ရှမ်းပြည်နယ် ၊ မိုးနဲ မြို့နယ် ၊ လွိုင်အယ် မူလွန်ကျောင်းမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးပါ

99

” အသံလေး များ ပိုကျယ်သွားခဲ့မိရင်….” ခွင့်လွှတ်ကြပါ

ရှမ်းပြည်နယ် ၊ မိုးနဲ မြို့နယ် ၊ လွိုင်အယ် မူလွန်ကျောင်းမှာ ဖြစ်သွားခဲ့တဲ့ အဖြစ်အပျက်လေးပါ

” ဆရာမ ဒီကျောင်းက ကလေးတွေက အရမ်းလိမ္မာတာပဲ ကျောင်းအပြင်မှာ တောင် လက်ကလေးတွေ ပိုက်လို့နော် ”

“ဟုတ်တယ် ဆရာ ။ ကျွန်မ ကလေးတွေက လိမ္မာကြပါတယ်။ ”

ပြောပြောဆိုဆို ကျွန်တော် ခုံပေါ်က စာအုပ်ကလေး တစ်အုပ် ယူကြည့်လိုက်မိတယ်။

” လက်ရေးလေးတွေ ကလည်း ဝိုင်းလို့ ”

ဆရာမလေးက ချက်ချင်းပြန်ဖြေတယ်။

” သူတို့လေးတွေက ဘဝ နာကြတယ် ဆရာ။ ဘယ်အရာကိုမှ ပြီးပြီးရော မလုပ်ကြဘူး။ လက်ရေး လှသလို စာအုပ်ကလေးတွေကိုလည်း စည်းကမ်းရှိရှိ ကိုင်တွယ်တတ်ကြတယ်။ ”

ဆရာမလေးက တပည့်လေးတွေ အတွက် ဂုဏ်ယူဝင့်ကြွာစွာ ပြောပြနေလေတယ်။

ဒါနဲ့ ကျွန်တော့်အကြည့်တွေက ထရံကာ နေရောင် မလုံ့တလုံ စာသင်ခန်းရဲ့ ထောင့်က တိုင်မှာ ချိတ်ထားတဲ့ စားကြွင်း စားကျန်တွေ လို ယူဆရတဲ့ ကျွတ်ကျွတ်အိတ်လေးတွေဆီကို ရောက်သွားတယ်။

အဲ့ဒီကို ညွန်ပြပြီ ဆရာမလေးကို ပေါ့ပေါ့ပါးပါးပဲ ကျွန်တော် မေးလိုက်တယ်။ ” ဆရာမ ဒါ ဘာအထုပ်‌ တွေလဲဗျ။ ”

ဆရာမလေးက အရှေ့က မေးခွန်းတွေကို ချက်ချင်း ပြန်ဖြေ ပေမယ့် အခု ပြန်ဖြေဖို့ အဆင်မပြေတဲ့ ပုံစံ ။ အဲ့ဒီအထုပ်လေးတွေကို ကျွန်တော် သွားကိုင်ကြည့်နေတုန်း ရှိသေး ။

အနောက်မှာ မတ်တပ်ရပ်နေတဲ့ ဆရာမက နှုတ်ခမ်းလေး လှုပ်ရုံ ပဲ ပြန်ဖြေတယ်။ ” ဆရာ အဲ့ဒါ ကျွန်မ ကလေးတွေရဲ့ ထမင်းချိုင့်‌ တွေ ပါ ”

ကျွတ်ကျွတ်အိတ်လေးတွေက ထမင်းချိုင့်တဲ့

ကျွတ်ကျွတ်အိတ်လေးတွေကို သွား တို့ ထိ မိ တဲ့ ကျွန်တော် ရဲ့ လက်တွေ ဆတ် ဆတ် တုန်လာတယ်။

ဆရာမလေး က ကဗျာကယာ မျက်ရည်သုတ်ရင်း ပြန်ဖြေတယ်။

” ဆရာ…….ဆရာ ကျွန်မ‌ကလေးတွေက နွမ်းပါးပေမယ့် စာကြိုးစားကြပါတယ် ” …..တဲ့

တပည့် တွေကို ဆင်းရဲပေမယ့် အထင်မသေး‌ စေ့ချင်တဲ့ ဆရာမ။ တပည့်တွေ နွမ်းပါးပေမယ့် စာကြိုးစားအောင် သင်ပြနေတဲ့ ဆရာမ။

