အဆိုတော်အစ္စဏီ ပြစ်ဒဏ်ကျခံရတဲ့အ ပေါ် ပထမဆုံးအကြိမ် ပြန်လည်ဖြေရှင်းလာတဲ့ မော်ဒယ်စူးရှထက်

111

ပြီးခဲ့တဲ့ ရက်ပိုင်းက အဆိုတော် အစ္စဏီတစ်ယောက် ထောင် ၇ နှစ်ကျသွားတဲ့အပေါ် ပရိသတ်တွေက စိတ်မကောင်းဖြစ်လို့နေတာပါ….နောက်ပြီး တရားလိုဖြစ်တဲ့ စူးရှထက်က ကျေအေးပေးပေမဲ့ ဘာလို့ ခုလို ထောင်ကျခဲ့ရသလဲဆိုတာ စိတ်ဝင်စားမှုတွေ ရှိခဲ့ပြီး တရားရုံးရဲ့ ပြန်ကြားရေးအရာရှိက ထောင် ၇ နှစ်ကျခဲ့ရတဲ့အပေါ်မှာ ဖြေရှင်းပြောဆိုမှုတွေရှိခဲ့ပါတယ်

ခုလို ကျေအေးပေးလိုက်သော်လည်း ထောင်ကျသွားတဲ့ အစ္စဏီနဲ့ ပတ်သက်ပြီး တရားလိုဖြစ်ခဲ့ပြီး ကျေအေးပေးခဲ့သူ စူးရှထက်က ပထမဆုံးအကြိမ် အင်တာဗျူးတစ်ခုကနေ ရင်ဖွင့်လာခဲ့ပါတယ်…

ကျေအေးပေးခဲ့တုန်းက လက်မှတ်ရေးထိုးခဲ့တာနဲ့ ပတ်သက်ပြီး စူးရှထက်က ဖွင့်ပြောခဲ့ရမှာတော့ တရားသူကြီးကိုယ်တိုင် ကျေအေးပေးတာ သေချာလားဆိုပြီး ကျေအေးပေးလွှာကို နှစ်ခါသုံးခါ ဖတ်ပြတဲ့အကြောင်း…မိမိအနေနဲ့လည်း သေချာပါတယ်ဆိုပြီး တရားသူကြီးနဲ့ ရှေ့နေရှေ့မှာ တရားဝင်လက်မှတ်ထိုးပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်

မီဒီယာတွေ ရှေ့မှာလည်း လက်မှတ်ထိုးတဲ့ ကျေအေးလွှာကို ပြခဲ့ကြောင်း..အဲဒီနောက်ပိုင်း ပြီးသွားပြီ ဆိုပြီး တရားရုံးလည်းမသွားဘဲနေခဲ့ရာမှ မီဒီယာတွေက အစ္စဏီကိစ္စသိလားဆိုပြီး ဖုန်းဆက်မေးကြတယ်လို့ ဆိုပါတယ်….

စူးရှထက်ရဲ့ ကျေအေးလွှာဟာ အကျုံးမဝင်ဘူးဆိုပြီး ရှေ့နေတစ်ဦးရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီး ရှေ့နေက စာအများကြီးတတ်ပြီး သူဟာရှေ့နေလောက် စာလည်းမတတ် ပညာလည်းမတတ်ကြောင်း တကယ်လို့ ကျေအေးပေးလွှာဟာ အကျုံးမဝင်ဘူးဆိုရင် သူမကို လာပြောပြရင် အတတ်နိုင်ဆုံးကူညီမှာဖြစ်တယ်လို့ ဆိုပါတယ်… ပရိသတ်တွေ အထင်လွဲနေတဲ့အပေါ်မှာလည်း ပရိသတ်တွေကတရားသူကြီး ရှေ့နေလည်းမဟုတ်လို့ နားမလည်လို့ပြောတာဖြစ်တဲ့အတွက် ပြောကြပါစေလို့ ဆိုခဲ့ပါတယ်

သွေးမတော် သားမစပ်တဲ့ သူစိမ်းတွေကတောင် ဒီလိုမျိုးဖြစ်သွားတာ စိတ်မကောင်းဖြစ်နေကြတာ သူမအနေနဲ့လည်း အစ္စဏီနဲ့ ပတ်သက်ခဲ့တာဖြစ်လို့ စိတ်မကောင်းဖြစ်ရပြီး လွတ်စေချင်တယ်လို့ ဆိုခဲ့ပြီး အခုဖြစ်နေတာတွေက စူးရှနဲ့ မအပ်စပ်ပါဘူးလို့ သူက ဆိုခဲ့ပါတယ်……အစ္စဏီနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်ခဲ့ရတဲ့အကြောင်းတွေကို စူးရှထက်က ဝမ်းနည်းစွာနဲ့ အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့တာပါ..စူးရှထက် ဖြေဆိုခဲ့တဲ့ အကြောင်းအပြည့်အစုံ ဗီဒီယိုလေးကိုလည်း အောက်မှာပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်

ရုပ်သံဖိုင်အားကြည့်ရန်နှိပ်ပါ

Writer – HW (Shwe Yaung Lan)

Video Source : Sunday Journal

အဆိုေတာ္အစၥဏီ ျပစ္ဒဏ္က်ခံရတဲ့အ ေပၚ ပထမဆုံးအႀကိမ္ ျပန္လည္ေျဖရွင္းလာတဲ့ ေမာ္ဒယ္စူးရွထက္

