ခေါင်းစဉ်က ” လိုရင် ယူသွားပါ…လှူချင် လှူသွားပါ “..

260

အခုရက်ပိုင်း မန္တလေးက ကျုံးဘေးမှာ Food Box တွေခေတ်စားနေပြီး လှူတဲ့သူတွေရော ဝင်ရောက်စားသုံးသူတွေပါ ပျော်ပျော်ပါးပါး မြင်တွေ့နေခဲ့ပါတယ်။ လှူချင်သူတွေ လှူနိုင်ပြီး လိုအပ်နေသူတွေ ဝင်ရောက်စားသုံးနိုင်တဲ့ Food Box ဆိုတာကို မန္တလေးက one to one ကလေးလူနာကူညီရေး အသင်းမှာ အရေးပါလှတဲ့ စေတနာရှင် ပရဟိတသမားကြီး ကိုဝမ်းဆိုသူမှ စတင်ပြုလုပ်ခဲ့ချင်းဖြစ်တယ်လို့ သိရပါတယ်။

ထိုမှတဆင့် လူပြောများလာပြီး မော်လမြိုင် လူမှုကူညီရေး အသင်းက ကိုဇင်မိုးကလည်း သူရဲ့ လူမှုကွန်ယက်အကောင့်ကနေပြီး မနက်ဖြန် မော်လမြိုင်ကမ်းနားလမ်းမှာ Food Box တွေ စမြင်ရတော့မှာပါ ဆိုပြီး တင်ပြထားတာကို တွေ့ရပါတယ်။

ဝမ်းသာစရာ သတင်းတစ်ခုအဖြစ် ApannPyay ချစ်ပရိသတ်ကြီး အတွက် တင်ပြပေးလိုက်ခြင်းဖြစ်ပါသည်။ နောက်ရက်နောက်ရက်တွေကနေ ထာဝရအဖြစ် တည်ရှိပြီး မြန်မာပြည်တစ်ပြည်လုံးမှာ Food Box တွေထားရှိ လှူဒါန်းနိုင်ကြပါစေလို့ ApannPyay အဖွဲ့သားများအားလုံးမှ ဆုတောင်းပေးလိုက်ပါတယ်..။ အားလုံးကိုလေးစားအပ်ပါသည်။ လေးစားစွာဖြင့်… ApannPyay

Food Box ကို မော်လမြိုင်ကမ်းနားလမ်းမှာစတွေ့ပါတော့မယ်

ကျွန်တော်တို့ မော်လမြိုင်က တခြားနေရာတွေ နောက်ကျချင် နောက်ကျမယ် … ပရဟိတတော့ ဘယ်တော့မှ နောက်မကျဘူး

ခေါင်းစဉ်က … ” လိုရင် ယူသွားပါ … လှူချင်လှူသွားပါ ”

မနက်ဖြန် မော်လမြိုင်ကမ်းနားလမ်းမှာ Food Box တွေ စမြင်ရတော့မှာပါ … မန္တလေးမြို့က ကိုဝမ်း (One to one) ပြည်သူ့ကူညီရေးက စတင်ခဲ့တဲ့ food box ကို သေချာသုံးသပ် ကြည့်တော့ တကယ်ကို ကောင်းမွန်တဲ့ စနစ်လို့ ယူဆရပါတယ်။

နိုင်ငံတကာမှာလဲ တကယ်လိုအပ်နေတဲ့သူတွေအတွက် food box တွေ ရှိပါတယ်။ အဆင်ပြေတဲ့လူတွေအတွက် ဘာမှမဟုတ်ပေမဲ့ အဆင်မပြေတဲ့သူတွေ ခရီးသွားဟန်လွဲ တကယ်လိုအပ်နေသူတွေ အတွက်တော့ အထောက်အကူ ဖြစ်နိုင်ပါတယ်။

ကျန်တာကတော့ မိမိတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ပဲ သက်ဆိုင်မှာပါ။

တကယ်လိုအပ်သူတွေ အတွက်တော့ အဆင်ပြေနိုင်မှာပါ။

” လိုရင် ယူသွားလေ … လှူချင်လဲ လှူသွားပေါ့ ”

food box အစီအစဉ်ကို မော်လမြိုင်မြို့ မြိုင်သာယာရပ်မှာနေတဲ့ အလှူရှင်တစ်ဦးမှ အကောင်အထည် စဖော်ဖို့ စီစဉ်ခဲ့တာပါ။ ဒီလို စီစဉ်မှုကို ထပ်မံပံ့ပိုးတာက အလူမီနီယံလုပ်ငန်းလုပ်တဲ့ ကိုမောင်အေး ပါ။ သူက food box ကို အလူမီနီယံနဲ့ သေချာတပ်ဆင် လှူဒါန်း ဒါနပြုပေးတာပါ။

food box ကို အလူမီနီယံနဲ့ သေချာအခိုင်အမာ စီစဉ်ပေးမှာပါ။

တကယ်လိုအပ်တဲ့ သူတွေအတွက် အအေး မုန့် ရေသန့် အားဖြည့်အချို ရည်တွေကို အခမဲ့ ယူဆောင် စားသောက်နိုင်ပြီး လှူဒါန်းလိုသူတွေ အနေနဲ့လည်း food box မှာ အများပြည်သူ စားသုံးနိုင်ဖို့ အချိန်မရွေး စေတနာ ရှိသလို လာရောက် လှူဒါန်း ထည့်ဝင်နိုင်ပါတယ်။

မိမိအတွက် အပန်းမကြီးတဲ့ စားသောက်ဖွယ်ရာလေး တခုက တကယ်လိုအပ်နေသူ အတွက်ဆို နတ်သုဒ္ဓါ ပါပဲ …

ကျန်တဲ့ အပြုအမူတွေက မိမိတို့ ကိုယ်စီကိုယ်ကျင့်တရားနဲ့ပဲ သက်ဆိုင် မှာပါ။

မော်လမြိုင် Food Box

” လိုရင်ယူသွားပါ … လှူချင်လှူသွားပါ ”

(ApannPyay)

source – Zin Moe