အရွယ်နဲ့ မလိုက်တဲ့ အဆွေးဓာတ်ခံ နဲ့ မြန်မာသံစဉ်ကို ဆိုပြလိုက်တဲ့ သမီးငယ်လေးရဲ့ ဗီဒီယိုလေး

72

မြန်မာသံစဉ်တွေဆိုတာက ပါးစပ်ထဲရှိရာ အော်လို့မရတဲ့ ဂီတ တစ်မျိုးပဲဖြစ်ပါတယ်။

သူ့မှာ သံစဉ်တွေအလိုက် အနိမ့်အမြင့်ဆိုင်ရာ အသံ Tone တွေရှိပြီးတော့ လွယ်လွယ်နဲ့တော့ သီဆိုဖို့ခက်လှပါတယ်နော်။

ဒါကြောင့် လက်ရှိခေတ်ပေါ်သီချင်းတွေ သီဆိုနေတဲ့ အဆိုတော် တော်တော်များများကလည်း မြန်မာသံစဉ် သီချင်းတွေဆိုရင် သိပ်ပြီးမပိုင်နိုင်တာကိုတွေ့ရပါတယ်။

အခုတော့ ဒီလို ခက်ခဲတဲ့ မြန်မာသံစဉ်ကို ကျောင်းသူကလေးလေး တစ်ဦးက ပိုင်နိုင်စွာသီဆိုနေတဲ့ ရုပ်သံဖိုင်လေးကတော့ လူအများကို အံ့သြသွားစေခဲ့ပါတယ်။ ဘာမိုက်ခရိုဖုန်းအကောင်းစားမှ မပါပဲနဲ့ ကြည်လင်နေတဲ့ သူမရဲ့အသံလေးက တကယ့်ကို ပါရမီရှင်လေးအဖြစ် ဖော်ပြနေပါတယ်။

ဒီကလေးလေးကတော့ အ-လ-က မော်ကျွန်းက စတုတ္ထတန်းကျောင်းသူလေး မဖူးဖူးကျော်လို့ သိရပါတယ်။အင်မတန်မှ အဆိုပါရမီပါတဲ့ သမီးလေးကို ချီးမွမ်းစကားလေးနဲ့အားပေးပါဦးနော်။

Writer – SMT( Shwe Yaung Lan)







ဗီဒီယိုဖိုင်ကြည့်ရန် နှိပ်ပါ



LEAVE A REPLY

Please enter your comment!
Please enter your name here