ၿပီးခဲ့တဲ့ ရက္ပိုင္းက အဆိုေတာ္ အစၥဏီတစ္ေယာက္ ေထာင္ ၇ ႏွစ္က်သြားတဲ့အေပၚ ပရိသတ္ေတြက စိတ္မေကာင္းျဖစ္လို႔ေနတာပါ….ေနာက္ၿပီး တရားလိုျဖစ္တဲ့ စူးရွထက္က ေက်ေအးေပးေပမဲ့ ဘာလို႔ ခုလို ေထာင္က်ခဲ့ရသလဲဆိုတာ စိတ္ဝင္စားမႈေတြ ရွိခဲ့ၿပီး တရား႐ုံးရဲ့ ျပန္ၾကားေရးအရာရွိက ေထာင္ ၇ ႏွစ္က်ခဲ့ရတဲ့အေပၚမွာ ေျဖရွင္းေျပာဆိုမႈေတြရွိခဲ့ပါတယ္

ခုလို ေက်ေအးေပးလိုက္ေသာ္လည္း ေထာင္က်သြားတဲ့ အစၥဏီနဲ႔ ပတ္သက္ၿပီး တရားလိုျဖစ္ခဲ့ၿပီး ေက်ေအးေပးခဲ့သူ စူးရွထက္က ပထမဆုံးအႀကိမ္ အင္တာဗ်ဴးတစ္ခုကေန ရင္ဖြင့္လာခဲ့ပါတယ္…

ေက်ေအးေပးခဲ့တုန္းက လက္မွတ္ေရးထိုးခဲ့တာနဲ႔ ပတ္သက္ၿပီး စူးရွထက္က ဖြင့္ေျပာခဲ့ရမွာေတာ့ တရားသူႀကီးကိုယ္တိုင္ ေက်ေအးေပးတာ ေသခ်ာလားဆိုၿပီး ေက်ေအးေပးလႊာကို ႏွစ္ခါသုံးခါ ဖတ္ျပတဲ့အေၾကာင္း…မိမိအေနနဲ႔လည္း ေသခ်ာပါတယ္ဆိုၿပီး တရားသူႀကီးနဲ႔ ေရွ႕ေနေရွ႕မွာ တရားဝင္လက္မွတ္ထိုးေပးခဲ့တာ ျဖစ္တယ္လို႔ ဆိုပါတယ္

မီဒီယာေတြ ေရွ႕မွာလည္း လက္မွတ္ထိုးတဲ့ ေက်ေအးလႊာကို ျပခဲ့ေၾကာင္း..အဲဒီေနာက္ပိုင္း ၿပီးသြားၿပီ ဆိုၿပီး တရား႐ုံးလည္းမသြားဘဲေနခဲ့ရာမွ မီဒီယာေတြက အစၥဏီကိစၥသိလားဆိုၿပီး ဖုန္းဆက္ေမးၾကတယ္လို႔ ဆိုပါတယ္….

စူးရွထက္ရဲ့ ေက်ေအးလႊာဟာ အက်ဳံးမဝင္ဘူးဆိုၿပီး ေရွ႕ေနတစ္ဦးရဲ့ ေျပာၾကားခ်က္နဲ႔ ပတ္သက္ၿပီး ေရွ႕ေနက စာအမ်ားႀကီးတတ္ၿပီး သူဟာေရွ႕ေနေလာက္ စာလည္းမတတ္ ပညာလည္းမတတ္ေၾကာင္း တကယ္လို႔ ေက်ေအးေပးလႊာဟာ အက်ဳံးမဝင္ဘူးဆိုရင္ သူမကို လာေျပာျပရင္ အတတ္နိုင္ဆုံးကူညီမွာျဖစ္တယ္လို႔ ဆိုပါတယ္… ပရိသတ္ေတြ အထင္လြဲေနတဲ့အေပၚမွာလည္း ပရိသတ္ေတြကတရားသူႀကီး ေရွ႕ေနလည္းမဟုတ္လို႔ နားမလည္လို႔ေျပာတာျဖစ္တဲ့အတြက္ ေျပာၾကပါေစလို႔ ဆိုခဲ့ပါတယ္

ေသြးမေတာ္ သားမစပ္တဲ့ သူစိမ္းေတြကေတာင္ ဒီလိုမ်ိဳးျဖစ္သြားတာ စိတ္မေကာင္းျဖစ္ေနၾကတာ သူမအေနနဲ႔လည္း အစၥဏီနဲ႔ ပတ္သက္ခဲ့တာျဖစ္လို႔ စိတ္မေကာင္းျဖစ္ရၿပီး လြတ္ေစခ်င္တယ္လို႔ ဆိုခဲ့ၿပီး အခုျဖစ္ေနတာေတြက စူးရွနဲ႔ မအပ္စပ္ပါဘူးလို႔ သူက ဆိုခဲ့ပါတယ္……အစၥဏီနဲ႔ ပတ္သက္ၿပီး စိတ္မေကာင္းျဖစ္ခဲ့ရတဲ့အေၾကာင္းေတြကို စူးရွထက္က ဝမ္းနည္းစြာနဲ႔ အင္တာဗ်ဴးတစ္ခုမွာ ေျဖဆိုခဲ့တာပါ..စူးရွထက္ ေျဖဆိုခဲ့တဲ့ အေၾကာင္းအျပည့္အစုံ ဗီဒီယိုေလးကိုလည္း ေအာက္မွာျပန္လည္မၽွေဝေပးလိုက္ရပါတယ္ေနာ္

႐ုပ္သံဖိုင္အားၾကည့္ရန္ႏွိပ္ပါ

Writer – HW (Shwe Yaung Lan)


Video Source : Sunday Journal

LEAVE A REPLY

Please enter your comment!
Please enter your name here