႐ုပ္႐ွင္႐ိုက္ရင္း တကယ္႐ိုက္ခံရတဲ့အေၾကာင္း ရင္ဖြင့္လာတဲ့ မင္းဦး

312

႐ုပ္႐ွင္႐ိုက္ရင္း တကယ္႐ိုက္ခံရတဲ့အေၾကာင္း ရင္ဖြင့္လာတဲ့ မင္းဦး

ပရိသတ္အားေပးမႈအျပည့္အဝ ရ႐ွိထားတဲ့ မင္းသားႀကီး မင္းဦးကိုေတာ့ ေတာ္ေတာ္မ်ားမ်ားလည္း ရင္းႏွီးၿပီးသား ျဖစ္မွာပါ။ မင္းဦးကေတာ့ သ႐ုပ္ေဆာင္ အိုက္တင္လုပ္တဲ့ေနရာမွာ ေတာ္ေတာ္ေလးကို ပီျပင္ၿပီး ယခုတခါမွာလည္း ႏွစ္ပတ္အလုိ ႐ုပ္႐ွင္ဇာတ္ကားႀကီးမွာ သူဘယ္လိုအမွတ္တရျဖစ္ခဲ့ၿပီး ႐ုပ္႐ွင္႐ိုက္ရင္း တကယ္ ႐ိုက္ခံရတဲ့အေၾကာင္းကို ေျပာၾကားလာခဲ့ပါတယ္။

မင္းသားႀကီး မင္းဦးကေတာ့ Sunday နဲ႔ အင္တာဗ်ဴးတြင္ ႏွစ္ပတ္အလို ဇာတ္ကားႀကီး ႐ိုက္တဲ့အခ်ိန္မွာ ဘယ္လိုအမွတ္တရေတြ႐ွိလဲဆိုတဲ့ ေမးခြန္းကိုေတာ့ “ေျပတီဦးကို မေက်နပ္လို႔ ဓားနဲ႔ထိုးတဲ့ အခ်ိန္မွာေပါ့။ က်ေနာ္တို႔ ငွါးထားတဲ့ လံုျခံဳေရး အခန္းမွာပါမယ့္သူက မလာဘူး။ အဲ့ေတာ့ အနီးအနားမွာ ႐ွိတဲ့ တကယ့္လံုျခံဳေရးကို ေခၚလိုက္တယ္။ သူနဲ႔လည္း ဇာတ္ေတြဘာေတြေတာ့ တုိ္က္ထားတာေပါ့။ အိုေကဆိုၿပီး ႐ိုက္မယ္ေပါ့။

အဲ့မွာ အိုက္တင္လုပ္ေတာ့လည္း အားလံုးက တကယ္ျဖစ္သလို လုပ္ၾကရတာကိုး အဲ့မွာသူက ဘာျဖစ္သြားလဲ မသိဘူး။ အကုိ႔ကို တကယ္႐ိုက္လိုက္တာ။ သူ႐ိုက္လိုက္တာကိုလည္း ျမင္လိုက္တယ္။ အဲ့မွာ ကိုယ္က လက္နဲ႔ကာလိုက္တယ္။ နဖူးကိုေတာ့ မထိသြားဘူး။ အဲ့မွာ ဇာတ္ကား႐ိုက္ေနတာဆိုေတာ့ တခါထဲ လွဲက်ေအာင္လုပ္လိုက္တယ္။ ၿပီးမွ ဘာျဖစ္သြားလဲ ဘာလဲေတြ ျဖစ္တာေပါ့။ အဲ့ဒါကေတာ့ အမွတ္တရေပါ့။ တကယ္အ႐ိုက္ခံလိုက္ရတာေပါ့”

