အတိတ်မေ့ပြီး အားလုံးကို နေတိုး လို့ပဲ ခေါ်နေတဲ့ ဗေလုဝ ရဲ့ စိတ်မကောင်းစရာ ကျန်းမာရေး အခြေအနေ

202

၂၀၁၅ ရွေးကောက်ပွဲကာလမှာ လူထုကိုစည်းရုံးနိုင်တဲ့အတွက် စစ်သူကြီးတစ်ဦးလိုတော်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ချီးမွမ်းခဲ့ရတဲ့ ရုပ်ရှင်သရုပ်ဆောင် ဗေလုဝ တစ်ယောက်ဟာ ကျန်းမာရေး မကောင်းတာကြောင့် ပင်လုံဆေးရုံမှာ တက်ရောက်ကုသနေရတယ်ဆိုတာ အားလုံး သိပြီးဖြစ်မှာပါနော်။

အခုအချိန်မှာတော့ ဦးဗေ တစ်ယောက် ပြန်လည်သတိရလာပြီးတော့ စကားမပြောနိုင်သေးဘူးလို့ သိရပါတယ်။ ခြေတွေ လက်တွေတော့ လှုပ်ရှားနိုင်ပြီးတော့ မှတ်ဉာဏ်ကသိပ်အလုပ်မလုပ်သေးတဲ့သဘောကိုလည်းတွေ့ရတယ်လို့ဆိုပါတယ်။ သူက မြင်မြင်သမျှလူတွေကို နေတိုး လို့ပဲ ပြန်ပြောနေတယ်လို့ ဆေးရုံကိုသွားရောက်ခဲ့သူတစ်ဦးရဲ့ပြောဆိုချက်အရသိရှိရပါတယ်။

အပေါ့အလေးကိုတော့ ကိုယ်တိုင်သွားနိုင်ပေမယ့် လူတော့ တွဲပေးရတယ်လို့ဆိုပါတယ်။ အခုတော့ ကောင်းစွာအနားယူဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။ပြည်သူအချစ်တော် ဦးဗေတစ်ယောက် မကြာခင်မှာ ၂၀၂၀ ရွေးကောက်ပွဲကြီးရောက်တော့မှာမို့ အမြန်ဆုံး ပြန်လည်ကျန်းမာပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Writer – SMT( Shwe Yaung Lan)






LEAVE A REPLY

Please enter your comment!
Please enter your name here