အခုခေတ် ကျောင်းသား/သူများအတွက် ဆရာမတစ်ဦးရဲ့ ထိရောက်တဲ့ ပညာပေး သင်ခန်းစာ

55

“သ ဉ္ဇာဝင့်ကျော်က လှလို့ပြတာပဲ ဘာဖြစ်လဲ ဆရာမရယ်”

“ဆဲတာ သူများပစ္စည်းခိုးတာမှ မဟုတ်တာ မရှက်ပါဘူး ဆရာမ”

ယနေ့ ကျွန်မရဲ့ပညာဒါနက ကြည့်မြင်တိုင်မြို့နယ်ထဲက အခြေခံပညာ အထက်တန်းကျောင်းတစ်ကျောင်းမှာပါ။

ဆယ်တန်းကျောင်းသားတွေကို Physics ပုစ္ဆာ တွက်ပြနေစဉ်မှာ နောက်ဘက်တန်းနားက ” ငါ… မသား”လို့ ပစ်ပစ်နှစ်နှစ် ဆဲလိုက်တဲ့အသံကိုကြားမိတယ်။ဖြတ်ကနဲလှည့်အကြည့် ကျောင်းသားချင်း စနောက်ရင်း ဆဲလိုက်တာပါတဲ့။

“သားရယ် မဆဲရဘူး. ဆဲတယ်ဆိုတာ မိမိကိုယ်တိုင်အတွက်သာမက မိဘရော ဆရာကိုပါ သိက္ခာကျစေတယ်။ရှက်ပါကွယ်”လို့ပြောတော့ “မရှက်ပါဘူး ဆရာမရယ်… ဆဲတာ သူများပစ္စည်းခိုးတာမှမဟုတ်ပဲ”တဲ့….

“ဟင်… မင်းပြောပုံက သ ဉ္ဇာဝင့်ကျော်လိုပါလား “လို့ ပြောလိုက်မိတော့ မိန်းကလေးတန်းဘက်က ကျောင်းသူတစ်ယောက်က “ဆရာမကလဲ သ ဉ္ဇာက လှလို့ပြတာပဲ အနုပညာလေ”တဲ့။

“NO NO ဒါအနုပညာမဟုတ်ပါ။အနူမတောင် ဒါမျိုး မပြပါဘူးကွယ်”လို့ ပြန်ပြောမိတော့ “အနူမက လှမှမလှပဲတဲ.”လေ။

ကျွန်မ နားတွေခေါင်းတွေပူတဲ့အထိ စိတ်ထဲထောင်းခံစားလိုက်ရတယ်။

“ကောင်းပြီ … အခုပြောနေတဲ့သမီးလေးက ၁၆နှစ်. သ ဉ္ဇာဝင့်ကျော်က ၃ဝကျော်နေပြသမီးက သူ့ထက်ပိုလှတယ်။သိပ်ကိုလှပါတယ်သမီး။လာပါ။

ဆရာမဘေးကိုလာပါ။ လှလို့ပြတာပဲဆို လာပြပါ”လို့… ကျွန်မ သူမမျက်လုံးကိုသေချာ စိုက်ကြည့်ပြီး လှမ်းခေါ်လိုက်တယ်။တစ်တန်းလုံး အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားပါတယ်။

“လာပါ… ဒီတစ်တန်းလုံးက ကျောင်းသူတွေ အကုန်လှကြပါတယ်။ လာပါ။ပြချင်သလား? ပြရဲသလား?” ဆိုတော့ ရင်ဖုံးအကျီ် င်္အဖြူလေးတွေပေါ် လက်ကလေးတွေယှက်လို့ “မပြချင်ပါ မပြရဲပါဆရာမ”တဲ့။

“မှတ်ထား လောကပါလတရားနှစ်ပါးဆိုတာသိသလား” ဆိုတော့ “မသိပါ”တဲ့။”ဟီရိ သြတပ္ပ””မကောင်းမှုပြုလုပ်ရန် ရှက်ခြင်းကြောက်ခြင်း”လို့ “အသိစိတ်များလေ လူ့အဆင့်အတန်းမြင့်လေ။ ”

“လောကပါလတရားကိုလိုက်နာလေ မိမိနဲ့မိမိဝန်းကျင်တိုးတက်လေ။”

“ခွေးသားပေါက်လေးတွေကို နိုူ့တိုက်နေတဲ. ခွေးမိခင်ဟာ နို့ကြီးရှစ်လုံး ဘတ်လတ်ပြူးနေပေမယ့် အဝတ်ဝတ်ရကောင်းရယ်လို့ သိလည်းမသိ ဝန်းကျင်ကလည်း ခွေးကို အဝတ်ဝတ်ထားရမယ် ပတ်ဝန်းကျင်က သတ်လည်းမသတ်မှတ်။

သူက တိရစ္ဆာန်level.”

