ချုပ်ချယ်တဲ့ မိသားစုမှာ ကြီးပြင်းလာရတဲ့ မိန်းကလေးတွေရဲ့ ခံစားချက်များ

150

အသက်သာ ကြီးလာတယ် အိမ်ကို မပိုင်တဲ့ ကောင်မလေးတွေ အများကြီး ရှိပါတယ်။ ရှေးရိုးစွဲဆန်တဲ့ မိသားစုမှာ ကြီးပြင်းရတဲ့ ကောင်မလေးတွေဆို ပိုလို့တောင်ဆိုးပါသေးတယ်။ ဘာပဲလုပ်လုပ် စောင့်ကြည့်ခံနေရသလို ဟိုဟာ မလုပ်နဲ့ ဒီဟာ မလုပ်နဲ့ ဆိုပြီး နည်းမျိုးစုံနဲ့ ချုပ်ချယ်ခံနေရပါတယ်။ ဒါကြောင့် သူတို့လေးတွေမှာ ဒီလို စိတ်အနာတရတွေ ရှိနေတတ်ပါတယ်။

(၁) ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတယ်

လူတွေရှေ့မှာ ကိုယ်လုပ်တဲ့အရာအတွက် ယုံကြည်မှု ရှိရင် ရှိနေပါလိမ့်မယ်။ ဒါပေမဲ့ အိမ်နဲ့ ရင်ဆိုင်ရတော့မယ် အိမ်အကြောင်းနဲ့ ပတ်သက်ပြီး ပြောရဆိုရတော့မယ်ဆိုရင် ယုံကြည်မှု ပျောက်နေတတ်ပါတယ်။ ငါ ဒီလို ပြောလိုက်လို့ရော ဖြစ်ပါမလား ဆိုတဲ့ လား ပေါင်းများစွာနဲ့ တော်ရုံဆို ဘာပြောလို့့ ပြောရမှန်း မသိတဲ့အထိ ယုံကြည်မှု မရှိ ဖြစ်နေတတ်ကြပါတယ်။ အိမ်က ချုပ်ချယ်တဲ့အိမ် ဖြစ်တာကြောင့် ခွင့်မပြုရင်ဆိုပြီး တွေးနေရလို့ အများနဲ့ တန်းတူ မပြောရဲကြပါဘူး။

(၂) လူမှုဆက်ဆံရေးမှာ အားနည်းတယ်

သူတို့တွေက သူငယ်ချင်း အရမ်းနည်းပါတယ်။ သူတို့ကို နားလည်ပေးနိုင်တဲ့သူတွေပဲ သူတို့အနားမှာ ကျန်နေခဲ့တာပါ။ အိမ်က ခွင့်မပြုတာကြောင့် သူငယ်ချင်းတွေနဲ့ အတူ ဖြတ်သန်းရမယ့် အချိန်တွေ နည်းတဲ့သူလေးတွေပါ။ ဒါကြောင့် သူ့မှာ သူငယ်ချင်းအများကြီး မရှိတာလို့ တွေးတတ်ကြပါတယ်။ ဒါ့အပြင် အိမ်က ဆူမှာ စိတ်ပူနေရတဲ့ စိတ်ကြောင့် အပေါင်းအသင်းတွေနဲ့လည်း ဘယ်လိုပြောရ ပေါင်းရမယ်မှန်းလည်း မသိပါဘူး။ အိမ်မှာလို ငါမှားသွားရင်ဆိုပြီး တွေးတတ်ကြပါတယ်။

(၃) အိမ်က ခွင့်မပြုရင်ဆိုပြီး အမြဲ တွေးနေရတယ်

ဘာပဲ လုပ်လုပ် အိမ်ကို ပြောပြီး ခွင့်ပြုချက် တောင်းရတာကြောင့် အိမ်က ခွင့်မပြုရင်ဆိုပြီး အမြဲ တွေးပူနေတတ်ကြပါတယ်။ လုပ်ချင်တဲ့အရာ ရှိတိုင်း အိမ်ကိုပဲ ခေါင်းထဲ ရောက်ပြီး အမြဲ ပူပန်နေကြရပါတယ်။ ဒါ့ကြောင့်လည်း ကိုယ့်စိတ်နဲ့ကိုယ် ဘာတစ်ခုမှလည်း မလုပ်နိုင်ကြတဲ့သူတွေ ဖြစ်နေပါတယ်။