႐ုပ္႐ွင္ဇာတ္ကားေတြ ႐ိုက္ေတာ့မယ့္ သ႐ုပ္ေဆာင္အသစ္ေတြနဲ႔ ပတ္သက္ၿပီး ေျပာခ်င္တာက “အဓိကကေတာ့ ေစတနာေပါ့ေနာ္။ ဒီေပၚမွာဘယ္ေလာက္ထားတယ္။ ဘယ္ေလာက္လုပ္ထားတယ္ဆိုတာေပါ့။ ကိုယ္တို႔ အႏုပညာကလည္း ေစတနာထားၿပီးလုပ္ရင္ ျမင္ကိုျမင္ရတယ္။ ခုေခတ္ကေလးေတြလည္း ေတာ္လာၿပီး အႏုပညာအေပၚမွာ ေလးစားၾကပါတယ္။ ေစတနာထားမယ္။ ေသခ်ာလုပ္မယ္။ အႏုပညာကို ေလးစားမယ္ဆိုရင္ေတာ့ ပရိသတ္လက္ခံမယ္။ ဒါေၾကာင့္လည္း လူငယ္ေတြအေနနဲ႔ ႐ုပ္႐ွင္ေတြကို လုပ္လာေစခ်င္တယ္။

အကိုတို႔လို တခ်ိဳ႕မင္းသားႀကီးေတြက တခ်ိဳ႕ကာ႐ိုက္တာေတြ ႐ိုက္ဖို႔ဆိုတာက အဆင္မေျပေတာ့ဘူး။ ဒါေၾကာင့္ ေရာက္လာေစခ်င္တယ္။ အဲ့ေတာ့မွ အကိုတို႔လည္း ပံုစံအစံု႐ိုက္လို႔ရမယ္။ ကာ႐ိုက္တာ အစံု႐ိုက္လို႔ရမယ္ေပါ့ေနာ္။ ဒါေၾကာင့္ကေလးေတြကို ကိုယ္တို႔႐ုပ္႐ွင္ထဲ ေရာက္လာေစခ်င္တယ္။ အဲ့ေၾကာင့္ ႀကိဳးစားၾကပါလို႔” ေျပာၾကားသြား ခဲ့ပါတယ္။ Apannpyay ခ်စ္ပရိသတ္ႀကီးလည္း ႐ုပ္႐ွင္မင္းသား မင္းဦးကိုေတာ့ ႀကိဳက္ႏွစ္သက္ၾကမယ္ ထင္ပါတယ္။ အုိက္တင္လုပ္တဲ့ အခ်ိန္မွာေတာင္ တကယ္ထိမိခိုက္မိေပမယ့္လည္းအိုက္တင္ မပ်က္သြားေအာင္ လုပ္ႏိုင္တာကေတာ့ တကယ့္ကို ခ်ီးက်ဴးစရာပါပဲ။

KT (ApannPyay)

ရုပ်ရှင်ရိုက်ရင်း တကယ်ရိုက်ခံရတဲ့အကြောင်း ရင်ဖွင့်လာတဲ့ မင်းဦး

ပရိသတ်အားပေးမှုအပြည့်အဝ ရရှိထားတဲ့ မင်းသားကြီး မင်းဦးကိုတော့ တော်တော်များများလည်း ရင်းနှီးပြီးသား ဖြစ်မှာပါ။ မင်းဦးကတော့ သရုပ်ဆောင် အိုက်တင်လုပ်တဲ့နေရာမှာ တော်တော်လေးကို ပီပြင်ပြီး ယခုတခါမှာလည်း နှစ်ပတ်အလို ရုပ်ရှင်ဇာတ်ကားကြီးမှာ သူဘယ်လိုအမှတ်တရဖြစ်ခဲ့ပြီး ရုပ်ရှင်ရိုက်ရင်း တကယ် ရိုက်ခံရတဲ့အကြောင်းကို ပြောကြားလာခဲ့ပါတယ်။

