အမေက ထောင်ကျ အဖေက အဆက်အသွယ်မရဖြစ်နေတဲ့ မောင်နှမသုံးယောက်

38

ဇန်နဝါရီ(၁၃) AlinnMyay(အလင်းမြေ) ဖခင်ဖြစ်သူက အဆက်အသွယ်မရဖြစ်နေပြီး၊ မိခင်ဖြစ်သူကလည်း ထောင်ကျကာ ကျန်ခဲ့တဲ့ မောင်နှမ သုံးယောက် အတွက် စားရေး၊ နေရး၊ ပညာရေး နှင့် သူတို့လေးတွေရဲ့ ကျန်းမာရေးအတွက် လိုအပ်ချက်တွေရှိနေပါတယ် အဆိုပါကလေး သုံးယောက်ရဲ့ ဘဝ ဇာတ်ကြောင်းလေးကတော့ ဖခင်ဖြစ်သူက အိမ်ကနေထွက်သွားပြီး တပ်ထဲကိုဝင်တယ်။ နောက် တပ်ထဲကနေ ထွက်ပြေးပြီး တပ်ပြေးအဖြစ်နဲ့ အဆက်အသွယ်မရတော့ပဲဖြစ်လာတာ ယနေ့အချိန်အထိလို့ သိရပါတယ်။

ဖခင်ဖြစ်သူ မရှိတော့ မိခင်ဖြစ်သူက ဝင်ငွေလေးရဖို့ ဗူးခွံ၊ ပုလင်းခွံ ကောက်ရောင်းတယ်၊ အဲ့ဒီလို ဗူးခွံ၊ ပုလင်းခွံ ကောက်ရောင်းရာကနေ အစိုးရဌာနပိုင် ဝါယာကြိုးစကို ကောက်မိလို့ ပုဒ်မ(၆၁) နဲ့ ထောင် (၃) နှစ်ကျသွားတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒီကလေးသုံးယောက်ကို လူမှုအဖွဲ့ အစည်းတစ်ခုကနေ ခေါ်ယူ စောင့်ရှောက်ထားပြီး မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် မှ လစဉ် တစ်လကို တစ်သိန်းကျပ် ထောက်ပံ့ပေးနေပါတယ်။ (One To One ကလေးလူနာကူညီရေး) အသင်းသည် မန္တလေးမြို့တွင် အခြေစိုက်တည်ရှိပြီး ပြည်သူများရဲ့ တကယ်လိုအပ်နေသော လူမှုရေး၊ ကျန်းမာရေးများကို လက်လှမ်းမှီသလောက် အထိ ကူညီကယ်တင် ထောက်ပံ့ပေးနေသော လူမှုကူညီရေး အသင်းဖြစ်ပါတယ်။

“‘ဒီကလေး သုံးယောက်က စစ်ကိုင်းမြို့ ရွှေမင်းဝန်ရပ်ကွက်၊ ကျူးကျော်ရပ်ကွက်မှာ အရင်ကနေပါတယ်။ သူတို့အမေ ထောင်ကျသွားတော့ အိမ်နားနီးချင်းများက ခေါ်ယူ စောင့်ရှောက်ပါတယ်။ နောက်တော့ စစ်ကိုင်းမြို့က လူမှုကူညီရေး အဖွဲ့က ခေါ်ယူပြီး ဒီကလေးတွေကို စောင့်ရှောက်ထားတာ အခုထိပါပဲ။ ကျွန်တော်တို့ ကတော့ ပြည်သူတို့ရဲ့ အလှူငွေနဲ့ တစ်လကို တစ်သိန်းထောက်ပံ့လာတာ သူတို့ အမေ ထောင်ကျတဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလကတည်းကပါ။ ကလေးသုံးယောက်မှာ အကြီးဆုံးက (၈) နှစ်လောက်ပဲ ရှိပါသေးတယ်” လို့ မန္တလေးမြို့ အခြေစိုက် (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် မှ AlinnMyay(အလင်းမြေ)သို့ ပြောသည်။