(၄) မယုံကြည်ဘူးလို့ ခံစားရတယ်

အသက်တွေ ကြီးလာတိုင်း ပိုခံစားရလာတာ အိမ်က ကိုယ့်ကို မယုံကြည်ဘူးဆိုတာပါပဲ။ ကိုယ့်ကိုယ်ကို ရပ်တည်နိုင်အောင် လုပ်မပေးဘူး အမြဲ မယုံကြည်လို့ ဘာမှ မလုပ်ခိုင်းတာလို့ပဲ ခံစားရတယ်။ ကိုယ့်စိတ်နဲ့ လုပ်ရတဲ့အရာကလည်း အရမ်းနည်းလွန်းပါတယ်။ လူငယ်တစ်ယောက်လို နေခွင့်မရှိပဲ စည်းကမ်းတွေနဲ့ပဲ အမြဲ ပိတ်ပင်ခံထားရတာပါ။ ဒါကြောင့် အိမ်က သူ့ကို ဘယ်တော့ မယုံဘူးဆိုတာကို လက်ခံထားပြီး အိမ်နဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။

(၅) အိမ်မှာ မနေချင်တော့ဘူး

အမြဲ အလျော့အတင်း မရှိပဲ ကိုယ့်ကို်ယ်ကို အရုပ်တစ်ခုလို ခံစားလာရပါတယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် ဘာမှ လုပ်ခွင့်မရှိပဲ သူတို့ ဆန္ဒကိုပဲ ဖြည့်ဆည်းပေးနေရတယ်ဆိုပြီး တွေးတတ်ကြပါတယ်။ ငါသာ အိမ်မှာ မနေတော့ရင် သူတို့လည်း စိတ်ညစ်စရာ မလိုတော့ဘူး အလုပ်လည်း မရှုပ်တော့ဘူး ငါလည်း အေးဆေး ဖြစ်သွားမှာ ဆိုပြီး စဉ်းစားတတ်ကြတဲ့သူတွေပါ။

Written by Kham

ခ်ဳပ္ခ်ယ္တဲ့ မိသားစုမွာ ႀကီးျပင္းလာရတဲ့ မိန္းကေလးေတြရဲ႕ ခံစားခ်က္မ်ား

အသက္သာ ႀကီးလာတယ္ အိမ္ကို မပိုင္တဲ့ ေကာင္မေလးေတြ အမ်ားႀကီး ရွိပါတယ္။ ေရွးရိုးစြဲဆန္တဲ့ မိသားစုမွာ ႀကီးျပင္းရတဲ့ ေကာင္မေလးေတြဆုိ ပိုလို႔ေတာင္ဆိုးပါေသးတယ္။ ဘာပဲလုပ္လုပ္ ေစာင့္ၾကည့္ခံေနရသလုိ ဟိုဟာ မလုပ္နဲ႔ ဒီဟာ မလုပ္နဲ႔ ဆိုၿပီး နည္းမ်ိဳးစံုနဲ႔ ခ်ဳပ္ခ်ယ္ခံေနရပါတယ္။ ဒါေၾကာင့္ သူတို႔ေလးေတြမွာ ဒီလို စိတ္အနာတရေတြ ရွိေနတတ္ပါတယ္။

(၁) ကိုယ့္ကိုယ္ကို ယံုၾကည္မႈ နည္းတယ္

လူေတြေရွ႕မွာ ကိုယ္လုပ္တဲ့အရာအတြက္ ယံုၾကည္မႈ ရွိရင္ ရွိေနပါလိမ့္မယ္။ ဒါေပမဲ့ အိမ္နဲ႔ ရင္ဆိုင္ရေတာ့မယ္ အိမ္အေၾကာင္းနဲ႔ ပတ္သက္ၿပီး ေျပာရဆိုရေတာ့မယ္ဆိုရင္ ယံုၾကည္မႈ ေပ်ာက္ေနတတ္ပါတယ္။ ငါ ဒီလို ေျပာလိုက္လို႔ေရာ ျဖစ္ပါမလား ဆိုတဲ့ လား ေပါင္းမ်ားစြာနဲ႔ ေတာ္ရံုဆို ဘာေျပာလို႔႔ ေျပာရမွန္း မသိတဲ့အထိ ယံုၾကည္မႈ မရွိ ျဖစ္ေနတတ္ၾကပါတယ္။ အိမ္က ခ်ဳပ္ခ်ယ္တဲ့အိမ္ ျဖစ္တာေၾကာင့္ ခြင့္မျပဳရင္ဆိုၿပီး ေတြးေနရလို႔ အမ်ားနဲ႔ တန္းတူ မေျပာရဲၾကပါဘူး။

