အ​ရေးပေါ်အခြေအနေကြောင့် ဆေးရုံတင်ထားရတဲ့ ဟာသသရုပ်ဆောင်ဦးဗေလုဝ

51

ယနေ့ အချိန်ထိ ဟာသ အနုပညာလောကမှာ နာမည်ကျော်နေပြီး အောင်မြင်နေစဲဖြစ်တဲ့ ဟာသ သရုပ်ဆောင် ဗေလုဝကို ပရိတ်သတ်ကြီးတို့ ကြိုက်နှစ်ကြမှာပါပဲနော်.။

ပရိတ်သတ်တွေကို ဟာသ ပျက်လုံးတွေနဲ့ အငြိမ့်သဘင်မှာ ဖမ်းစားထားနိုင်သလို၊ အနုပညာလောကရဲ့ ဟသ သရုပ်ဆောင်မှာလည်း ပီပြင်စွာ သရုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ စာရေးဆရာ အကြည်တော်ရဲ့ ဘီလူး ဆိုတဲ့ ဇတ်ကားကြီးဟာလည်း တော်တော်လေးကို အောင်မြင်ခဲ့ပါတယ်။

အသက်အရွယ်ပိုင်းအရ ကြီးမြင့်လာသော်လည်း ယနေ့အချိန်ထိ သူတတ်မြောက်ထားတဲ့ အနုပညာနဲ့ ပရိတ်သတ်ကြီးကို ပျော်ရွှင်စေသူဖြစ်ပါတယ်။ သရုပ်ဆောင်ဗေလုဝဟာ ဟာသအနုပညာနဲ့ ပရိတ်သတ်ကြီးကို တင်ဆက်ယုံသာမက စာအုပ်စာပေများနဲ့လည်း အသိပညာများကို မျှဝေသူတစယောက်ဖြစ်ပါတယ်။

ယခုလို စွယ်စုံ ရ အနုပညာရှင် ဗေလုဝဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ဦးနှောက် သွေးခဲပြီး ပင်လုံဆေးရုံမှာ ဆေးရုံတက် ကုသနေရတယ်လို့ သတင်းရရှိပါတယ်။

ယနေ့မှာတော့ ပြန်လည် သတိရလာခဲ့ပြီး လမ်းလျောက်နိုင်ခဲ့သော်လည်း အသိမှတ်ဉာဏ်တွေဟာ ကောင်းမွန်စွာ အလုပ် မလုပ်သေးဘူးလို့ ဆိုပါတယ်။ ပရိတ်သတ်ကြီးကို အမြဲတမ်းပျော်ရွှင်အောင် လုပ်ပေးနေတဲ့ ဟာသသရုပ်ဆောင် ဗေလုဝ အမြန်ကျန်းမာပါစေလို့ ပရိတ်သတ်ကြီးနဲ့အတူ ဆုတောင်းပေးလိုက်ပါတယ်နော်……….။

Writer- ME(Shwe Yaung Lan)








LEAVE A REPLY

Please enter your comment!
Please enter your name here