လူတိုင်း လုပ်နိုင်တဲ့ ကုသိုလ်လေး လူတိုင်းလုပ်ဖြစ်ဖို့ ကြိုးစားကြရအောင်

137

အခုလို အဖိုးအရွယ် အဖွားအရွယ်တွေ အခုလို စျေးရောင်းနေတာများ တွေ့ရင် သူတို့ ရောင်းတဲ့ ပစ္စည်းက ကိုယ်နဲ့ အသုံးမတည့်ရင်တောင် အတတ်နိုင်ဆုံး ဝယ်ဖြစ်အောင် ဝယ်ခဲ့ကြပါ။ စျေး မဆစ်ပါနဲ့ ။ ဝယ်လိုက်တဲ့ ပစ္စည်းရဲ့တန်ဖိုးက မိမိအတွက် ဘယ်လောက်မှ တန်ဖိုး မကြီးပေမယ့် လူများများဝယ်လို့ များများရောင်းရတဲ့ အဖိုး အတွက် တန်ဖိုး မဖြတ်နိုင်တဲ့ ပျော်ရွှင်မှုတွေကို ရစေမှာမို့ပါ။

အခုပုံပါ အဖိုးဟာ ပြည်မြို့ ဘုရားကြီး ဘုရားမှာ အရုပ်လေးတွေ ရောင်းနေတာတွေ့လို့ သူငယ်ချင်း တစ်စုက ထမင်းသွားစားရင်း တွေ့လို့ သနားစိတ်၊ ကုသိုလ်ပြုလိုစိတ်ဖြင့် တစ်ခုမှ နှစ်ရာဆိုလို့ တစ်ဖွဲ့လုံးက အဖိုးရောင်းတဲ့ အရုပ်လေးတွေကို ဝယ်ယူအားပေးခဲ့ကြတယ်လို့ Theingi Nanda Ko အကောင့်ပိုင်ရှင်မှ တင်ပြထားပါတယ်။

အဖိုးဟာ မနက်ကနေ နေ့လည် ၃ နာရီလောက်အထိ ရောင်းတယ်။ အခုရက်က ပွဲစျေးရက်မို့ ညနေစောင်းလောက်အထိ ရောင်းတယ်။ အောင်ဆန်းထဲက လို့ သိရပြီး ဆိုင်ကယ် ကယ်ရီက ကြိုပို့ လုပ်ပေးတယ်။ အဖိုး စိတ် အနှောက်အရှက်ဖြစ်မှာဆိုးလို့ ဒီလောက်ပဲ မေးခဲ့ပါတယ် လို့ လည်း တင်ပြထားတာကို တွေ့ရပါတယ်။

ဘာပဲဖြစ်ဖြစ် ဒီအဖိုးရဲ့ အကြောင်းကို အတိအကျ မသိရပေမယ့် ဒီအဖိုးလိုမျိုး စျေးသည်များ တွေ့ရင် ရှောင်မသွားကြပဲ ဝယ်ဖြစ်အောင် ဝယ်ကြဖို့ တိုက်တွန်းပေးလိုစိတ်ဖြင့် တစ်ကူးယူဖော်ပြပေးလိုက်ပါသည်။

Photo – Theingi Nanda Ko

ApannPyay

(Zawgyi)

လူတိုင္း လုပ္ႏုိင္တဲ့ ကုသိုလ္ေလး လူတိုင္းလုပ္ျဖစ္ဖို႔ ႀကိဳးစားၾကရေအာင္

အခုလို အဖိုးအရြယ္ အဖြားအရြယ္ေတြ အခုလို ေစ်းေရာင္းေနတာမ်ား ေတြ႔ရင္ သူတို႔ ေရာင္းတဲ့ ပစၥည္းက ကိုယ္နဲ႔ အသံုးမတည့္ရင္ေတာင္ အတတ္ႏုိင္ဆံုး ဝယ္ျဖစ္ေအာင္ ဝယ္ခဲ့ၾကပါ။ ေစ်း မဆစ္ပါနဲ႔ ။ ဝယ္လိုက္တဲ့ ပစၥည္းရဲ႕တန္ဖိုးက မိမိအတြက္ ဘယ္ေလာက္မွ တန္ဖိုး မႀကီးေပမယ့္ လူမ်ားမ်ားဝယ္လို႔ မ်ားမ်ားေရာင္းရတဲ့ အဖိုး အတြက္ တန္ဖိုး မျဖတ္ႏုိင္တဲ့ ေပ်ာ္ရႊင္မႈေတြကို ရေစမွာမို႔ပါ။

အခုပံုပါ အဖိုးဟာ ျပည္ၿမိဳ႕ ဘုရားႀကီး ဘုရားမွာ အရုပ္ေလးေတြ ေရာင္းေနတာေတြ႔လို႔ သူငယ္ခ်င္း တစ္စုက ထမင္းသြားစားရင္း ေတြ႔လို႔ သနားစိတ္၊ ကုသိုလ္ျပဳလိုစိတ္ျဖင့္ တစ္ခုမွ ႏွစ္ရာဆိုလို႔ တစ္ဖြဲ႔လံုးက အဖိုးေရာင္းတဲ့ အရုပ္ေလးေတြကို ဝယ္ယူအားေပးခဲ့ၾကတယ္လို႔ Theingi Nanda Ko အေကာင့္ပိုင္ရွင္မွ တင္ျပထားပါတယ္။

အဖိုးဟာ မနက္ကေန ေန႔လည္ ၃ နာရီေလာက္အထိ ေရာင္းတယ္။ အခုရက္က ပြဲေစ်းရက္မို႔ ညေနေစာင္းေလာက္အထိ ေရာင္းတယ္။ ေအာင္ဆန္းထဲက လို႔ သိရၿပီး ဆိုင္ကယ္ ကယ္ရီက ႀကိဳပို႔ လုပ္ေပးတယ္။ အဖုိး စိတ္ အေႏွာက္အရွက္ျဖစ္မွာဆိုးလို႔ ဒီေလာက္ပဲ ေမးခဲ့ပါတယ္ လို႔ လည္း တင္ျပထားတာကို ေတြ႔ရပါတယ္။

ဘာပဲျဖစ္ျဖစ္ ဒီအဖိုးရဲ႕ အေၾကာင္းကို အတိအက် မသိရေပမယ့္ ဒီအဖိုးလိုမ်ိဳး ေစ်းသည္မ်ား ေတြ႔ရင္ ေရွာင္မသြားၾကပဲ ဝယ္ျဖစ္ေအာင္ ဝယ္ၾကဖို႔ တုိက္တြန္းေပးလိုစိတ္ျဖင့္ တစ္ကူးယူေဖာ္ျပေပးလိုက္ပါသည္။

Photo – Theingi Nanda Ko

ApannPyay