တိုင်ရဲ့ ထောင့်က ကျွတ်ကျွတ်အိတ်အထုပ်လေး ဘယ်သူ့ အထုပ်လဲဆရာမ လို့ မမေးရက်ခဲ့ဘူး။

မေးခဲ့လို့ ” ကျွန်မ ထမင်းချိုင့်ပါ ” ဆိုရင် ။

ဟုတ်တယ် အခု ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့က စစ်ကိုင်းမြို့ရဲ့ မြို့တော်ခန်းမ မှာ ပိုဝယ်ခဲ့ ပါ ညီအစ်ကို မောင်နှမတွေ အကင် တွေ ကို အော်ဟစ် ရောင်းချနေကြတယ်။

ဈေးရောင်းရတဲ့ ရန်ပုံငွေ တွေ နဲ့ ထမင်းချိုင့်တွေ အများကြီးဝယ် …..

ပြီးရင်ဝော့ရှမ်းပြည်နယ်က ဆရာမ‌ လေး ဆီကို အပြေးအလွှား သွားကြမယ် ဆိုတဲ့ စိတ်ကူးလေးနဲ့ပေါ့

ဈေးသည် အစစ်တွေလည်းမဟုတ် တကယ်လို့ ကျွန်တော်တို့ ပိုဝယ်ခဲ့ပါ ညီအစ်ကို မောင်နှမတွေရဲ့ အသံ တွေ တစ်ခြားဈေးသည်တွေ ထက် အသံပိုကျယ် သွားခဲ့မယ်ဆိုရင် ခွင့်လွှတ်ပါဗျာ…….။

မင်းရသ

ရွမ္းျပည္နယ္ ၊ မိုးနဲ ၿမိဳ႕နယ္ ၊ လြိဳင္အယ္ မူလြန္ေက်ာင္းမွာ ျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ေလးပါ

” အသံေလး မ်ား ပိုက်ယ္သြားခဲ့မိရင္….” ခြင့္လႊတ္ၾကပါ

ရွမ္းျပည္နယ္ ၊ မိုးနဲ ၿမိဳ႕နယ္ ၊ လြိဳင္အယ္ မူလြန္ေက်ာင္းမွာ ျဖစ္သြားခဲ့တဲ့ အျဖစ္အပ်က္ေလးပါ

” ဆရာမ ဒီေက်ာင္းက ကေလးေတြက အရမ္းလိမၼာတာပဲ ေက်ာင္းအျပင္မွာ ေတာင္ လက္ကေလးေတြ ပိုက္လို႔ေနာ္ ”

“ဟုတ္တယ္ ဆရာ ။ ကၽြန္မ ကေလးေတြက လိမၼာၾကပါတယ္။ ”

ေျပာေျပာဆိုဆို ကၽြန္ေတာ္ ခုံေပၚက စာအုပ္ကေလး တစ္အုပ္ ယူၾကည့္လိုက္မိတယ္။

” လက္ေရးေလးေတြ ကလည္း ဝိုင္းလို႔ ”

ဆရာမေလးက ခ်က္ခ်င္းျပန္ေျဖတယ္။

” သူတို႔ေလးေတြက ဘဝ နာၾကတယ္ ဆရာ။ ဘယ္အရာကိုမွ ၿပီးၿပီးေရာ မလုပ္ၾကဘူး။ လက္ေရး လွသလို စာအုပ္ကေလးေတြကိုလည္း စည္းကမ္းရွိရွိ ကိုင္တြယ္တတ္ၾကတယ္။ ”

ဆရာမေလးက တပည့္ေလးေတြ အတြက္ ဂုဏ္ယူဝင့္ႂကြာစြာ ေျပာျပေနေလတယ္။

ဒါနဲ႔ ကၽြန္ေတာ့္အၾကည့္ေတြက ထရံကာ ေနေရာင္ မလုံ႔တလုံ စာသင္ခန္းရဲ့ ေထာင့္က တိုင္မွာ ခ်ိတ္ထားတဲ့ စားႂကြင္း စားက်န္ေတြ လို ယူဆရတဲ့ ကၽြတ္ကၽြတ္အိတ္ေလးေတြဆီကို ေရာက္သြားတယ္။

