောင်နှံမှာ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲလည်း မရှိဘူးလို့ သိရပါတယ်။ သူတို့ရွာမှာတော့ သူတို့ဟာ အချမ်းသာကြီးမဟုတ်တောင် စားနိုင်သောက်နိုင်တဲ့အထဲမှာ ပါပါတယ်တဲ့။ လက်ရှိအချိန်ထိတော့ Rohaya ဟာ အသက်မည်မျှပင် ကြီးစေကာမူ၊ နှစ်ယောက်သား ရင်သွေးရဖို့ စိတ်ကူးယဉ်နေကြတယ်လို့ ဆိုပါတယ်။

Credit…