(၂) လူမႈဆက္ဆံေရးမွာ အားနည္းတယ္

သူတို႔ေတြက သူငယ္ခ်င္း အရမ္းနည္းပါတယ္။ သူတို႔ကို နားလည္ေပးႏိုင္တဲ့သူေတြပဲ သူတို႔အနားမွာ က်န္ေနခဲ့တာပါ။ အိမ္က ခြင့္မျပဳတာေၾကာင့္ သူငယ္ခ်င္းေတြနဲ႔ အတူ ျဖတ္သန္းရမယ့္ အခ်ိန္ေတြ နည္းတဲ့သူေလးေတြပါ။ ဒါေၾကာင့္ သူ႔မွာ သူငယ္ခ်င္းအမ်ားႀကီး မရွိတာလို႔ ေတြးတတ္ၾကပါတယ္။ ဒါ့အျပင္ အိမ္က ဆူမွာ စိတ္ပူေနရတဲ့ စိတ္ေၾကာင့္ အေပါင္းအသင္းေတြနဲ႔လည္း ဘယ္လိုေျပာရ ေပါင္းရမယ္မွန္းလည္း မသိပါဘူး။ အိမ္မွာလို ငါမွားသြားရင္ဆိုၿပီး ေတြးတတ္ၾကပါတယ္။

(၃) အိမ္က ခြင့္မျပဳရင္ဆိုၿပီး အျမဲ ေတြးေနရတယ္

ဘာပဲ လုပ္လုပ္ အိမ္ကို ေျပာၿပီး ခြင့္ျပဳခ်က္ ေတာင္းရတာေၾကာင့္ အိမ္က ခြင့္မျပဳရင္ဆိုၿပီး အျမဲ ေတြးပူေနတတ္ၾကပါတယ္။ လုပ္ခ်င္တဲ့အရာ ရွိတိုင္း အိမ္ကိုပဲ ေခါင္းထဲ ေရာက္ၿပီး အျမဲ ပူပန္ေနၾကရပါတယ္။ ဒါ့ေၾကာင့္လည္း ကိုယ့္စိတ္နဲ႔ကိုယ္ ဘာတစ္ခုမွလည္း မလုပ္ႏုိင္ၾကတဲ့သူေတြ ျဖစ္ေနပါတယ္။

(၄) မယံုၾကည္ဘူးလို႔ ခံစားရတယ္

အသက္ေတြ ႀကီးလာတိုင္း ပိုခံစားရလာတာ အိမ္က ကိုယ့္ကို မယံုၾကည္ဘူးဆိုတာပါပဲ။ ကိုယ့္ကိုယ္ကို ရပ္တည္ႏုိင္ေအာင္ လုပ္မေပးဘူး အျမဲ မယံုၾကည္လို႔ ဘာမွ မလုပ္ခိုင္းတာလို႔ပဲ ခံစားရတယ္။ ကိုယ့္စိတ္နဲ႔ လုပ္ရတဲ့အရာကလည္း အရမ္းနည္းလြန္းပါတယ္။ လူငယ္တစ္ေယာက္လို ေနခြင့္မရွိပဲ စည္းကမ္းေတြနဲ႔ပဲ အျမဲ ပိတ္ပင္ခံထားရတာပါ။ ဒါေၾကာင့္ အိမ္က သူ႔ကို ဘယ္ေတာ့ မယံုဘူးဆိုတာကို လက္ခံထားၿပီး အိမ္နဲ႕ အဆင္မေျပျဖစ္တတ္ပါတယ္။

(၅) အိမ္မွာ မေနခ်င္ေတာ့ဘူး

အျမဲ အေလ်ာ့အတင္း မရွိပဲ ကိုယ့္ကို္ယ္ကုိ အရုပ္တစ္ခုလို ခံစားလာရပါတယ္။ ကိုယ့္ဆႏၵနဲ႔ကိုယ္ ဘာမွ လုပ္ခြင့္မရွိပဲ သူတို႔ ဆႏၵကိုပဲ ျဖည့္ဆည္းေပးေနရတယ္ဆိုၿပီး ေတြးတတ္ၾကပါတယ္။ ငါသာ အိမ္မွာ မေနေတာ့ရင္ သူတို႔လည္း စိတ္ညစ္စရာ မလိုေတာ့ဘူး အလုပ္လည္း မရႈပ္ေတာ့ဘူး ငါလည္း ေအးေဆး ျဖစ္သြားမွာ ဆိုၿပီး စဥ္းစားတတ္ၾကတဲ့သူေတြပါ။

Written by Kham