အဲ့ဒီကို ညြန္ျပၿပီ ဆရာမေလးကို ေပါ့ေပါ့ပါးပါးပဲ ကၽြန္ေတာ္ ေမးလိုက္တယ္။ ” ဆရာမ ဒါ ဘာအထုပ္‌ ေတြလဲဗ်။ ”

ဆရာမေလးက အေရွ႕က ေမးခြန္းေတြကို ခ်က္ခ်င္း ျပန္ေၿဖ ေပမယ့္ အခု ျပန္ေျဖဖို႔ အဆင္မေျပတဲ့ ပုံစံ ။ အဲ့ဒီအထုပ္ေလးေတြကို ကၽြန္ေတာ္ သြားကိုင္ၾကည့္ေနတုန္း ရွိေသး ။

အေနာက္မွာ မတ္တပ္ရပ္ေနတဲ့ ဆရာမက ႏႈတ္ခမ္းေလး လႈပ္႐ုံ ပဲ ျပန္ေျဖတယ္။ ” ဆရာ အဲ့ဒါ ကၽြန္မ ကေလးေတြရဲ့ ထမင္းခ်ိဳင့္‌ ေတြ ပါ ”

ကၽြတ္ကၽြတ္အိတ္ေလးေတြက ထမင္းခ်ိဳင့္တဲ့

ကၽြတ္ကၽြတ္အိတ္ေလးေတြကို သြား တို႔ ထိ မိ တဲ့ ကၽြန္ေတာ္ ရဲ့ လက္ေတြ ဆတ္ ဆတ္ တုန္လာတယ္။

ဆရာမေလး က ကဗ်ာကယာ မ်က္ရည္သုတ္ရင္း ျပန္ေျဖတယ္။

” ဆရာ…….ဆရာ ကၽြန္မ‌ကေလးေတြက ႏြမ္းပါးေပမယ့္ စာႀကိဳးစားၾကပါတယ္ ” …..တဲ့

တပည့္ ေတြကို ဆင္းရဲေပမယ့္ အထင္မေသး‌ ေစ့ခ်င္တဲ့ ဆရာမ။ တပည့္ေတြ ႏြမ္းပါးေပမယ့္ စာႀကိဳးစားေအာင္ သင္ျပေနတဲ့ ဆရာမ။

တိုင္ရဲ့ ေထာင့္က ကၽြတ္ကၽြတ္အိတ္အထုပ္ေလး ဘယ္သူ႔ အထုပ္လဲဆရာမ လို႔ မေမးရက္ခဲ့ဘူး။

ေမးခဲ့လို႔ ” ကၽြန္မ ထမင္းခ်ိဳင့္ပါ ” ဆိုရင္ ။

ဟုတ္တယ္ အခု ဒီေန႔ ဇန္နဝါရီလ ၁၁ ရက္ေန႔က စစ္ကိုင္းၿမိဳ႕ရဲ့ ၿမိဳ႕ေတာ္ခန္းမ မွာ ပိုဝယ္ခဲ့ ပါ ညီအစ္ကို ေမာင္ႏွမေတြ အကင္ ေတြ ကို ေအာ္ဟစ္ ေရာင္းခ်ေနၾကတယ္။

ေဈးေရာင္းရတဲ့ ရန္ပုံေငြ ေတြ နဲ႔ ထမင္းခ်ိဳင့္ေတြ အမ်ားႀကီးဝယ္ …..

ၿပီးရင္ေဝာ့ရွမ္းျပည္နယ္က ဆရာမ‌ ေလး ဆီကို အေျပးအလႊား သြားၾကမယ္ ဆိုတဲ့ စိတ္ကူးေလးနဲ႔ေပါ့

ေဈးသည္ အစစ္ေတြလည္းမဟုတ္ တကယ္လို႔ ကၽြန္ေတာ္တို႔ ပိုဝယ္ခဲ့ပါ ညီအစ္ကို ေမာင္ႏွမေတြရဲ့ အသံ ေတြ တစ္ျခားေဈးသည္ေတြ ထက္ အသံပိုက်ယ္ သြားခဲ့မယ္ဆိုရင္ ခြင့္လႊတ္ပါဗ်ာ…….။

မင္းရသ

LEAVE A REPLY

Please enter your comment!
Please enter your name here