ဒီလိုမျိုး ပြည်သူ့ ဝန်ထမ်း မြန်မာပြည်မှာ ရှိတယ်ဆိုတာ လက်တွေ့မြင်ဖူးအောင်ကြည့်လိုက်ပါ

238

လူမှုကွန်ယက်မှာ လူကြည့်များပြီး နာမည်ကြီးနေတဲ့ ပြည်သူ့ဝန်ထမ်း မော်တော်ပီကယ် ရဲမှူးကြီးတစ်ယောက်ရဲ့ ပြည်သူတွေကို ရိုသေလေးစားစွာဖြင့် အသိပညာပေး ရှင်းလင်းပြောကြားနေတဲ့ ဗွီဒီယိုဖိုင်တစ်ခုကို မျှဝေပေးလိုက်ပါတယ်။

ဆိုင်ကယ်စီးသူများကို ဦးထုပ်ဆောင်းရန် ညွှန်ကြား ဟောပြောနေတာဖြစ်ပါတယ်။ မော်တော်ပီကယ်ဆရာကြီးပြောနေတာ ပြည်သူတွေကို တကယ့်ကို ရိုသေလေးစားစွာဖြင့် စိတ်ရှည်လက်ရှည် ပြောပြနေပြီး ပြောကြားပြီးတဲ့နောက်ပိုင်းမှာ လည်း လက်အုပ်ချီပြီး ရိုသေလေးစားကြောင်းကို ပြသသွားပါတယ်။

အခုလို ပြည်သူ့ဝန်ထမ်းတစ်ယောက်က ပြည်သူတွေကို ရိုသေလေးစားမှုကြေင့် ပြည်သူတွေကလည်း မော်တော်ပီကယ် ရဲမှူးကြီးရဲ့ လက်အုပ်ချီအရိုအသေပေးမှုကို ပြန်လည်ကာ လက်အုပ်ချီပြီး အပြန်အလှန်လေးစားမှုကို ပြသနေတာ တကယ့်ကို ချစ်ခင်ဖွယ်ရာ မြင်ကွင်းလေးကို တွေ့မြင်လိုက်ရခြင်းပါပဲ..။

အခုလိုမျိုး ပြည်သူ့ဝန်ထမ်းတွေ များများပေါ်ထွန်းရေးကို ပြည်သူများအားလုံးက လိုလားနေတယ်ဆိုတာ သက်သေအဖြစ် ဒီပို့လေးကို ဝိုင်းရှယ်ကာ ဂုဏ်ပြုလိုက်ကြပါစို့နော်..။

(Zawgyi)




