တတ်ကျွမ်းတဲ့ ဂီတလေးနဲ့ ရိုးရိုးသားသား ရှာဖွေစားသောက်နိုင်တာ ဂုဏ်ယူပါတယ်.

90

အားပေးကြမ်းလို့ နောက်တစ်ပုဒ်လာပါပြီ အသံကတော့ ရှယ်ပဲ

ဒီဗွီယိုဖိုင်လေးကလည်း အွန်လိုင်းမှာ လူကြည့်များတဲ့ဗွီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ သနားစရာကောင်းပါတယ် မျက်မမြင်ပါတဲ့ဗျာ။

ဒါပေမယ့် ဘဝမှာ စိတ်ဓာတ်မကျပဲ ကိုယ်တတ်စွမ်းတဲ့ ဂီတလေးနဲ့ ပရိတ်သတ်ကို ဖျော်ဖြေပီး ရိုးသားစွာ လုပ်ကိုင် စားသောက်နေတာပါ။ ဂုဏ်ယူစရာပါ။

ကျွန်တော်တို့ ဘဝတွေမှာ ဘယ်သောအခါမှ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ဒါကို လက်မှိုင်ချ ငြီးတွားနေမယ်ဆို ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။

ဘယ်လိုအခြေအနေ ဘယ်လိုအနေအထားမှာပဲဖြစ်ဖြစ် ထွက်ပေါက်ဆိုတာတော့ ရှိစမြဲပါပဲ။ ကိုယ်က အဲဒီထွက်ပေါက်ကို ဇွဲ လုံးလ ဝီရိယ ပညာ နဲ့ ဖောက်ထွက်ဖို့ပဲလိုပါတယ်။ အုန်းနှောက်ထဲကလား နှလုံးသားထဲကလား ကျရှုံးမှုတွေ အောင်မြင်

မှုတွေ အဲဒီကပဲလာပါတယ်။ သင့်ကိုယ်သင် အရှုံးသမားအဖြစ် မသတ်မှတ်သရွေ့ ဘယ်တော့မှ မရှုံးသေးပါဘူး။ ဒါပေမယ့် ဆက်လက်ကြိုးစားနေဖို့တော့ လိုပါတယ်။ မကြိုးစား အားမထုတ်ပဲ ငါ မရှုံးသေးဘူးဆိုရင်တော့ ရူးနေတာပဲလို့ပြောပါရစေ။နောက်တစ်ခုက ကျွန်တော်တို့ မြန်မာ လူမျိုးတွေမှာ အလှူကြီးပေးမှ အလှူလို့ထင်ကြပါတယ်။ မှန်ပါတယ် အဲဒါလည်း အလှူပါပဲ ဒါပေမယ့် ပါရမီမြောက်တဲ့အလှူမဟုတ်ပါဘူး။

သာမန်အလှူဒါနနဲ့ ပါရမီမြောက်တဲ့ အလှူဒါန မတူပါဘူး၊ အကျိုးပေးလည်း မတူပါ။ သာမန် အလှူဒါနဟာ သူအကျိုးပေးမလောက်ပဲ ပေးပီး အားကုန်သွားပါတယ်။ပါရမီမြောက်တဲ့ အလှူ ဒါနဆိုတာ နိဗ္ဗာန် မရောက်မချင်း ဖြစ်လေရာ ဘဝတိုင်းမှာ လိုက်ပီး အကျိုးပြုတဲ့ အလှူဒါန ကုသိုလ်ဖြစ်ပါတယ်။ အမ်လစ်မစ်တက် ကုသိုလ်ပေါ့ဗျာ ဟဲ ဟဲ။

ပါရမီမြောက်တဲ့ အလှူဆိုတာ တစ်ကယ် လိုအပ်နေတဲ့နေရာ၊ တစ်ကယ် လိုအပ်နေတဲ့ အချိန်မှာ စေတနာ သဒ္ဒါတရား ထက်သန်စွာနဲ့ လှူဒါန်းခြင်းဖြစ်ပါတယ်။အခုလို မသန်စွမ်းတေကိုလည်း ကိုယ်တတ်နိုင်သလောက်လေး ပေးလှူကြပါ ကူညီကြပါလို့ တိုက်တွန်းရင်း ဗွီယိုလေးကို ခံစားကြည့်လိုက်ကြပါအုံးဗျာ။

writre – သာဂိ

တတ္ကၽြမ္းတဲ့ ဂီတေလးနဲ႔ ရိုးရိုးသားသား ရွာေဖြစားေသာက္နိုင္တာ ဂုဏ္ယူပါတယ္

အားေပးၾကမ္းလို႔ ေနာက္တစ္ပုဒ္လာပါၿပီ အသံကေတာ့ ရွယ္ပဲ

ဒီဗြီယိုဖိုင္ေလးကလည္း အြန္လိုင္းမွာ လူၾကည့္မ်ားတဲ့ဗြီယိုဖိုင္တစ္ခုျဖစ္ပါတယ္။ သနားစရာေကာင္းပါတယ္ မ်က္မျမင္ပါတဲ့ဗ်ာ။

