ရွှေစက်တော် ဘုရားဖူးသွားမယ့်သူများအတွက် ဝမ်းသာစရာသတင်းကောင်း
229
မန်းရွှေစက်တော် ဘုရားရဲ့ပြောင်းလဲမှုတွေ အားလုံးခံစားစေနိုင်ဖို့အတွက်မျှဝေတာပါ နှစ်ပေါင်းများစွာကကြားခဲ့ရတဲ့။တည်းခိုဆောင်အခန်းဈေးကြီးတဲ့ကိစ။ အရင်တုံးက ဈေးပြိုင်စံနစ်နဲ့ ။
ဘုရားဂေါပကအဖွဲ့က လေလံပြစ်တယ်။‌ လေလံစွဲယူတဲ့ လုပ်ငန်းလုပ်သူတွေ အပြိုင်စွဲကြတော့ ဈေးတွေက အဆမတန်မြင့်သွားကြတော့။ သူတို့ကိုက်အောင် (အမြတ်အစွန်းရအောင်)‌ အခန်းခတွေဈေးတင် ။ အခန်းခက တွေဈေးကြီးတော့တာပေါ့။
အခုနှစ်တော့ အဲဒီ့ အခန်းခဈေးကြီးတာကို ကာကွယ်တဲ့ အနေနဲ့ လေလံစွဲမဲ့ သူတွေအားလုံး ကြမ်းခင်ဈေး သတ်မှတ်ချက်အတိုင်း မဲနှိုက်ပြီး ချပေးလိုက်ပါပြီ။ အခန်းခပိုမတောင်းဖို့လဲ ခိုင်မာတဲ့ဂတိကဝတ်တွေ။
ဒဏ်စံနစ်။ အရေးယူစံနစ်တွေနဲ့ ချပေးလိုက်ပါပြီ။ အခန်းခဈေးကိုလဲ ၁၅၀၀၀ ကျပ်ဈေးသတ်မှတ်လိုက်ပါပြီ။ အဲဒါကိုမှ ‌ဈေးပိုတောင်းရင်လဲ တိုက်ရိုက် တိုင်ကြားနိုင်တဲ့ ဖုံးနံပတ်တွေကိုလဲ။အခန်းတွေမှာ။ဘုရားမှာ နဲ့ နေရာအစုံမှာ ကြေငြာထားလိုက်ပါပြီ။
နောက်တခုက ရာဇဝတ်မှုတွေ။ ပြသနာတွေ။ ခွင့်ပြုမထားတာတွေ မကျုးလွန်နိုင်စေဖို့ကိုလဲ CCTV ကင်မရာ ၅၀ ကျော်ကို ဘုရားနဲ့ ပွဲဈေးက နေရာအနှံမှာတပ်စဉ်နေပါပြီ။
နောက်ထပ်တခုကလဲ
နေရာအနှံမှာ တောင်းရမ်းစားသောက် နေသူတွေကိုလဲ။ စတင်ဖယ်ရှားဖို့ စီစဉ်နေပါပြီ။ အသက်ကြီးတဲ့ တောင်းရမ်းသူ‌တွေကိုတော့ ဘိုးဘွားရိပ်သာပို့မှာပါ။ နောက်ဆုံးတခုကတော့ ဘုရား။အောက်စက်တော်ရာ။အထက်စက်တော်ရာ နေရာတွေမှာ အသံချဲ့စက်။လော်စပီကာ အသုံးပြုခွင့်လုံးဝခွင့် မပြုတော့တာပါပဲ။
လုပ်တဲ့သူက တော့ရဲရဲဝင့်ဝင့် ဆောင်ရွက်နေပါပြီ။ အများက လိုက်နာကြမယ်ဆိုရင် လှပတဲ့ပြောင်းလဲမှု အသစ်ကို အားလုံးခံစားရမှာပါ။
Source – Min Nyo FB .
နောက်ထပ်တခုကလဲ
Source – Min Nyo FB .
LEAVE A REPLY
Please enter your comment!
Please enter your name here