ဈေးထဲသီးချင်းဆိုတဲ့စုံတွဲဗွီယိုဖိုင် လူကြည့်များနေ။ အဆိုတော်တေသနားတယ်

874

ဒီဗွီယိုဖိုင်လေးကလည်း အွန်လိုင်းမှာ လူကြည့်များတဲ့ဗွီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ သနားစရာကောင်းပါတယ် မျက်မမြင်ပါတဲ့ဗျာ။ ဒါပေမယ့် ဘဝမှာ စိတ်ဓာတ်မကျပဲ ကိုယ်တတ်စွမ်းတဲ့ ဂီတလေးနဲ့ ပရိတ်သတ်ကို ဖျော်ဖြေပီးရိုးသားစွာလုပ်ကိုင်စားသောက်နေတာပါ။ ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ ဘဝတွေမှာ ဘယ်သောအခါမှ ပြည့်စုံတယ်ဆိုတာမရှိပါဘူး။ ဒါကို လက်မှိုင်ချငြီးတွားနေမယ်ဆို ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။

ဘယ်လိုအခြေအနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ထွက်ပေါက်ဆိုတာတော့ ရှိစမြဲပါပဲ။ ကိုယ်က အဲဒီထွက်ပေါက်ကို ဇွဲ လုံးလ ဝီရိယ ပညာ နဲ့ ဖောက်ထွက်ဖို့ပဲလိုပါတယ်။ အုန်းနှောက်ထဲကလား နှလုံးသားထဲကလား ကျရှုံးမှုတွေ အောင်မြင်မှုတွေ အဲဒီကပဲလာပါတယ်။ သင့်ကိုယ်သင် အရှုံးသမားအဖြစ် မသတ်မှတ်သရွေ့ ဘယ်တော့မှ မရှုံးသေးပါဘူး။ ဒါပေမယ့် ဆက်လက်ကြိုးစားနေဖို့တော့ လိုပါတယ်။ မကြိုးစား အားမထုတ်ပဲ ငါ မရှုံးသေးဘူးဆိုရင်တော့ ရူးနေတာပဲလို့ပြောပါရစေ။

နောက်တစ်ခုက ကျွန်တော်တို့မြန်မာလူမျိုးတွေမှာ အလှူကြီးပေးမှ အလှူလို့ထင်ကြပါတယ်။ မှန်ပါတယ် အဲဒါလည်း အလှူပါပဲ ဒါပေမယ့် ပါရမီမြောက်တဲ့အလှူမဟုတ်ပါဘူး။ သာမန်အလှူဒါနနဲ့ ပါရမီမြောက်တဲ့အလှူဒါနမတူပါဘူး၊ အကျိုးပေးလည်းမတူပါ။ သာမန်အလှူဒါနဟာ သူအကျိုးပေးမလောက်ပဲပေးပီး အားကုန်သွားပါတယ်။ ပါရမီမြောက်တဲ့အလှူဒါနဆိုတာ နိဗ္ဗာန်မရောက်မချင်း ဖြစ်လေရာဘဝတိုင်းမှာ လိုက်ပီးအကျိုးပြုတဲ့ အလှူဒါနကုသိုလ်ဖြစ်ပါတယ်။

အမ်လစ်မစ်တက် ကုသိုလ်ပေါ့ဗျာ ဟဲ ဟဲ။ ပါရမီမြောက်တဲ့အလှူဆိုတာ တစ်ကယ်လိုအပ်နေတဲ့နေရာ၊ တစ်ကယ်လိုအပ်နေတဲ့အချိန်မှာ စေတနာသဒ္ဒါတရားထက်သန်စွာနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။ အခုလို မသန်စွမ်းတေကိုလည်း ကိုယ်တတ်နိုင်သလောက်လေး ပေးလှူကြပါ ကူညီကြပါလို့တိုက်တွန်းရင်း ဗွီယိုလေးကို ခံစားကြည့်လိုက်ကြပါအုံးဗျာ။

