သင်မသိသေးတဲ့ deadpool နဲ့ black widow နှစ်ယောက်ကြားက ပြတ်တောက်ခဲ့တဲ့သံယောဇဉ်ကြိုးလေး..

257

ကမ္ဘာ့ဆွဲဆောင်မှုအရှိဆုံးမိန်းမသားတွေထဲကတစ်ယောက်လို့လက်ခံထားကြတဲ့ စကားလတ်ဂျိုဟန်ဆန်ဟာ အိမ်ထောင်ရေးကံတော့မကောင်းခဲ့ရှာပါဘူး။ တစ်ကမ္ဘာလုံးက သူ့ပ်ါသဲသဲလှုပ်နေပြီး သရုပ်ဆောင်အလုပ်မှာလဲအောင်မြင်မှုတွေရရှိခဲ့ပေမယ့် အိမ်ထောင်ရေးနဲ့ အချစ်ရေးရာမှာတော့ သူဟာကံခေသူတယောက်လို့ပြောရမှာပါ။ ၂၀၀၈ ခုနှစ်မှာ သူဟာ Deadpool မင်းသားဖြစ်သူ Ryan  Reynolds နဲ့လက်ထပ်ခဲ့ပါတယ်။

သူတို့နှစ်ယောက်ရဲ့ချစ်သူသက်တမ်းတစ်နှစ်အကြာမှာ လက်ထပ်ခဲ့တာဖြစ်ပြီး သတင်းမီဒီယာတွေမှာ ကြိတ်ကြိတ်သဲဖော်ပြခြင်းခံခဲ့ရပါတယ်။ သူတို့နှစ်ယောက်ဟာပိုပိုပြီး သရုပ်ဆောင်လောကမှာနာမည်ကြီးလာကြပြီး အလုပ်ကမ်းလှမ်းမှုပေါင်းများစွာကိုလက်ခံရရှိခဲ့ကြပါတယ်။

လက်ထပ်ပြီးစကြင်သူနှစ်ဦးအတွက်တော့ အဲ့ဒီအချိန်တွေဟာအရမ်းပျော်ဖို့ကောင်းတဲ့အချိန်ကာလဖြစ်ခဲ့မှာပါ။ ဒါပေမယ့် အလုပ်တွေများလာတာနဲ့အမျှ သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာလည်းအေးစက်လာခဲ့တဲ့အလျှောက် ၂၀၁၀ခုနှစ်မှာ Ryan ဟာ ကွာရှင်းလိုကြောင်းကို တရားရုံးမှာလျှောက်တင်ခဲ့ပါတယ်။

တစ်ချို့ကောလဟာလတွေကတော့ သူတို့နှစ်ဦးထဲမှာ တစ်ဦးကဖောက်ပြန်နေတာကြောင့်ဖြစ်မ ယ်လို့ထင်ကြေးတွေပေးခဲ့ကြပြီး Ryan ကတော့ အခုလက်ရှိဇနီးလည်းဖြစ် Green Lantern ရုပ်ရှင်ကားထဲက သူရဲ့တွဲဖက်သရုပ်ဆောင်လည်းဖြစ်တဲ့ Blade Lively နဲ့ ထပ်ပြီးအိမ်ထောင်ပြုခဲ့ပါတယ်။

သူတို့နှစ်ယောက်ကွာရှင်းပြီး နှစ်ပေါင်းအနည်းငယ်အကြာမှာတော့ စကားလတ်က သူတို့ကွာရှင်းခဲ့ရတဲ့အကြောင်းရင်းက နှစ်ယောက်လုံးရဲ့မလျော့နိုင်ကြတဲ့ မာနတွကြောင့်လို့ထုတ်ဖော်ပြောပြခဲ့ပါတယ်။ သူတို့နှစ်ယောက် ကွာရှင်းတဲ့ ကိစ္စဟာ စကားလတ်အတွက်တော့ စိတ်ဒဏ်ရာရစရာနဲ့ ခက်ခဲစေခဲ့တဲ့အရာဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ သူ့သူငယ်ချင်းတွေ သူနဲ့ရင်းနှီးတဲ့သူတွေရဲ့အားပေးမှုကြောင့်ပြန်ပြီးရပ်တည်နိုင်ခဲ့ပါတယ်။

ကဲ မတော်လို့များ မာဗယ်ရဲ့ cinematic universe ထဲကိုဝင်လာပြီဖြစ်တဲ့ green latern(dc) ကြီး (သို့မဟုတ်) Deadpool နဲ့ စကားလက် ( black widow) တို့ တစ်ကားတစ်လေမှာတွဲဖက်သရုပ်ဆောင်ရရင် ဘယ်လိုဖြစ်မလဲဆိုတဲ့ ပရိတ်သတ်ကြီးရဲ့ထင်မြင်ယူဆချက်တွေကိုလည်း ပြောပြပေးခဲ့ပါဦးနော်။

Yenin Phawah (ApannPyay)

Resource: Vix W, an episode of icons