မိဘနှစ်ပါးလုံးကို မြုပ်နှံထားတဲ့ သချႋုင်းမြေပုံအနားသွားပြီး “မေမေ”ဆိုပြီး အော်ခေါ်နေခဲ့တဲ့ သားလေးရဲ့အဖြစ်

167

လူတိုင်းကတော့ တစ်ချိန်ချိန်တစ်နေ့နေ့မှာ ကိုယ်ချစ်ရသူတွေနဲ့ ကြုံဆုံ ၊ ကွဲကွာ ၊ ထားရစ် ခဲ့ရမှာပါပဲလေ ။

ဒီတစ်ခေါက်မှာလည်း 2နှစ်သားအရွယ် မလေးရှားနိုင်ငံက ကလေးငယ်တစ်ယောက်ဟာ ကားအက်ဆီးဒင့်ကြောင့် မိဘနှစ်ပါးလုံးကို တစ်ကြိမ်ထဲမှာပဲဆုံးရှုံးသွားခဲ့ရပါတယ် ။

မိခင်ကို အတော်လေးလွမ်းဆွတ်နေခဲ့တဲ့ သားငယ်လေးဟာ မိဘနှစ်ပါးလုံးကိုမြုပ်နှံထားတဲ့ သဲမြေပုံလေးအကြား သဲမြေတွေနဲ့ဆော့ကစားနေခဲ့တာကို မခံစားနိုင်လို့ ကလေးငယ်ရဲ့အဖြစ်ကို အဒေါ်ဖြစ်သူက Facebook စာမျက်နှာပေါ်မှာ ဝေမျှသွားပေးခဲ့ပါတယ် ။

အဒေါ်ဖြစ်သူ ရေးသားထားခဲ့တာကတော့ ” ကလေးငယ်က အမေနဲ့စကားပြောချင်တယ်ဆိုလို့ သူ့ရဲ့မိဘနှစ်ပါးကို မြုပ်နှံထားတဲ့ နေရာကိုခေါ်လာပေးခဲ့တာပါ ။

သူ့ရဲ့ အမေကဒီနေရာမှာရှိနေတယ်ဆိုပြီးပြောပြလိုက်ချိန်မှာတော့ ကလေးငယ်က ‘မေမေ ၊ မေမေ ‘ ဆိုပြီးအော်ခေါ်နေခဲ့တာပါ ။ကလေးငယ်က အိမ်ခေါ်ပြန်လို့လည်းမရတော့ပါဘူး ။

အိမ်မှာသဲတွေလုံးဝမဆော့တဲ့ကလေးက ဒီမှာကျသဲမြေတွေနဲ့ဆော့ကစားနေခဲ့တာပါ ။

သူ့မိဘတွေကို အတော်လေးသတိရနေပုံပါပဲ ၊ အိမ်ပြန်ဖို့လည်း ငြင်းနေခဲ့တယ် ၊ နောက်တစ်ကြိမ်မှပြန်လာလည်ရအောင် Arfan ဆိုပြီး ပြောခဲ့ရတယ် ” ဆိုပြီး ကလေးငယ်ရဲ့ ရင်နင့်ဖွယ်အဖြစ်ကို ရေးသားထားခဲ့တာပါ ။

သားလေးဟာ အခုချိန်မှာတော့ အဘွားဖြစ်သူနဲ့အတူနေထိုင်လျက်ရှိပြီး မိဘနှစ်ပါးရှိရာနေရာသို့ အမြဲသွားရောက်လည်ပတ်လေ့ရှိကြောင်းလည်း သိရှိရပါတယ် ။

ဒါကြောင့်မို့ အခုလိုတန်ဖိုးရှိလွန်းလှတဲ့အချိန်လေးမှာ ကိုယ်ချစ်ရသူတွေကို အချိန်ပေးပြီး တန်ဖိုးရှိတဲ့ အချိန်မျိုးတွေ ၊ အမှတ်တရမျိုးတွေဖန်တီးပြီး အကောင်းဆုံးရှေ့ဆက်လျှောက်လှမ်းကြဖို့ ပြောဆိုလိုက်ရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

မိဘႏွစ္ပါးလုံးကို ျမဳပ္ႏွံထားတဲ့ သခ်ႋုင္းေျမပုံအနားသြားၿပီး “ေမေမ”ဆိုၿပီး ေအာ္ေခၚေနခဲ့တဲ့ သားေလးရဲ့အျဖစ္..