မင်းသားကြီး မင်းဦးကတော့ Sunday နဲ့ အင်တာဗျူးတွင် နှစ်ပတ်အလို ဇာတ်ကားကြီး ရိုက်တဲ့အချိန်မှာ ဘယ်လိုအမှတ်တရတွေရှိလဲဆိုတဲ့ မေးခွန်းကိုတော့ “ပြေတီဦးကို မကျေနပ်လို့ ဓားနဲ့ထိုးတဲ့ အချိန်မှာပေါ့။ ကျနော်တို့ ငှါးထားတဲ့ လုံခြုံရေး အခန်းမှာပါမယ့်သူက မလာဘူး။ အဲ့တော့ အနီးအနားမှာ ရှိတဲ့ တကယ့်လုံခြုံရေးကို ခေါ်လိုက်တယ်။ သူနဲ့လည်း ဇာတ်တွေဘာတွေတော့ တို်က်ထားတာပေါ့။ အိုကေဆိုပြီး ရိုက်မယ်ပေါ့။

အဲ့မှာ အိုက်တင်လုပ်တော့လည်း အားလုံးက တကယ်ဖြစ်သလို လုပ်ကြရတာကိုး အဲ့မှာသူက ဘာဖြစ်သွားလဲ မသိဘူး။ အကို့ကို တကယ်ရိုက်လိုက်တာ။ သူရိုက်လိုက်တာကိုလည်း မြင်လိုက်တယ်။ အဲ့မှာ ကိုယ်က လက်နဲ့ကာလိုက်တယ်။ နဖူးကိုတော့ မထိသွားဘူး။ အဲ့မှာ ဇာတ်ကားရိုက်နေတာဆိုတော့ တခါထဲ လှဲကျအောင်လုပ်လိုက်တယ်။ ပြီးမှ ဘာဖြစ်သွားလဲ ဘာလဲတွေ ဖြစ်တာပေါ့။ အဲ့ဒါကတော့ အမှတ်တရပေါ့။ တကယ်အရိုက်ခံလိုက်ရတာပေါ့”

ရုပ်ရှင်ဇာတ်ကားတွေ ရိုက်တော့မယ့် သရုပ်ဆောင်အသစ်တွေနဲ့ ပတ်သက်ပြီး ပြောချင်တာက “အဓိကကတော့ စေတနာပေါ့နော်။ ဒီပေါ်မှာဘယ်လောက်ထားတယ်။ ဘယ်လောက်လုပ်ထားတယ်ဆိုတာပေါ့။ ကိုယ်တို့ အနုပညာကလည်း စေတနာထားပြီးလုပ်ရင် မြင်ကိုမြင်ရတယ်။ ခုခေတ်ကလေးတွေလည်း တော်လာပြီး အနုပညာအပေါ်မှာ လေးစားကြပါတယ်။ စေတနာထားမယ်။ သေချာလုပ်မယ်။ အနုပညာကို လေးစားမယ်ဆိုရင်တော့ ပရိသတ်လက်ခံမယ်။ ဒါကြောင့်လည်း လူငယ်တွေအနေနဲ့ ရုပ်ရှင်တွေကို လုပ်လာစေချင်တယ်။

အကိုတို့လို တချို့မင်းသားကြီးတွေက တချို့ကာရိုက်တာတွေ ရိုက်ဖို့ဆိုတာက အဆင်မပြေတော့ဘူး။ ဒါကြောင့် ရောက်လာစေချင်တယ်။ အဲ့တော့မှ အကိုတို့လည်း ပုံစံအစုံရိုက်လို့ရမယ်။ ကာရိုက်တာ အစုံရိုက်လို့ရမယ်ပေါ့နော်။ ဒါကြောင့်ကလေးတွေကို ကိုယ်တို့ရုပ်ရှင်ထဲ ရောက်လာစေချင်တယ်။ အဲ့ကြောင့် ကြိုးစားကြပါလို့” ပြောကြားသွား ခဲ့ပါတယ်။ Apannpyay ချစ်ပရိသတ်ကြီးလည်း ရုပ်ရှင်မင်းသား မင်းဦးကိုတော့ ကြိုက်နှစ်သက်ကြမယ် ထင်ပါတယ်။ အိုက်တင်လုပ်တဲ့ အချိန်မှာတောင် တကယ်ထိမိခိုက်မိပေမယ့်လည်းအိုက်တင် မပျက်သွားအောင် လုပ်နိုင်တာကတော့ တကယ့်ကို ချီးကျူးစရာပါပဲ။

KT (ApannPyay)