အဝစားဟော့ပေါ့ဆိုင်မှာ စားနေရင်း မဝံ့မရဲနဲ့မီနူးတောင်းနေလို့ မေးကြည့်တော့မှ အံ့သြယူရတယ်

155

ကျနော် တော်တော်ကြာကြာစဉ်းစားပြီးမှဒီပိုစ်ကိုတင်တာပါ….

မနေ့ည က ဂျပန်ကလာတဲ့သူငယ်ချင်းကိုထမင်းလိုက်ကျွေးရင်းအဝစား ဟော့ပေါ့ဆိုင်မှာစားဖြစ်ကြတယ် ကျနော်တို့ရယ် တခြားအတွဲနှစ်တွဲရယ်ရှိတဲ့ဆိုင်ထဲကို အဝတ်အစားနွမ်းနွမ်းနဲ့နံနံစော်စော် လင်မယားနှစ်ယောက်နဲ့ခလေးလေးမိသားစုတစု မဝံ့မရဲနဲ့ဝင်လာပြီး ကျနော်တို့နားက စားပွဲမှာဝင်ထိုင်ရင်း မီနူးကိုစာအုပ်ပေးပါဆိုပြီးတောင်းနေတော့……

စားပွဲထိုးလေးကယူလာပေးတော့ကြည့်ပြီးမှာရှာတယ် ကြက်ဥတလုံး ဘာညာဘာညာပေါ့လေ ဒါနဲ့ကျနော်လဲမနေသာပဲ လက်တို့ပြီးမင်းတို့ဘာလုပ်လို့လာစားကြတာလဲမေးကြည့်တော့ ကျနော်တို့လင်မယားတောင်းရာကပြန်လာတာ နှစ်သောင်းလောက်ရလာလို့လာစားတာပါတဲ့ ဒါနဲ့ဘာလို့ဒီဆိုင်ကိုလာစားရတာလဲဆိုတော့…..

အဝကပုံကိုကြည့်ပြီး လူ့ဘဝမှာမစားဘူးတာစားဘူးတယ်ရှိအောင်လာစားတာတဲ့ တောင်းစားပေမဲ့ စိတ်ကိုကြိုက်တာနဲ့ မင်းတို့ပိုက်ဆံနောက်နေ့မှစား အခုငါပေးမယ် မမှာနဲ့ ဟောဒီမှာအသီးအရွက်တွေ ဟောဒါက အသားတွေဟောဒါ အအေး ဟောဒါ ထမင်းကြော် ကြိုက်တာကိုကြိုက်သလောက်စားစမ်း အဝစားကုန်ရင်ထပ်ယူဆိုတော့ ဘေးဝိုင်းတွေကလဲမကန့်ကွက်တာနဲ့ကျနော်ကျွေးလိုက်တယ်…..

စားလိုက်ကြတာဗျာ ဟေ့ကောင်တွေကုန်သလောက်ပဲယူ ကျန်အောင်တော့မယူနဲ့နော်ဆိုတော့ ကုန်တယ်ဆိုပြီးစားလိုက်ကြတာဗျာ ကျနော်မစားနိုင်ပေမဲ့ ထိုင်ကြည့်ပြီးဝမ်းသာလိုက်တာဗျာ အရပ်စကားနဲ့ပြောရရင် တောငိးစားသူနဲ့အတူစားခြင်းပေါ့ဗျာ ဆုပေးသေးတယ် အကိုကြီး ကျမ်းမာပါစေတဲ့ ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ

Credit

အဝစားေဟာ့ေပါ့ဆိုင္မွာ စားေနရင္း မဝံ့မရဲနဲ႔မီႏူးေတာင္းေနလို႔ ေမးၾကည့္ေတာ့မွ အံ့ၾသယူရတယ္

က်ေနာ္ ေတာ္ေတာ္ၾကာၾကာစဥ္းစားၿပီးမွဒီပိုစ္ကိုတင္တာပါ….

မေန႔ည က ဂ်ပန္ကလာတဲ့သူငယ္ခ်င္းကိုထမင္းလိုက္ေကၽြးရင္းအဝစား ေဟာ့ေပါ့ဆိုင္မွာစားျဖစ္ၾကတယ္ က်ေနာ္တို႔ရယ္ တျခားအတြဲႏွစ္တြဲရယ္ရွိတဲ့ဆိုင္ထဲကို အဝတ္အစားႏြမ္းႏြမ္းနဲ႔နံနံေစာ္ေစာ္ လင္မယားႏွစ္ေယာက္နဲ႔ခေလးေလးမိသားစုတစု မဝံ့မရဲနဲ႔ဝင္လာၿပီး က်ေနာ္တို႔နားက စားပြဲမွာဝင္ထိုင္ရင္း မီႏူးကိုစာအုပ္ေပးပါဆိုၿပီးေတာင္းေနေတာ့……

စားပြဲထိုးေလးကယူလာေပးေတာ့ၾကည့္ၿပီးမွာရွာတယ္ ၾကက္ဥတလုံး ဘာညာဘာညာေပါ့ေလ ဒါနဲ႔က်ေနာ္လဲမေနသာပဲ လက္တို႔ၿပီးမင္းတို႔ဘာလုပ္လို႔လာစားၾကတာလဲေမးၾကည့္ေတာ့ က်ေနာ္တို႔လင္မယားေတာင္းရာကျပန္လာတာ ႏွစ္ေသာင္းေလာက္ရလာလို႔လာစားတာပါတဲ့ ဒါနဲ႔ဘာလို႔ဒီဆိုင္ကိုလာစားရတာလဲဆိုေတာ့…..

အဝကပုံကိုၾကည့္ၿပီး လူ႔ဘဝမွာမစားဘူးတာစားဘူးတယ္ရွိေအာင္လာစားတာတဲ့ ေတာင္းစားေပမဲ့ စိတ္ကိုႀကိဳက္တာနဲ႔ မင္းတို႔ပိုက္ဆံေနာက္ေန႔မွစား အခုငါေပးမယ္ မမွာနဲ႔ ေဟာဒီမွာအသီးအရြက္ေတြ ေဟာဒါက အသားေတြေဟာဒါ အေအး ေဟာဒါ ထမင္းေၾကာ္ ႀကိဳက္တာကိုႀကိဳက္သေလာက္စားစမ္း အဝစားကုန္ရင္ထပ္ယူဆိုေတာ့ ေဘးဝိုင္းေတြကလဲမကန႔္ကြက္တာနဲ႔က်ေနာ္ေကၽြးလိုက္တယ္…..

စားလိုက္ၾကတာဗ်ာ ေဟ့ေကာင္ေတြကုန္သေလာက္ပဲယူ က်န္ေအာင္ေတာ့မယူနဲ႔ေနာ္ဆိုေတာ့ ကုန္တယ္ဆိုၿပီးစားလိုက္ၾကတာဗ်ာ က်ေနာ္မစားနိုင္ေပမဲ့ ထိုင္ၾကည့္ၿပီးဝမ္းသာလိုက္တာဗ်ာ အရပ္စကားနဲ႔ေျပာရရင္ ေတာငိးစားသူနဲ႔အတူစားျခင္းေပါ့ဗ်ာ ဆုေပးေသးတယ္ အကိုႀကီး က်မ္းမာပါေစတဲ့ ေပးတဲ့ဆုနဲ႔ျပည့္ပါေစဗ်ာ

Credit