လူတိုင္းကေတာ့ တစ္ခ်ိန္ခ်ိန္တစ္ေန႔ေန႔မွာ ကိုယ္ခ်စ္ရသူေတြနဲ႔ ၾကဳံဆုံ ၊ ကြဲကြာ ၊ ထားရစ္ ခဲ့ရမွာပါပဲေလ ။

ဒီတစ္ေခါက္မွာလည္း 2ႏွစ္သားအရြယ္ မေလးရွားနိုင္ငံက ကေလးငယ္တစ္ေယာက္ဟာ ကားအက္ဆီးဒင့္ေၾကာင့္ မိဘႏွစ္ပါးလုံးကို တစ္ႀကိမ္ထဲမွာပဲဆုံးရႈံးသြားခဲ့ရပါတယ္ ။

မိခင္ကို အေတာ္ေလးလြမ္းဆြတ္ေနခဲ့တဲ့ သားငယ္ေလးဟာ မိဘႏွစ္ပါးလုံးကိုျမဳပ္ႏွံထားတဲ့ သဲေျမပုံေလးအၾကား သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာကို မခံစားနိုင္လို႔ ကေလးငယ္ရဲ့အျဖစ္ကို အေဒၚျဖစ္သူက Facebook စာမ်က္ႏွာေပၚမွာ ေဝမၽွသြားေပးခဲ့ပါတယ္ ။

အေဒၚျဖစ္သူ ေရးသားထားခဲ့တာကေတာ့ ” ကေလးငယ္က အေမနဲ႔စကားေျပာခ်င္တယ္ဆိုလို႔ သူ႔ရဲ့မိဘႏွစ္ပါးကို ျမဳပ္ႏွံထားတဲ့ ေနရာကိုေခၚလာေပးခဲ့တာပါ ။

သူ႔ရဲ့ အေမကဒီေနရာမွာရွိေနတယ္ဆိုၿပီးေျပာျပလိုက္ခ်ိန္မွာေတာ့ ကေလးငယ္က ‘ေမေမ ၊ ေမေမ ‘ ဆိုၿပီးေအာ္ေခၚေနခဲ့တာပါ ။ကေလးငယ္က အိမ္ေခၚျပန္လို႔လည္းမရေတာ့ပါဘူး ။

အိမ္မွာသဲေတြလုံးဝမေဆာ့တဲ့ကေလးက ဒီမွာက်သဲေျမေတြနဲ႔ေဆာ့ကစားေနခဲ့တာပါ ။

သူ႔မိဘေတြကို အေတာ္ေလးသတိရေနပုံပါပဲ ၊ အိမ္ျပန္ဖို႔လည္း ျငင္းေနခဲ့တယ္ ၊ ေနာက္တစ္ႀကိမ္မွျပန္လာလည္ရေအာင္ Arfan ဆိုၿပီး ေျပာခဲ့ရတယ္ ” ဆိုၿပီး ကေလးငယ္ရဲ့ ရင္နင့္ဖြယ္အျဖစ္ကို ေရးသားထားခဲ့တာပါ ။

သားေလးဟာ အခုခ်ိန္မွာေတာ့ အဘြားျဖစ္သူနဲ႔အတူေနထိုင္လ်က္ရွိၿပီး မိဘႏွစ္ပါးရွိရာေနရာသို႔ အျမဲသြားေရာက္လည္ပတ္ေလ့ရွိေၾကာင္းလည္း သိရွိရပါတယ္ ။

ဒါေၾကာင့္မို႔ အခုလိုတန္ဖိုးရွိလြန္းလွတဲ့အခ်ိန္ေလးမွာ ကိုယ္ခ်စ္ရသူေတြကို အခ်ိန္ေပးၿပီး တန္ဖိုးရွိတဲ့ အခ်ိန္မ်ိဳးေတြ ၊ အမွတ္တရမ်ိဳးေတြဖန္တီးၿပီး အေကာင္းဆုံးေရွ႕ဆက္ေလၽွာက္လွမ္းၾကဖို႔ ေျပာဆိုလိုက္ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz