ဆန္ဒပြပွဲကိုတက်ရောက်ကြဖို့အားပေးလှုံဆော်တဲ့အနေနဲ့ သူတို့ရဲ website တွေကိုခေတ္တပိတ်လိုက်ကြတဲ့ တရုတ်အပြာ website များ

238

တရုတ်ပြည်မကြီးဟောင်ကောင်မြို့မှာ ဟောင်ကောင်မြို့ရဲ့ လေးပုံတစ်ပုံရှိတဲ့လူဦးရေဖြစ်တဲ့ လူပေါင်းနှစ်သန်းကျော်အထိ ဥပဒေအသစ်သတ်မှတ်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဆန္ဒပြနေကြတာပါ။

အဲ့ဒီဆန္ဒပြပွဲကိုအားပေးထောက်ခံတဲ့အနေနဲ့ တရုတ်အပြာwebsite တွေက တစ်လလုံးနီးပါး သူတို့ website တွေကိုနားထားမှာဖြစ်ကြောင်းကြေငြာခဲ့ပြီး website ထဲကိုဝင်လာတဲ့သူတိုင်းဟာ ဒီအချိန်ဟာဆန္ဒပြပွဲမှာသွားရောက်ပါဝင်ရမယ့်အချိန်ဖြစ်ကြောင်း ဒီကိစ္စလုပ်ရမယ့်အချိန်မဟုတ်သေးဘူးဆိုတဲ့အားပေးတိုက်တွန်းနှိုးဆော်စာတွေကိုဖတ်ရှုရမှာပဲဖြစ်ပါတယ်။

အံ့သြစရာကောင်းလောက်အောင်ပဲ ဆန္ဒပြပွဲပြုလုပ်တဲ့နေ့မှာ လူသိန်းပေါင်းများစွာပါဝင်ခဲ့ကြပြီး အစိုးရရုံးအဆောက်အအုံတွေကိုပစ်မှတ်ထားပြီး လမ်းကြောင်းပိတ်ဆို့ဆန္ဒပြခဲ့ကြပါတယ်။

Yenin Phawah ( ApannPyay)

Resources: allthatinteresting