“လူဖြစ်ပါလျှက် လှလို့ပြတာပါဆိုပြီး ဖုံးကွယ်သင့်တဲ့ အရာတွေကို ပြသနေတာ အနုပညာမဟုတ် အရှက်မဲ့တာ”လို့။

သူတို့လေးတွေအားလုံး အတွေးကိုယ်စီနဲ့ကျန်ခဲ့ကြတယ်။အတန်းထဲကအထွက် ကျွန်မ ကျောင်းရုံးခန်းကိုဝင်ပြီး ကျောင်းအုပ်ဆရာမကြီးကို အကြောင်းစုံပြောပြလိုက်မိတယ်။

ကိုယ်ကျင့်သီလ စာရိတ္တကို အထူးမြှင့်တင်ဖို့.…

ကျောင်းသူကျောင်းသားလေးတွေရဲ့ အသိတွေကို အဆုံးအမတွေနဲ့ ပြောင်းလဲပေးနိုင်ဖို့… ကျွန်မတို့ ဟောပြောပွဲတစ်ပွဲ လုပ်ဖြစ်တော့မယ်ရှင့်။

ယနေ့ …ရင်မောသည်။မျက်ရည်ဝဲသည်။အိမ်ရောက်တော့ ကျွန်မ ငိုမိသည်။ အေးသန္တာထက် / မေတ္တာလင်္ကာပညာရေးပရဟိတအသင်း / လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

အခုေခတ္ ေက်ာင္းသား/သူမ်ားအတြက္ ဆရာမတစ္ဦးရဲ႕ ထိေရာက္တဲ့ ပညာေပး သင္ခန္းစာ

“သၪၨာဝင့္ေက်ာ္က လွလို႔ျပတာပဲ ဘာျဖစ္လဲ ဆရာမရယ္”

“ဆဲတာ သူမ်ားပစၥည္းခိုးတာမွ မဟုတ္တာ မရွက္ပါဘူး ဆရာမ”

ယေန႔ ကြၽန္မရဲ႕ပညာဒါနက ၾကည့္ျမင္တိုင္ၿမိဳ႕နယ္ထဲက အေျခခံပညာ အထက္တန္းေက်ာင္းတစ္ေက်ာင္းမွာပါ။

ဆယ္တန္းေက်ာင္းသားေတြကို Physics ပုစာၦ တြက္ျပေနစဥ္မွာ ေနာက္ဘက္တန္းနားက ” ငါ… မသား”လို႔ ပစ္ပစ္ႏွစ္ႏွစ္ ဆဲလိုက္တဲ့အသံကိုၾကားမိတယ္။ျဖတ္ကနဲလွည့္အၾကည့္ ေက်ာင္းသားခ်င္း စေနာက္ရင္း ဆဲလိုက္တာပါတဲ့။

“သားရယ္ မဆဲရဘူး. ဆဲတယ္ဆိုတာ မိမိကိုယ္တိုင္အတြက္သာမက မိဘေရာ ဆရာကိုပါ သိကၡာက်ေစတယ္။ရွက္ပါကြယ္”လို႔ေျပာေတာ့ “မရွက္ပါဘူး ဆရာမရယ္… ဆဲတာ သူမ်ားပစၥည္းခိုးတာမွမဟုတ္ပဲ”တဲ့….

“ဟင္… မင္းေျပာပုံက သၪၨာဝင့္ေက်ာ္လိုပါလား “လို႔ ေျပာလိုက္မိေတာ့ မိန္းကေလးတန္းဘက္က ေက်ာင္းသူတစ္ေယာက္က “ဆရာမကလဲ သၪၨာက လွလို႔ျပတာပဲ အႏုပညာေလ”တဲ့။

“NO NO ဒါအႏုပညာမဟုတ္ပါ။အႏူမေတာင္ ဒါမ်ိဳး မျပပါဘူးကြယ္”လို႔ ျပန္ေျပာမိေတာ့ “အႏူမက လွမွမလွပဲတဲ.”ေလ။

ကြၽန္မ နားေတြေခါင္းေတြပူတဲ့အထိ စိတ္ထဲေထာင္းခံစားလိုက္ရတယ္။

“ေကာင္းၿပီ … အခုေျပာေနတဲ့သမီးေလးက ၁၆ႏွစ္. သၪၨာဝင့္ေက်ာ္က ၃၀ေက်ာ္ေနျပသမီးက သူ႔ထက္ပိုလွတယ္။သိပ္ကိုလွပါတယ္သမီး။လာပါ။

ဆရာမေဘးကိုလာပါ။ လွလို႔ျပတာပဲဆို လာျပပါ”လို႔… ကြၽန္မ သူမမ်က္လုံးကိုေသခ်ာ စိုက္ၾကည့္ၿပီး လွမ္းေခၚလိုက္တယ္။တစ္တန္းလုံး အပ္က်သံၾကားရေလာက္ေအာင္ တိတ္ဆိတ္သြားပါတယ္။

“လာပါ… ဒီတစ္တန္းလုံးက ေက်ာင္းသူေတြ အကုန္လွၾကပါတယ္။ လာပါ။ျပခ်င္သလား? ျပရဲသလား?” ဆိုေတာ့ ရင္ဖုံးအက်ီ္ အၤျဖဴေလးေတြေပၚ လက္ကေလးေတြယွက္လို႔ “မျပခ်င္ပါ မျပရဲပါဆရာမ”တဲ့။

“မွတ္ထား ေလာကပါလတရားႏွစ္ပါးဆိုတာသိသလား” ဆိုေတာ့ “မသိပါ”တဲ့။”ဟီရိ ၾသတပၸ””မေကာင္းမႈျပဳလုပ္ရန္ ရွက္ျခင္းေၾကာက္ျခင္း”လို႔ “အသိစိတ္မ်ားေလ လူ႔အဆင့္အတန္းျမင့္ေလ။ ”

“ေလာကပါလတရားကိုလိုက္နာေလ မိမိနဲ႔မိမိဝန္းက်င္တိုးတက္ေလ။”

“ေခြးသားေပါက္ေလးေတြကို ႏိုူ႔တိုက္ေနတဲ. ေခြးမိခင္ဟာ ႏို႔ႀကီးရွစ္လုံး ဘတ္လတ္ျပဴးေနေပမယ့္ အဝတ္ဝတ္ရေကာင္းရယ္လို႔ သိလည္းမသိ ဝန္းက်င္ကလည္း ေခြးကို အဝတ္ဝတ္ထားရမယ္ ပတ္ဝန္းက်င္က သတ္လည္းမသတ္မွတ္။

သူက တိရစာၦန္level.”

“လူျဖစ္ပါလွ်က္ လွလို႔ျပတာပါဆိုၿပီး ဖုံးကြယ္သင့္တဲ့ အရာေတြကို ျပသေနတာ အႏုပညာမဟုတ္ အရွက္မဲ့တာ”လို႔။

သူတို႔ေလးေတြအားလုံး အေတြးကိုယ္စီနဲ႔က်န္ခဲ့ၾကတယ္။အတန္းထဲကအထြက္ ကြၽန္မ ေက်ာင္း႐ုံးခန္းကိုဝင္ၿပီး ေက်ာင္းအုပ္ဆရာမႀကီးကို အေၾကာင္းစုံေျပာျပလိုက္မိတယ္။

ကိုယ္က်င့္သီလ စာရိတၱကို အထူးျမႇင့္တင္ဖို႔.…

ေက်ာင္းသူေက်ာင္းသားေလးေတြရဲ႕ အသိေတြကို အဆုံးအမေတြနဲ႔ ေျပာင္းလဲေပးႏိုင္ဖို႔… ကြၽန္မတို႔ ေဟာေျပာပြဲတစ္ပြဲ လုပ္ျဖစ္ေတာ့မယ္ရွင့္။

ယေန႔ …ရင္ေမာသည္။မ်က္ရည္ဝဲသည္။အိမ္ေရာက္ေတာ့ ကြၽန္မ ငိုမိသည္။ ေအးသႏၲာထက္ / ေမတၱာလကၤာပညာေရးပရဟိတအသင္း / ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

LEAVE A REPLY

Please enter your comment!
Please enter your name here