ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် စုံညီပွဲတော်အတွက် လေ့ကျင့်သင်ကြားပေးနေတဲ့အက
115
ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ် အထက-ကင်ချောင်း စုံညီပွဲတော်အတွက် ဆရာပိုင်ပိုင် လေ့ကျင့်သင်ကြားပေးနေတဲ့အကကို ဆက်လက်ပြီး အားပေးနိုင်အောင်တင်ပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ အခြေခံပညာရေးကိုသင်ကြားပေးနေကြတဲ့ ဆရာဆရာမတွေဟာ ပြောင်လဲလာတဲ့ပညာရေးစနစ်နဲ့အတူ ကျောင်းသူကျောင်းသားတွေ ကျောင်းနေပျော်ပီး စာတော်စေဖို့ စေတနာမေတ္တာတရားများဖြင့်ပါကြိုးစားလာကြတာတွေ့ရပါတယ်။ စာပေအရာတွင်သာမဟုတ်ဘဲ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေကိုပါ လေ့ကျင့်ပျိုးထောင်နေတာတွေ့ရပါတယ်။ လူတစ်ယောက်ဆိုတာလည်း
ပညာတတ်ရုံဖြင့်မပီး နှလုံးသားလှဖို့ စိတ်ထားမြင့်မြတ်ဖို့လည်း အထူးလိုအပ်လှသည်။ ပညာတတ်ပီး ယုတ်မာရက်စက်သူများ ကမ႓ာပေါ်တွင် နေ့စဉ်ကြားသိနေရပေသည်။ ကျွန်တော်တို့လူသားလောကကြီးကို ပညာနှင့်တင်မပီး မေတ္တာတရားနှင့်ပါတည်ဆောက်မှသာ ငြိမ်ချမ်းသာယာမည်ဖြစ်ပါသည်။ ကျောင်းသားတစ်ယောက်ဟာ ပညာသာမက စာရိတ္တနှင့်
အားကစားတို့လည်း ထူးချွန်အောင်ကြိုးစားသင့်ပါတယ်။ အခုတင်ပြပေးချင်တဲ့ ဗွီယိုဖိုင်လေးကတော့ အွန်လိုင်းမှာလူကြည့်များပီး ချီးကျူးဂုဏ်ပြုနေကြတဲ့ ရွာလေးတစ်ရွာက ကျောင်းဆရာရဲ့ စုံညီပွဲတော်အတွက် အက တိုက် နေတဲ့ဗွီယိုဖိုင်လေးဖြစ်ပါတယ်။ ဒါဟာဆိုရင် ကျောင်းသားလေးတွေကို ကျောင်းနေပျော်ပီး စာတော်စေရမည်ဆိုတဲ့ အတိုင်း
ပျော်ရွှင်အောင်ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ ကျောင်းသားလေးတွေ က တာလည်း တော်တော်လေး ညီညာတာကိုတွေ့ရပါတယ်။ အခုလို ဆရာဆရာမများမှ နိုင်ငံသားကောင်းရတနာလေးများကို သင်ကြားနေတာကို အားလုံးက ဝမ်းသာဂုဏ်ယူနေကြလို
ဝိုင်းဝန်းအားပေးကြရမှာဖြစ်ပါတယ်။ ရုပ်သံဖိုင်ကို အောက်ဆုံးမှာတင်ပေးလိုက်ပါတယ်။ #သာဂိ
LEAVE A REPLY
Please enter your comment!
Please enter your name here