AlinnMyay(အလင်းမြေ) မီဒီယာ ပရိသတ်ကြီးနှင့်အတူ အွန်လိုင်းအသုံးပြုသူ မိဘပြည်သူများမှ အဆိုပါ ကလေးသုံးယောက်အတွက် အလှူငွေများ လှူဒါန်းလိုပါက (One To One ကလေးလူနာကူညီရေး) ကိုဝမ်း(ခ) ကိုစိုင်းနေမျိုးမောင်မောင် 09765765179 ၊ မန္တလေးမြို့။ သို့ ဆက်သွယ် လှူဒါန်းနိုင်ပါကြောင်း AlinnMyay(အလင်းမြေ) မီဒီယာမှ ထပ်ဆင့်ဖော်ပြပေးလိုက်ပါသည် မျှဝေပေးခြင်းသည်လည်း အလှူရှင်များပေါ်ပေါက်လာစေရန် ထိရောက်တဲ့ အကူအညီပေးခြင်းဖြစ်ပါသည်။

သတင်း ဓာတ်ပုံ – ကိုဝမ်း(One To One ကလေးလူနာကူညီရေး)

Credit to #AlinnMyay(အလင်းမြေ) ပြည်သူ့ ကူညီရေးနှင့် သတင်းမှန် မီဒီယာ #OneToOne #ကိုဝမ်း #လူမှုကူညီရေး

အေမက ေထာင္က် အေဖက အဆက္အသြယ္မရျဖစ္ေနတဲ့ ေမာင္ႏွမသုံးေယာက္အတြက္ ကူညီ မွ်ေဝေပးပါေနာ္

အေမက ေထာင္က်၊ အေဖက အဆက္အသြယ္မရျဖစ္ေနၿပီး က်န္ခဲ့တဲ့ ေမာင္ႏွမသုံးေယာက္အတြက္ ကူညီ မွ်ေဝေပးပါ

ဇန္နဝါရီ(၁၃) AlinnMyay(အလင္းေျမ) ဖခင္ျဖစ္သူက အဆက္အသြယ္မရျဖစ္ေနၿပီး၊ မိခင္ျဖစ္သူကလည္း ေထာင္က်ကာ က်န္ခဲ့တဲ့ ေမာင္ႏွမ သုံးေယာက္ အတြက္ စားေရး၊ ေနရး၊ ပညာေရး ႏွင့္ သူတို႔ေလးေတြရဲ႕ က်န္းမာေရးအတြက္ လိုအပ္ခ်က္ေတြရွိေနပါတယ္ အဆိုပါကေလး သုံးေယာက္ရဲ႕ ဘဝ ဇာတ္ေၾကာင္းေလးကေတာ့ ဖခင္ျဖစ္သူက အိမ္ကေနထြက္သြားၿပီး တပ္ထဲကိုဝင္တယ္။ ေနာက္ တပ္ထဲကေန ထြက္ေျပးၿပီး တပ္ေျပးအျဖစ္နဲ႕ အဆက္အသြယ္မရေတာ့ပဲျဖစ္လာတာ ယေန႕အခ်ိန္အထိလို႔ သိရပါတယ္။

