မိုးရွာပြီးနောက် အပင်သစ်တွေ ပေါက်လာနေပြီဖြစ်တဲ့ သြစတျေးလျ

143

သြစတေးလျ တောမီးနဲ့ပတ်သက်ပြီး ဝမ်းနည်းစရာတွေ ကြားရတာ စိတ်ညစ်လာပြီဆိုရင် ဝမ်းသာစရာလေး နည်းနည်းလောက် ပြောင်းပြောမယ်နော်။

အခုဆိုရင် မီးဒဏ်သင့်ထားလို့ သေဆုံးနေတဲ့ သစ်ပင်တွေနားမှာ ဟိုနေ့က မိုးရွာလို့ ရွက်သစ်တွေ၊ အပင်သစ်တွေနဲ့ အသက်ပြန်ဝင်လာပါပြီ။ ပုံတွေမှာ တွေ့ရတဲ့ အပင်ပေါက်လေးတွေက မျှော်လင့်ချက်တစ်စုံတစ်ရာပေးသလို ခံစားရစေပါတယ်။

ဒီပုံတွေကိုတော့ သြစတေးလျနိုင်ငံ၊ New South Wales မှာ နေထိုင်တဲ့ Murray Lowe က ဒီအပတ်မှာ ရိုက်ကူးခဲ့တာပါ။ Murray က အခုဆိုရင် သူရိုက်ကူးခဲ့တဲ့ပုံတွေကို ရောင်းချပြီး တောမီးမှာ ထိခိုက်ခဲ့တဲ့သူတွေကို ပြန်ထောက်ပံ့မှာ ဖြစ်ပါတယ်။

အခြားသောသူတွေလည်း အပင်တွေ ပြန်ပေါက်လာနေတဲ့ပုံတွေကို ဝေမျှထားပါတယ်။ အချို့ပုံတွေမှာဆိုရင် ယူကလစ်ပင်ရဲ့ ပင်စည်မှာ မှိုပင်ပေါက်လေးတွေ ပေါက်နေတာကို တွေ့ရမှာပါ

အခုလိုပုံတွေကို ကြည့်ရတာ တကယ်ကြည်နူးဖို့ကောင်းပါတယ်။

သြစတေးလျတောမီး အမြန်ငြိမ်းပြီး သတ္တဝါလေးတွေ ဘေးကင်းစွာနေနိုင်ဖို့၊ တောအုပ်ကြီးအရင်ကလို စိမ်းစိမ်းစိုစိုနဲ့ ပြန်အသက်ဝင်လာဖို့ မျှော်လင့်ကြရမှာပါ။

Ref; worldofbuzz

Credit

မိုးရြာျပီးေနာက္ အပင္သစ္ေတြ ေပါက္လာေနၿပီျဖစ္တဲ့ ၾသစေတ်းလ်

ၾသစေတးလ် ေတာမီးနဲ႔ပတ္သက္ၿပီး ဝမ္းနည္းစရာေတြ ၾကားရတာ စိတ္ညစ္လာၿပီဆိုရင္ ဝမ္းသာစရာေလး နည္းနည္းေလာက္ ေျပာင္းေျပာမယ္ေနာ္။

အခုဆိုရင္ မီးဒဏ္သင့္ထားလို႔ ေသဆုံးေနတဲ့ သစ္ပင္ေတြနားမွာ ဟိုေန႕က မိုးရြာလို႕ ရြက္သစ္ေတြ၊ အပင္သစ္ေတြနဲ႔ အသက္ျပန္ဝင္လာပါၿပီ။ ပုံေတြမွာ ေတြ႕ရတဲ့ အပင္ေပါက္ေလးေတြက ေမၽွာ္လင့္ခ်က္တစ္စုံတစ္ရာေပးသလို ခံစားရေစပါတယ္။

ဒီပုံေတြကိုေတာ့ ၾသစေတးလ်နိုင္ငံ၊ New South Wales မွာ ေနထိုင္တဲ့ Murray Lowe က ဒီအပတ္မွာ ရိုက္ကူးခဲ့တာပါ။ Murray က အခုဆိုရင္ သူရိုက္ကူးခဲ့တဲ့ပုံေတြကို ေရာင္းခ်ၿပီး ေတာမီးမွာ ထိခိုက္ခဲ့တဲ့သူေတြကို ျပန္ေထာက္ပံ့မွာ ျဖစ္ပါတယ္။

အျခားေသာသူေတြလည္း အပင္ေတြ ျပန္ေပါက္လာေနတဲ့ပုံေတြကို ေဝမၽွထားပါတယ္။ အခ်ိဳ႕ပုံေတြမွာဆိုရင္ ယူကလစ္ပင္ရဲ့ ပင္စည္မွာ မွိုပင္ေပါက္ေလးေတြ ေပါက္ေနတာကို ေတြ႕ရမွာပါ

အခုလိုပုံေတြကို ၾကည့္ရတာ တကယ္ၾကည္ႏူးဖို႔ေကာင္းပါတယ္။

ၾသစေတးလ်ေတာမီး အျမန္ၿငိမ္းၿပီး သတၱဝါေလးေတြ ေဘးကင္းစြာေနနိုင္ဖို႔၊ ေတာအုပ္ႀကီးအရင္ကလို စိမ္းစိမ္းစိုစိုနဲ႔ ျပန္အသက္ဝင္လာဖို႔ ေမၽွာ္လင့္ၾကရမွာပါ။

Ref; worldofbuzz

Credit