ဒါေပမယ့္ ဘဝမွာ စိတ္ဓာတ္မက်ပဲ ကိုယ္တတ္စြမ္းတဲ့ ဂီတေလးနဲ႔ ပရိတ္သတ္ကို ေဖ်ာ္ေျဖပီး ရိုးသားစြာ လုပ္ကိုင္ စားေသာက္ေနတာပါ။ ဂုဏ္ယူစရာပါ။

ကၽြန္ေတာ္တို႔ ဘဝေတြမွာ ဘယ္ေသာအခါမွ ျပည့္စုံတယ္ဆိုတာ မရွိပါဘူး။ ဒါကို လက္မွိုင္ခ် ၿငီးတြားေနမယ္ဆို ဘာမွျဖစ္လာမွာ မဟုတ္ပါဘူး။

ဘယ္လိုအေျခအေန ဘယ္လိုအေနအထားမွာပဲျဖစ္ျဖစ္ ထြက္ေပါက္ဆိုတာေတာ့ ရွိစျမဲပါပဲ။ ကိုယ္က အဲဒီထြက္ေပါက္ကို ဇြဲ လုံးလ ဝီရိယ ပညာ နဲ႔ ေဖာက္ထြက္ဖို႔ပဲလိုပါတယ္။ အုန္းေႏွာက္ထဲကလား ႏွလုံးသားထဲကလား က်ရႈံးမႈေတြ ေအာင္ျမင္

မႈေတြ အဲဒီကပဲလာပါတယ္။ သင့္ကိုယ္သင္ အရႈံးသမားအျဖစ္ မသတ္မွတ္သေရြ႕ ဘယ္ေတာ့မွ မရႈံးေသးပါဘူး။ ဒါေပမယ့္ ဆက္လက္ႀကိဳးစားေနဖို႔ေတာ့ လိုပါတယ္။ မႀကိဳးစား အားမထုတ္ပဲ ငါ မရႈံးေသးဘူးဆိုရင္ေတာ့ ႐ူးေနတာပဲလို႔ေျပာပါရေစ။ေနာက္တစ္ခုက ကၽြန္ေတာ္တို႔ ျမန္မာ လူမ်ိဳးေတြမွာ အလႉႀကီးေပးမွ အလႉလို႔ထင္ၾကပါတယ္။ မွန္ပါတယ္ အဲဒါလည္း အလႉပါပဲ ဒါေပမယ့္ ပါရမီေျမာက္တဲ့အလႉမဟုတ္ပါဘူး။

သာမန္အလႉဒါနနဲ႔ ပါရမီေျမာက္တဲ့ အလႉဒါန မတူပါဘူး၊ အက်ိဳးေပးလည္း မတူပါ။ သာမန္ အလႉဒါနဟာ သူအက်ိဳးေပးမေလာက္ပဲ ေပးပီး အားကုန္သြားပါတယ္။ပါရမီေျမာက္တဲ့ အလႉ ဒါနဆိုတာ နိဗၺာန္ မေရာက္မခ်င္း ျဖစ္ေလရာ ဘဝတိုင္းမွာ လိုက္ပီး အက်ိဳးျပဳတဲ့ အလႉဒါန ကုသိုလ္ျဖစ္ပါတယ္။ အမ္လစ္မစ္တက္ ကုသိုလ္ေပါ့ဗ်ာ ဟဲ ဟဲ။

ပါရမီေျမာက္တဲ့ အလႉဆိုတာ တစ္ကယ္ လိုအပ္ေနတဲ့ေနရာ၊ တစ္ကယ္ လိုအပ္ေနတဲ့ အခ်ိန္မွာ ေစတနာ သဒၵါတရား ထက္သန္စြာနဲ႔ လႉဒါန္းျခင္းျဖစ္ပါတယ္။အခုလို မသန္စြမ္းေတကိုလည္း ကိုယ္တတ္နိုင္သေလာက္ေလး ေပးလႉၾကပါ ကူညီၾကပါလို႔ တိုက္တြန္းရင္း ဗြီယိုေလးကို ခံစားၾကည့္လိုက္ၾကပါအုံးဗ်ာ။


writre – သာဂိ

LEAVE A REPLY

Please enter your comment!
Please enter your name here