ဖခင္ျဖစ္သူ မရွိေတာ့ မိခင္ျဖစ္သူက ဝင္ေငြေလးရဖို႔ ဗူးခြံ၊ ပုလင္းခြံ ေကာက္ေရာင္းတယ္၊ အဲ့ဒီလို ဗူးခြံ၊ ပုလင္းခြံ ေကာက္ေရာင္းရာကေန အစိုးရဌာနပိုင္ ဝါယာႀကိဳးစကို ေကာက္မိလို႔ ပုဒ္မ(၆၁) နဲ႕ ေထာင္ (၃) ႏွစ္က်သြားတယ္လို႔ သိရပါတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဒီကေလးသုံးေယာက္ကို လူမႈအဖြဲ႕ အစည္းတစ္ခုကေန ေခၚယူ ေစာင့္ေရွာက္ထားၿပီး မႏၱေလးၿမိဳ႕ အေျခစိုက္ (One To One ကေလးလူနာကူညီေရး) ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္ မွ လစဥ္ တစ္လကို တစ္သိန္းက်ပ္ ေထာက္ပံ့ေပးေနပါတယ္။ (One To One ကေလးလူနာကူညီေရး) အသင္းသည္ မႏၱေလးၿမိဳ႕တြင္ အေျခစိုက္တည္ရွိၿပီး ျပည္သူမ်ားရဲ႕ တကယ္လိုအပ္ေနေသာ လူမႈေရး၊ က်န္းမာေရးမ်ားကို လက္လွမ္းမွီသေလာက္ အထိ ကူညီကယ္တင္ ေထာက္ပံ့ေပးေနေသာ လူမႈကူညီေရး အသင္းျဖစ္ပါတယ္။

“‘ဒီကေလး သုံးေယာက္က စစ္ကိုင္းၿမိဳ႕ ေ႐ႊမင္းဝန္ရပ္ကြက္၊ က်ဴးေက်ာ္ရပ္ကြက္မွာ အရင္ကေနပါတယ္။ သူတို႔အေမ ေထာင္က်သြားေတာ့ အိမ္နားနီးခ်င္းမ်ားက ေခၚယူ ေစာင့္ေရွာက္ပါတယ္။ ေနာက္ေတာ့ စစ္ကိုင္းၿမိဳ႕က လူမႈကူညီေရး အဖြဲ႕က ေခၚယူၿပီး ဒီကေလးေတြကို ေစာင့္ေရွာက္ထားတာ အခုထိပါပဲ။ ကြၽန္ေတာ္တို႔ ကေတာ့ ျပည္သူတို႔ရဲ႕ အလႉေငြနဲ႕ တစ္လကို တစ္သိန္းေထာက္ပံ့လာတာ သူတို႔ အေမ ေထာင္က်တဲ့ ၂၀၁၈ ခုႏွစ္ စက္တင္ဘာလကတည္းကပါ။ ကေလးသုံးေယာက္မွာ အႀကီးဆုံးက (၈) ႏွစ္ေလာက္ပဲ ရွိပါေသးတယ္” လို႔ မႏၱေလးၿမိဳ႕ အေျခစိုက္ (One To One ကေလးလူနာကူညီေရး) ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္ မွ AlinnMyay(အလင္းေျမ)သို႔ ေျပာသည္။

AlinnMyay(အလင္းေျမ) မီဒီယာ ပရိသတ္ႀကီးႏွင့္အတူ အြန္လိုင္းအသုံးျပဳသူ မိဘျပည္သူမ်ားမွ အဆိုပါ ကေလးသုံးေယာက္အတြက္ အလႉေငြမ်ား လႉဒါန္းလိုပါက (One To One ကေလးလူနာကူညီေရး) ကိုဝမ္း(ခ) ကိုစိုင္းေနမ်ိဳးေမာင္ေမာင္ 09765765179 ၊ မႏၱေလးၿမိဳ႕။ သို႔ ဆက္သြယ္ လႉဒါန္းနိုင္ပါေၾကာင္း AlinnMyay(အလင္းေျမ) မီဒီယာမွ ထပ္ဆင့္ေဖာ္ျပေပးလိုက္ပါသည္ မွ်ေဝေပးျခင္းသည္လည္း အလႉရွင္မ်ားေပၚေပါက္လာေစရန္ ထိေရာက္တဲ့ အကူအညီေပးျခင္းျဖစ္ပါသည္။

သတင္း ဓာတ္ပုံ – ကိုဝမ္း(One To One ကေလးလူနာကူညီေရး)

Credit to #AlinnMyay(အလင္းေျမ) ျပည္သူ႕ ကူညီေရးႏွင့္ သတင္းမွန္ မီဒီယာ #OneToOne #ကိုဝမ္း #လူမႈကူညီေရး

LEAVE A REPLY

Please enter your comment!
Please enter your name here