အရမ်းကောင်းပေမယ့် တစ်ယောက်မှ လာမကြည့်တဲ့ ၃(က)ရုပ်ရှင်ကား အကြောင်းပြောလာတဲ့ ဒါရိုက်တာအောင်ချမ်းလူ

73

အရာရာမှာ ခေတ်နောက်ကျနေတဲ့ မြန်မာရုပ်ရှင်လောကအတွက် ဒါရိုက်တာ လူငယ်သစ်တွေ အများကြီးပေါ်ထွက်လာသလို ၊ သူတို့ရဲ့ လတ်ဆတ်တဲ့ Idea တွေနဲ့ သူတို့ရဲ့အနုပညာကို အကောင်းဆုံး ကြိုးစားပြသမှုတွေဟာလည်း တော်တော်များများတွေ့လာရပါတယ်။ လူငယ် ဒါရိုက်တာတွေ ရိုက်ကူးတဲ့ ကားတော်တော်များများလည်း ကင်မရာ၊ ကာလာ ၊ အယူအဆ တွေက လှေကြီးထိုး ရိုးရိုးထက် များစွာ ကောင်းမွန်လာတာကိုလည်းတွေ့ရပါတယ်။

လတ်တလော ရုံတင်နေတဲ့ ၃(က) ရုပ်ရှင်ကားကြီးတစ်ကားကိုတော့ လူငယ်ဒါရိုက်တာဖြစ်တဲ့ ဒါရိုက်တာ အောင်ချမ်းလူက ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် ဒါရိုက်တာအသစ်ဖြစ်သလို ၊ သရုပ်ဆောင်တွေကလည်း အသစ် ဖြစ်ပြီးနာမည်ကြီး မင်းသားမင်းသမီးတွေ ထည့်မသုံးထားတာကြောင့် တစ်ချို့ရုံတွေမှာ ကြည့်သူပင် မရှိကြောင်း စိတ်မကောင်းဖွယ်သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သတ်ပြီးတော့လည်း ဒါရိုက်တာ အောင်ချမ်းလူတစ်ယောက်ကတော့သူဖန်တီးတဲ့ အနုပညာအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ဆိုပါတယ်။ အထူးသဖြင့်လူတွေက အသစ်ကို တောင့်တကြပေမယ့် အဟောင်းထဲက ရုန်းမထွက်နိုင်ကြဘူးလို့လည်း ဆိုပါတယ်။ဒါကြောင့် နောက်ကားတွေ ရိုက်ဖို့မရိုက်ဖို့ကိုတော့ ဆက်လက်စဉ်းစားရဦးမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဘယ်သူပါအောင်ရိုက် ၊ ဘယ်မင်းသားကို သုံးလို့ ထုတ်လုပ်သူတွေက လွှမ်းမိုးလာတာမျိုးနဲ့တော့ သူ့အနုပညာကို ဖန်တီးမှာ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။ ဘာဖြစ်ဖြစ် တက်သစ်စလူငယ် ၊ အနုပညာရှင် အသိပညာရှင်တွေကတော့ မြန်မာရုပ်ရှင်လောက ပြုပြင်ပြောင်းလဲနိုင်ရေးကို အားသွန်ခွန်စိုက်ကြိုးပမ်းလာကြတာကိုတော့အသိအမှတ်ပြုကြရမှာပါနော်။

Writer- SMT(Shwe Yaung Lan)

အရမ္းေကာင္းေပမယ့္ တစ္ေယာက္မွ လာမၾကည့္တဲ့ ၃(က)႐ုပ္ရွင္ကား အေၾကာင္းေျပာလာတဲ့ ဒါရိုက္တာေအာင္ခ်မ္းလူ

အရာရာမွာ ေခတ္ေနာက္က်ေနတဲ့ ျမန္မာ႐ုပ္ရွင္ေလာကအတြက္ ဒါရိုက္တာ လူငယ္သစ္ေတြ အမ်ားႀကီးေပၚထြက္လာသလို ၊ သူတို႔ရဲ့ လတ္ဆတ္တဲ့ Idea ေတြနဲ႔ သူတို႔ရဲ့အႏုပညာကို အေကာင္းဆုံး ႀကိဳးစားျပသမႈေတြဟာလည္း ေတာ္ေတာ္မ်ားမ်ားေတြ႕လာရပါတယ္။ လူငယ္ ဒါရိုက္တာေတြ ရိုက္ကူးတဲ့ ကားေတာ္ေတာ္မ်ားမ်ားလည္း ကင္မရာ၊ ကာလာ ၊ အယူအဆ ေတြက ေလွႀကီးထိုး ရိုးရိုးထက္ မ်ားစြာ ေကာင္းမြန္လာတာကိုလည္းေတြ႕ရပါတယ္။

လတ္တေလာ ႐ုံတင္ေနတဲ့ ၃(က) ႐ုပ္ရွင္ကားႀကီးတစ္ကားကိုေတာ့ လူငယ္ဒါရိုက္တာျဖစ္တဲ့ ဒါရိုက္တာ ေအာင္ခ်မ္းလူက ရိုက္ကူးထားခဲ့တာျဖစ္ပါတယ္။ဒါေပမယ့္ ဒါရိုက္တာအသစ္ျဖစ္သလို ၊ သ႐ုပ္ေဆာင္ေတြကလည္း အသစ္ ျဖစ္ၿပီးနာမည္ႀကီး မင္းသားမင္းသမီးေတြ ထည့္မသုံးထားတာေၾကာင့္ တစ္ခ်ိဳ႕႐ုံေတြမွာ ၾကည့္သူပင္ မရွိေၾကာင္း စိတ္မေကာင္းဖြယ္သိရပါတယ္။

ဒီအေၾကာင္းနဲ႔ ပတ္သတ္ၿပီးေတာ့လည္း ဒါရိုက္တာ ေအာင္ခ်မ္းလူတစ္ေယာက္ကေတာ့သူဖန္တီးတဲ့ အႏုပညာအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ဆိုပါတယ္။ အထူးသျဖင့္လူေတြက အသစ္ကို ေတာင့္တၾကေပမယ့္ အေဟာင္းထဲက ႐ုန္းမထြက္နိုင္ၾကဘူးလို႔လည္း ဆိုပါတယ္။ဒါေၾကာင့္ ေနာက္ကားေတြ ရိုက္ဖို႔မရိုက္ဖို႔ကိုေတာ့ ဆက္လက္စဥ္းစားရဦးမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဘယ္သူပါေအာင္ရိုက္ ၊ ဘယ္မင္းသားကို သုံးလို႔ ထုတ္လုပ္သူေတြက လႊမ္းမိုးလာတာမ်ိဳးနဲ႔ေတာ့ သူ႔အႏုပညာကို ဖန္တီးမွာ မဟုတ္ဘူးလို႔လည္း သူကဆိုပါတယ္။ ဘာျဖစ္ျဖစ္ တက္သစ္စလူငယ္ ၊ အႏုပညာရွင္ အသိပညာရွင္ေတြကေတာ့ ျမန္မာ႐ုပ္ရွင္ေလာက ျပဳျပင္ေျပာင္းလဲနိုင္ေရးကို အားသြန္ခြန္စိုက္ႀကိဳးပမ္းလာၾကတာကိုေတာ့အသိအမွတ္ျပဳၾကရမွာပါေနာ္။

႐ုပ္သံဖိုင္ၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္


Writer- SMT(Shwe Yaung Lan)

LEAVE A REPLY

Please enter your comment!
Please enter your name here