ချစ်သူသက်တမ်းလေးနှစ်ရှိနေ ပြီ ဖြစ်တဲ့ နိုင်ငံ ခြားသားနဲ့ စေ့စပ်ခဲ့တဲ့အမွန်း

164

ထူးခြားတဲ့ သီဆိုမှုတွေနဲ့ သီချင်းကောင်းတွေကို ဖန်တီးတတ်တဲ့ အဆိုတော် အမွန်းကတော့ ၂၀၂၀ နှစ်ဦးမှာပဲ စေ့စပ်သွားခဲ့ပါပြီ။ သူမဟာဆိုရင် ဂီတနယ်ပယ်မှာ ပရိသတ်အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပြီးတော့ တေးချစ်သူတွေရဲ့ အားပေးမှုကိုသိမ်းပိုက်ထားသူလည်း ဖြစ်ပါတယ်။ သူမဟာ လက်ရှိ ချစ်သူနဲ့ ၄ နှစ်တာ ကာလ တွဲလာခဲ့ပြီးတော့ အခုတော့ လက်ထပ်တော့မယ့် အကြောင်းကို အသိပေးကြေငြာလိုက်ပါတယ်။

အမွန်းရဲ့ ချစ်သူကတော့ နိုင်ငံခြားသား တစ်ယောက်ဖြစ်ပြီးတော့ ချစ်သူ သက်တမ်း ၄ နှစ်ပြည့်မှာ သူမကို လက်ထပ်ဖို့ ခွင့်တောင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အချစ်ရေးမှာ ကံကောင်းတယ်လို့ အမြဲတမ်း ဖွင့်ဟလေ့ရှိတဲ့ အမွန်းကတော့ သူ့ရဲ့ချစ်သူကို အရင်ဆုံး ကချင် နာမည်ပေး ကင်ပွန်းတပ် လုပ်ရဦးမှာ ဖြစ်ပြီးတော့ မင်္ဂလာအခမ်းအနားကိုတော့ ဒီနှစ်ကုန်မှာ ကျင်းပသွားမှာပါတဲ့။

ဒါကြောင့် အချစ်ရေးမှာ ကံကောင်းတဲ့ အမွန်းရဲ့ ပျော်ရွှင်မှုတွေကို ပရိသတ်ကြီးလည်းသိရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။ အချိန်ပေးဖတ်ရှုပေးတဲ့ ရွှေရောင်လမ်း ပရိသတ်ကြီးကို အထူးပဲ ကျေးဇူးတင်ပါတယ်။

Writer – SMT( Shwe Yaung Lan)