အမေက ထောင်ကျ၊ အဖေက အဆက်အသွယ်မရဖြစ်နေတဲ့ မောင်နှမသုံးယောက်အတွက် ကူညီ မျှဝေပေးပါ

167

အမေက ထောင်ကျ၊ အဖေက အဆက်အသွယ်မရဖြစ်နေပြီး ကျန်ခဲ့တဲ့ မောင်နှမသုံးယောက်အတွက် ကူညီ မျှဝေပေးပါ

ဇန်နဝါရီ(၁၃) AlinnMyay(အလင်းမြေ)

ဖခင်ဖြစ်သူက အဆက်အသွယ်မရဖြစ်နေပြီး၊ မိခင်ဖြစ်သူကလည်း ထောင်ကျကာ ကျန်ခဲ့တဲ့ မောင်နှမ သုံးယောက် အတွက် စားရေး၊ နေရး၊ ပညာရေး နှင့် သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေရှိနေပါတယ်။

အဆိုပါကလေး သုံးယောက်ရဲ့ ဘဝ ဇာတ်ကြောင်းလေးကတော့ ဖခင်ဖြစ်သူက အိမ်ကနေထွက်သွားပြီး တပ်ထဲကိုဝင်တယ်။ နောက် တပ်ထဲကနေ ထွက်ပြေးပြီး တပ်ပြေးအဖြစ်နဲ့ အဆက်အသွယ်မရတော့ပဲဖြစ်လာတာ ယနေ့အချိန်အထိလို့ သိရပါတယ်။

ဖခင်ဖြစ်သူ မရှိတော့ မိခင်ဖြစ်သူက ဝင်ငွေလေးရဖို့ ဗူးခွံ၊ ပုလင်းခွံ ကောက်ရောင်းတယ်၊ အဲ့ဒီလို ဗူးခွံ၊ ပုလင်းခွံ ကောက်ရောင်းရာကနေ အစိုးရဌာနပိုင် ဝါယာကြိုးစကို ကောက်မိလို့ ပုဒ်မ(၆၁) နဲ့ ထောင် (၃) နှစ်ကျသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကလေးသုံးယောက်ကို လူမှုအဖွဲ့ အစည်းတစ်ခုကနေ ခေါ်ယူ စောင့်ရှောက်ထားပြီး မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် မှ လစဉ် တစ်လကို တစ်သိန်းကျပ် ထောက်ပံ့ပေးနေပါတယ်။ (One To One ကလေးလူနာကူညီရေး) အသင်းသည် မန္တလေးမြို့တွင် အခြေစိုက်တည်ရှိပြီး ပြည်သူများရဲ့ တကယ်လိုအပ်နေသော လူမှုရေး၊ ကျန်းမာရေးများကို လက်လှမ်းမှီသလောက် အထိ ကူညီကယ်တင် ထောက်ပံ့ပေးနေသော လူမှုကူညီရေး အသင်းဖြစ်ပါတယ်။

“‘ဒီကလေး သုံးယောက်က စစ်ကိုင်းမြို့ ရွှေမင်းဝန်ရပ်ကွက်၊ ကျူးကျော်ရပ်ကွက်မှာ အရင်ကနေပါတယ်။ သူတို့အမေ ထောင်ကျသွားတော့ အိမ်နားနီးချင်းများက ခေါ်ယူ စောင့်ရှောက်ပါတယ်။ နောက်တော့ စစ်ကိုင်းမြို့က လူမှုကူညီရေး အဖွဲ့က ခေါ်ယူပြီး ဒီကလေးတွေကို စောင့်ရှောက်ထားတာ အခုထိပါပဲ။ ကျွန်တော်တို့ ကတော့ ပြည်သူတို့ရဲ့ အလှူငွေနဲ့ တစ်လကို တစ်သိန်းထောက်ပံ့လာတာ သူတို့ အမေ ထောင်ကျတဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းကပါ။ ကလေးသုံးယောက်မှာ အကြီးဆုံးက (၈) နှစ်လောက်ပဲ ရှိပါသေးတယ်” လို့ မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် မှ AlinnMyay(အလင်းမြေ)သို့ ပြောသည်။

AlinnMyay(အလင်းမြေ) မီဒီယာ ပရိသတ်ကြီးနှင့်အတူ အွန်လိုင်းအသုံးပြုသူ မိဘပြည်သူများမှ အဆိုပါ ကလေးသုံးယောက်အတွက် အလှူငွေများ လှူဒါန်းလိုပါက (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် 09765765179 ၊ မန္တလေးမြို့။ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း AlinnMyay(အလင်းမြေ) မီဒီယာမှ ထပ်ဆင့်ဖော်ပြပေးလိုက်ပါသည်။

မျှဝေပေးခြင်းသည်လည်း အလှူရှင်များပေါ်ပေါက်လာစေရန် ထိရောက်တဲ့ အကူအညီပေးခြင်းဖြစ်ပါသည်။

သတင်း ဓာတ်ပုံ – ကိုဝမ်း(One To One ကလေးလူနာကူညီရေး)

Credit to #AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ #OneToOne #ကိုဝမ်း #လူမှုကူညီရေး

LEAVE A REPLY

Please enter your comment!
Please enter your name here