writer – သာဂိ

ေဈးထဲသီးခ်င္းဆိုတဲ့စုံတြဲဗြီယိုဖိုင္ လူၾကည့္မ်ားေန။ အဆိုေတာ္ေတသနားတယ္

ဒီဗြီယိုဖိုင္ေလးကလည္း အြန္လိုင္းမွာ လူၾကည့္မ်ားတဲ့ဗြီယိုဖိုင္တစ္ခုျဖစ္ပါတယ္။ သနားစရာေကာင္းပါတယ္ မ်က္မျမင္ပါတဲ့ဗ်ာ။ ဒါေပမယ့္ ဘဝမွာ စိတ္ဓာတ္မက်ပဲ ကိုယ္တတ္စြမ္းတဲ့ ဂီတေလးနဲ႔ ပရိတ္သတ္ကို ေဖ်ာ္ေျဖပီးရိုးသားစြာလုပ္ကိုင္စားေသာက္ေနတာပါ။ ဂုဏ္ယူစရာပါ။ ကၽြန္ေတာ္တို႔ ဘဝေတြမွာ ဘယ္ေသာအခါမွ ျပည့္စုံတယ္ဆိုတာမရွိပါဘူး။ ဒါကို လက္မွိုင္ခ်ၿငီးတြားေနမယ္ဆို ဘာမွျဖစ္လာမွာမဟုတ္ပါဘူး။

ဘယ္လိုအေျခအေန ဘယ္လိုအေနအထားမွာပဲျဖစ္ျဖစ္ ထြက္ေပါက္ဆိုတာေတာ့ ရွိစျမဲပါပဲ။ ကိုယ္က အဲဒီထြက္ေပါက္ကို ဇြဲ လုံးလ ဝီရိယ ပညာ နဲ႔ ေဖာက္ထြက္ဖို႔ပဲလိုပါတယ္။ အုန္းေႏွာက္ထဲကလား ႏွလုံးသားထဲကလား က်ရႈံးမႈေတြ ေအာင္ျမင္မႈေတြ အဲဒီကပဲလာပါတယ္။ သင့္ကိုယ္သင္ အရႈံးသမားအျဖစ္ မသတ္မွတ္သေရြ႕ ဘယ္ေတာ့မွ မရႈံးေသးပါဘူး။ ဒါေပမယ့္ ဆက္လက္ႀကိဳးစားေနဖို႔ေတာ့ လိုပါတယ္။ မႀကိဳးစား အားမထုတ္ပဲ ငါ မရႈံးေသးဘူးဆိုရင္ေတာ့ ႐ူးေနတာပဲလို႔ေျပာပါရေစ။

ေနာက္တစ္ခုက ကၽြန္ေတာ္တို႔ျမန္မာလူမ်ိဳးေတြမွာ အလႉႀကီးေပးမွ အလႉလို႔ထင္ၾကပါတယ္။ မွန္ပါတယ္ အဲဒါလည္း အလႉပါပဲ ဒါေပမယ့္ ပါရမီေျမာက္တဲ့အလႉမဟုတ္ပါဘူး။ သာမန္အလႉဒါနနဲ႔ ပါရမီေျမာက္တဲ့အလႉဒါနမတူပါဘူး၊ အက်ိဳးေပးလည္းမတူပါ။ သာမန္အလႉဒါနဟာ သူအက်ိဳးေပးမေလာက္ပဲေပးပီး အားကုန္သြားပါတယ္။ ပါရမီေျမာက္တဲ့အလႉဒါနဆိုတာ နိဗၺာန္မေရာက္မခ်င္း ျဖစ္ေလရာဘဝတိုင္းမွာ လိုက္ပီးအက်ိဳးျပဳတဲ့ အလႉဒါနကုသိုလ္ျဖစ္ပါတယ္။

အမ္လစ္မစ္တက္ ကုသိုလ္ေပါ့ဗ်ာ ဟဲ ဟဲ။ ပါရမီေျမာက္တဲ့အလႉဆိုတာ တစ္ကယ္လိုအပ္ေနတဲ့ေနရာ၊ တစ္ကယ္လိုအပ္ေနတဲ့အခ်ိန္မွာ ေစတနာသဒၵါတရားထက္သန္စြာနဲ႔ လႉဒါန္းျခင္းျဖစ္ပါတယ္။ အခုလို မသန္စြမ္းေတကိုလည္း ကိုယ္တတ္နိုင္သေလာက္ေလး ေပးလႉၾကပါ ကူညီၾကပါလို႔တိုက္တြန္းရင္း ဗြီယိုေလးကို ခံစားၾကည့္လိုက္ၾကပါအုံးဗ်ာ။


writer – သာဂိ

LEAVE A REPLY

Please enter your comment!
Please enter your name here